RSS

Monthly Archives: December 2010

Cartoon Maung Yit – 2011 NEW YEAR CARTOON


https://moemaka.files.wordpress.com/2010/12/yit-2011a.jpg?w=300
ကာတွန်းမောင်ရစ် – We Won, We Won, We Won, We Won ( 1.1.11), How about in 2011?
January 1, 2011
 
Leave a comment

Posted by on December 31, 2010 in Cartoon Box, Maung Yit

 

2011 Message from Suu


ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၁ နှုတ်ခွန်းဆက်သ၀ဏ်လွှာ

မိုးမခဓာတ်ပုံသတင်း

ဒီဇင်ဘာ ၃၁၊ ၂၀၁၀

(ဖေ့စ်ဘွတ်တွင် တင်ဆက်ထားသည်မှ နှင့် မြတ်လေးငုံဘလော့ဂ်က ယူပါတယ်)

နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ချိန်တွင် ကျွန်မ၏ နိုင်ငံရေးဘဝ ဖြတ်သန်းမှုကို ပြန်လည် သုံးသပ်ကြည့်သောအခါ.. ပြည်သူလူထု၏ ဒီမိုကရေစီနှင့် လူအခွင့်အရေးအတွက် ကြိုးပမ်းသည့်ကာလ၊ နေအိမ်အကျယ်ချုပ် ကျခံသည့်ကာလ၊ ပြန်လည် လွတ်မြောက်လာသည့်ကာလ ဟူ၍ ကာလသုံးပါးကို တွေ့မြင်ရပါသည်.။ Read the rest of this entry »

 
Leave a comment

Posted by on December 31, 2010 in News in Photos

 

Myo Myint Cho – Me and Nyo Mya – Interogated


ကျနော်နှင့် ညိုမြ

မျိုးမြင့်ချို

ဒီဇင်ဘာ ၃၁၊ ၂၀၁၀

ဦးညိုမြ လက်ဘက်ရည်ဆိုင်ထိုင်လေ့ရှိမရှိနှင့် လက်ဘက်ရည်ကြိုက်မကြိုက်ကို ကျနော် အသေအချာမပြောနိုင်ပါ။ သူနှင့်ရင်းနှီး ကျွမ်းဝင်ဖို့မဆိုနှင့် လူချင်းတောင်တခါမှမတွေ့ဖူးပါ။ သြော် … ဒါဆိ … ဦးညိုမြကိုများ “ကျနော်နှင့်ညိုမြ” ဆိုတဲ့ခေါင်းစဉ်နဲ့  နင်တလုံး ငါတလုံး ပြောရအောင်မင်းကဘာကောင်မို့လို့လဲ စသဖြင့်.. ထင်စရာရှိပါသည်။ တကယ်တော့ ကျနော် သူနှင့် အမှန်ပင် အဆက်အစပ် အပတ်အသက်ရှိခဲ့ဖူးပါသည်။

ဒုတိယအကြိမ် ရေကြည်အိုင်ကိုပြန်ရောက်တော့ ၄၈၂၈ အမှုတွဲများတွင် ကျနော်က နောက်ဆုံးအဖမ်းခံရသူဟု ထင်မိပါခဲ့သည်။ သို့သော် ထိုအထင်မမှန်ကြောင်းကို ကိုဗေဒါ (ခေါ်) ကိုမောင်မောင်အေးနှင့် အဖမ်းခံရက်တွေအကြောင်း စကားစပ်မိတော့မှ  သိလိုက်ရပါသည်။ ထားတော့။ ကျနော်ပြောချင်သည်က အဖမ်းခံရစောခြင်း/နောက် ကျခြင်းအကြောင်းမဟုတ်ပါ။ ညိုမြ အကြောင်းဖြစ်ပါသည်။ Read the rest of this entry »

 
Leave a comment

Posted by on December 31, 2010 in Memories

 

Than Myint Aung – Sun Set Villa for the Burmese Aged


ရင်ထဲကဆည်းဆာရိပ်

သန်းမြင့်အောင်

ဒီဇင်ဘာ ၃၁၊ ၂၀၁၀

နှင်းဆီအိမ်ဆိုတဲ့ ခြံတခါးဝကဆိုင်းဘုတ်ကလေးကိုမြင်လိုက်တာနဲ့

“ပြင်ဦးလွင်မြို့ကိုရောက်ရင်တခြားဘာမှမလုပ်နဲ့ ဆည်းဆာရိပ်အကြောင်း ကို အရင်ရေးဟာ။ အဲဒီဆောင်းပါး မရေးဖြစ်မချင်း ညီမ မပြန်နဲ့”

