RSS

Monthly Archives: January 2011

Cartoon Saw Ngo – General’s Parliament


ကာတွန်း စောငို – တံခါးပိတ် လွှတ်တော်
ဇန်နဝါရီ ၃၁၊ ၂၀၁၁
Advertisements
 
Leave a comment

Posted by on January 31, 2011 in Cartoon Box, Saw Ngo

 

30th Jan 2011 – MoeMaKa Radio


 

ဇန်နဝါရီ ၃၀၊ ၂၀၁၁ – မိုးမခ ရေဒီယို

 

ရေကြည်ချမ်းမြ – ဦးပန်တျာ

သတင်းတိုထွာ၊ သီချင်းပဒေသာ

သမတလောင်း သူရရွှေမန်း ရုပ်ပုံလွှာ – ဧရာဝတီ

ဂုဏ်ယူစရာဗျား ဘားမား သြစတြေးလျား၊ ဒေါ်အောင်ဆန်းစုကြည်စကား – အာရ်အက်ဖ်အေ

မြန်မာ့အသံသို့ ပေးပို့ဝေဖန်စာ

စစ်အာဏာရှင်တို့ သွေးထိုးစမ်းမှု အထွေထွေ – မောင်ရစ်၊ မိုးမခ

ဇာဂနာရွှေရတုမွေးနေ့ ဂုဏ်ပြုအစီအစဉ်များ

၁။ ဇာဂနာဆိုတဲ့ တေး

၂။ သီးလေးသီး အငြိမ့်ကဗျာ

၃။ မာမာအေး ကဗျာ – မိုးမခ

ရှင်တို့ယောက်ျား၊ ကျမမှာ မိန်းမသား – ဒေါက်တာ မြင့်ထွန်း အီးလ်မေး

အထူးကဏ္ဍ – ဝတ္ထုသီချင်း နိဂုံး

ပုဂံမြို့သူ – မောင်သိန်းဆိုင်

ပုဂံအလှရှာတော်ပုံ – ဦးပန်တျာ

 

စီစဉ်သူများ – ဦးပန်တျာ၊ သံစဉ်ရတနာ၊ နန်းဖောဆေးဝါး၊ နှင်းမြတ်ခိုင်

 

 
Leave a comment

Posted by on January 31, 2011 in Radio Program

 

Friends of MoeMaKa Media 2011 Award goes to 600 Political Prisoners


၂၀၁၁ အတွက် မိုးမခမိတ်ဆွေများ ဆု = အင်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ၆၀၀

မိုးမခ

ဇန်န၀ါရီ ၃၀၊ ၂၀၁၁

၂၀၁၁ ခုနှစ် နှစ်သစ် မိုးမခမိတ်ဆွေများ (မိုးမခချစ်သူများ) ဆု ထုတ်ပြန်ဖို့ စဉ်းစားနေခဲ့ကြပါတယ်။ ၂၀၁၁ နှစ်သစ်မှာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံကို ဦးဆောင်မှုပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် နဲ့ ဦးတင်ဦးတို့နဲ့ တကွသော အင်န်အယ်ဒီပါတီရဲ့ လှုပ်ရှားမှု၊ တောင်းဆိုမှုတွေကို အခြေခံပြီးတော့ သင့်တော်မည့် လှုပ်ရှားမှုတခုအဖြစ် ဆောင်ရွက်ဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။

သည်နှစ်အတွက် မိုးမခမိတ်ဆွေများဆုကို အင်န်အယ်ဒီ လူမှုထောက်ကူအဖွဲ့က တာဝန်ယူ ထောက်ကူမှုပေးနေတဲ့ အားပေးကူညီနေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ၆၀၀ စလုံးကို ပေးဖို့ သဘောထားထုတ်ပြန်လိုပါတယ်။ မိုးမခရဲ့ ရန်ပုံငွေထဲကနေ အင်န်အယ်ဒီက စာရင်းပြုစုကူညီနေတဲ့ အကျဉ်းသား ၆၀၀ ဦးစလုံးကို တဦးလျင် ၁ ဒေါ်လာနှုန်းနဲ့ ဒေါ်လာ ၆၀၀ ကမကထပြုပြီး ဂုဏ်ပြုကြမယ်လို့ ဆုံးဖြတ်ပါတယ်။ အဲသည် ဂုဏ်ပြူမှုကို သဘောကျလို့ မိုးမခရဲ့ မိတ်ဆွေတွေ၊ အလှူရှင်တွေကလည်း ၀ိုင်းပြီး တကျပ် တပြား ထည့်ဝင်ကြမယ် ဆိုရင် အဲသည် အလှူငွေတွေကို တစုတဝေးတည်း စုပေါင်းလို့ အင်န်အယ်ဒီပါတီရဲ့ နိုင်ငံရေးအကျဉ်းသားများကို ထောက်ကူနေတဲ့အဖွဲ့ကနေတဆင့် ဂုဏ်ပြု ချီးမြှင့်လိုက်မှာ ဖြစ်ပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on January 31, 2011 in About MoeMaKa

 

NLD launched its own official website – NLDBurma.org


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဝက်ဆိုက်လွှင့်တင်

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇန်န၀ါရီ ၃၀ ၂၀၁၁

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏  ပထမဆုံးကိုယ်ပိုင် ဝက်ဆိုက်ကို ယနေ့ညနေတွင် လွှင့်တင်ခဲ့သည်ဟု ရန်ကုန်မြို့မှ အင်တာနက်သုံးစွဲသူများ၏ ပြောဆိုချက်အရ သိရှိရပါတယ်။  ဝက်ဆိုက်လိပ်စာမှာ www.nldburma.org ဖြစ်ပြီး မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လွှင့်တင်ထားသည်ကို တွေ့ရပါတယ်။ မြန်မာလိပ်စာမှာ Burmese.NLDBurma.org လို့ ဆိုပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on January 31, 2011 in Local News Headlines