ဆိုတဲ့ မမဝင်း(ဆရာမကြီးဒေါ်ကလျာ)ရဲ့စကားကို ဖျတ်ကနဲ သတိရ လိုက်ပါတယ်။

ကွှန်မက အစ်မကြီးတွေ မမဦး(ဆရာမကြီး ဒေါ်ခင်ဆွေဦး) မမဝင်းကို ဇူလိုင်လမှာပြင်ဦးလွင်မြို့ကို လိုက်ပို့ပေးမယ်ဆိုတဲ့ ကတိအတိုင်း ခုတော့ရောက်ခဲ့ပါပြီ။ မန္တလေးနဲ့ပြင်ဦးလွင်မြို့ လာစရာကိစ္စတွေကလည်း သုံးမျိုးထက်မနည်းရှိနေလေတော့ တစ်ချက်ခုတ် လေးချက်ပြတ်လို့ပဲ ပြောရလေမလားဘဲ။ Read the rest of this entry »

 
Leave a comment

Posted by on December 31, 2010 in Contemporary Experience

 

Pann Thee – Joke of Life 5


ကျနော်တို့ဘ၀ အမှတ်တရဟာသများ – ၅

ပန်းသီး

ဒီဇင်ဘာ ၃၀၊ ၂၀၁၀

ကျနော်တို့ ဗီယက်နမ်ကိုသွားတုန်းက အမှတ်တရလေးပေါ့။ ဗီယက်နမ်ကိုရောက်တော့ ည(၁၀) လောက်ရှိပြီလေ။ ပင်ပန်းနေပြီဆိုတော့ ညစာထမင်းမစားတော့ဘဲ အိပ်တော့မယ်ဆိုပြီး အဖွဲ့သားတွေတညီတညာထဲဆုံးဖြတ်ကြတယ်လေ။

ဒါပေမယ့် ကျနော်စိတ်ထဲမှာ မနက်စာကျွေးတဲ့အချိန်မှာ အဖွဲ့သားတွေကိုကြွားဖို့ဆိုပြီး အကြံစည်တခုကြံစည်ခဲ့တယ်။ Read the rest of this entry »

 
Leave a comment

Posted by on December 31, 2010 in Lighter Side

 

journal pieces on Dec 31


နန်းဆုရတီစိမ်း အမျိုးသမီးသတင်းထောက်
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၃၁၊ ၂၀၁၀

 

Envoy ဂျာနယ် (ဒီဇင်ဘာ ၃၀)

အမျိုးသမီးသတင်းထောက်
မြန်မာပြည်မှာ ဟိုတုန်းက သတင်းထောက်ဆိုတာ ယောင်္ကျားအလုပ်လို့ သတ်မှတ်ခံရမတတ် အမျိုးသား သတင်းထောက်တွေ လွှမ်းမိုးခဲ့တယ်..။ ခုတော့ စနစ်ကသာ မပြောင်းတာ.. ခေတ်က ပြောင်းလို့မို့ အမျိုးသမီးသတင်းထောက်တွေ ဂျင်းဘောင်းဘီဝတ်လို့ သတင်း လိုက်လာကြတယ်..။ ကောင်းတဲ့ အလားအလာ ပါဘဲ.. ထက်ထက်မိုးဦးနဲ့ မတိုးရင်ပေါ့။ Read the rest of this entry »

 
Leave a comment

Posted by on December 31, 2010 in Journal Digest

 

The New Year Present


အကြမ်းဖက်ဝါဒ လက်ဆောင်ပို့ခြင်း
အောင်ဒင်
ဒီဇင်ဘာ ၃၁၊ ၂၀၁၀

လမ်းမတွေက
မရှင်းလင်းရသေးတဲ့ နှင်းတွေနဲ့
အဖြူတဝက် အနက်တဝက်
ကားတွေက ခက်ခက်ခဲခဲရွေ့မျော
အမြဲတမ်း ခြောက်သွေ့မှုံမှိုင်းနေတဲ့ ကွန်ကရစ်တောအုပ်ကြီးထဲ
ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ ပန်းသီးတွေ သန်းပေါင်းများစွာ။ Read the rest of this entry »

 
Leave a comment

Posted by on December 31, 2010 in poem