 

Maung Mic Khe Sein – The old game theories for Maung Ba Chit


https://moemaka.files.wordpress.com/2010/12/checkmate.jpg?w=300

မောင်ဘချစ်အတွက် ဂိမ်းအဟောင်းများ

မောင်မိုက်ခဲစိန်

ဇန်န၀ါရီ ၃၀၊ ၂၀၁၁

လွန်ခဲ့တဲ့ ဒီဇင်ဘာမှာတုန်းက မိုးမခမှာ သရော်စာပြောင်အရေးကောင်းသူ မောင်ဘချစ်တယောက် အာဏာရှင်ဂိမ်းသီအိုရီ နိဒါန်းကို ရေးသွားတယ်။ သည်နေရာမှာ ပြန်ဖတ်နိုင်ပါတယ်။ နောက်ပိုင်း သူပဲ ဆက်ပြီး စာကိုယ်တွေ၊ အခန်းဆက်တွေများ ရေးလေမလား ရယ်လို့ စောင့်ရင်းနဲ့ နှစ်သာ ကူးသွားတယ်၊ မောင်ဘချစ်လည်း စာမရေးဖြစ်တော့ဘူး။ လွှတ်တော်ကြီး တက်ဖို့ကလည်း နီးလာပြီ၊ တိုင်းပြည်အရေးမှာလည်း ပြောဟယ် ဆိုဟယ် တွေ တားဟယ် မြစ်ဟယ် ကန့်သတ်တာတွေ ဖြစ်လာနေတယ်။ တခါးတွေမှာ မပွင့်စေချင်တာတွေက ပွင့်ပြီး ပွင့်စေချင်တာတွေက ပိတ်နေတုန်းပဲ။ သည်တော့ မောင်ဘချစ် ရေးခဲ့သလို အာဏာရှင်သက်ဇိုးရှည်စေတဲ့ ဂိမ်းသီအိုရီတွေ စဉ်းစားမိသမျှချရေးလိုက်တယ်။ Read the rest of this entry »

 
Leave a comment

Posted by on January 30, 2011 in Op-Ed

 

Letters from Michigan – 52


မစ်ရှီဂန်ကပေးတဲ့ စာ(၅၂)
အောင်ဝေး
ဇန်န၀ါရီ ၃၀၊ ၂၀၁၁ 

ဒီဆောင်းပါးမှာ-ပြည်ပရောက် ထေရ၀ါဒ ဗုဒ္ဒဘာသာ မြန်မာရဟန်းသံဃာတော်တွေနဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး၊ မြန်မာ့ ဒီမိုကရေစီ အရေးတွေ ဘယ်လို ဆက်စပ် နှီးနွှယ်နေတယ် ဆိုတာကို တင်ပြထားပါတယ်။

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစဗျာ။ ဒီတခါတော့၊ အေဒီ ၂၀၁၁ရဲ့ပထမဦးဆုံးနေ့၊ ဇန်န၀ါရီလ(၁) ရက်နေ့မှာ ကျနော်တို့တွေ၊ ရေခြားမြေခြား တိုင်းတပါးမှာ၊ မြန်မာဆန်ဆန် နှစ်သစ်ကူးခဲ့ပုံကလေး ပြောပြချင်ပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on January 30, 2011 in Aung Wa - Letters from Michigan

 

Mar Mar Aye – 365


“ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ်” အမှတ် (၃၆၅)
သူငယ်ချင်းတွေ ဌေးဌေးမြင့်
မာမာအေး
ဇန်န၀ါရီ ၃၀၊ ၂၀၁၁

မူရင်း အသံလွှင့် ဆောင်းပါးကို ဤနေရာ http://www.bbc.co.uk/burmese တွင် နားဆင်ပါ

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် –
မာအေးချစ်တဲ့ သောတရှင် တေးဂီတ ဝါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ ပြီးသွားတဲ့ မာအေးရဲ့ အစီအစဉ်တွေဟာ ကိုယ်နဲ့ အသံလွှင့်ဖို့ လွဲသွားတဲ့ “ချစ်သူ့ပြောသံ” သီချင်း ကြောင့် နွယ်ပြီး ပြောပြခဲ့တာတွေပါဘဲ၊ မာအေးရဲ့ ချစ်ပရိတ်သတ်တွေဟာလဲ ကံကောင်းတယ်။ ပြောပြချင်တဲ့သီချင်းသံ အမှန်တွေ ရောက်လာတတ်လို့ ပြောမိတဲ့အတိုင်း ဌေးဌေးမြင့် အသံကလေးနဲ့ ဆိုထားတဲ့ “ချစ်သူ့ပြောသံ” ရပြီရှင့်—။ သူ့သီချင်းလေး သူ့အသံလေး ကြားဖြစ်အောင် နားထောင်ပါအုံး၊ နောက်ဆုံး တပိုဒ်လောက်ပါဘဲ၊ အချိန် မရနိုင်တာကိုတော့ ခွင့်လွှတ်ပေါ့။ Read the rest of this entry »
 
Leave a comment

Posted by on January 30, 2011 in Mar Mar Aye