RSS

Monthly Archives: February 2011

Letters from Michigan – 56


မစ်ရှီဂန်ကပေးတဲ့စာ (၅၆)
အောင်ဝေး
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့မာကြပါရဲ့လားဗျာ။ အရင်တပတ်က ကျနော် ဂျီစီဘီအေ မြန်မာ အသင်းချုပ်ကြီးနဲ့ဆရာကြီး သခင်ကိုယ်တော်မှိုင်း အကြောင်း အစချီ ပြောခဲ့တာမို့ အခု တဆက်တည်း သမိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အကွဲအပြဲတွေ၊ မညီညွတ်မှုတွေ၊ ကျနော့်ခေါင်းထဲ ပေါ်လာတာကို ပြောကြည့်ချင်တယ်ဗျာ။

ခုတလော၊ ပြည်သူလူထုတွေထဲကနေပြီး ပြည်တွင်းရော၊ ပြည်ပကပါ ဆိုပါတော့၊ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်တည်ပြီး မေးကြပြောကြတဲ့ စကားတွေထဲမှာ မြန်မာ့ဒီမိုကရေစီ ဘက်တော်သားတွေ မညီညွတ်ကြဘူး ဆိုတဲ့ ကိစ္စက၊ ထိပ်တန်းက အမြဲ ပါပါနေတာ သတိထားမိတယ် ကိုဒေါင်း။

သူတို့ပြောသလို ကျနော်တို့ မြန်မာ့ ဒီမိုကရေစီ ဘက်တော်သားတွေ တကယ် မညီနိုင် မညွတ်နိုင် ဖြစ်နေကြလို့လား။ ဒီလိုတော့လည်း ဟုတ်နိုင်မယ် မထင်ဘူး ကိုဒေါင်းရေ။ ကျနော်တို့ မညီညွတ်ရင်၊ ကျနော်တို့ ရှိနေနိုင်ပါဦးမလား။ တဖက်က သမိုင်းရေး အခြေအနေနဲ့ လက်ငင်း ပြဿနာ၊ အခက်အခဲတွေကလည်း ရှိသေးတာ မဟုတ်လား။ တချို့က အဆိုး မြင်ကြတယ်။ Read the rest of this entry »

Advertisements
 
Leave a comment

Posted by on February 28, 2011 in Aung Wa - Letters from Michigan

 

Mar Mar Aye – 369


ပြောစရာတွေလည်း တပုံကြီးရှိသေးတယ် အမှတ် [၃၆၉]

လ တပို့တွဲနဲ့ ထမနဲ
မာမာအေး
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁

 

(မူရင်းအသံလွှင့်ဆောင်းပါးကို ဤနေရာ http://www.bbc.co.uk/burmese/programmes/2011/02/110224_mmaye.shtml တွင် နားဆင်နိုင်သည်)

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့ သောတရှင်တွေ၊ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ဒီကနေ့ ဆောင်းချမ်းမြမြ ဖေဖေါ်ဝါရီလထဲက အကဲပါတဲ့ မာအေးတို့ အမှတ်တရတွေကို လိုလိုလားလား မြန်မာလများမှာ ဘာဖြစ်လို့ မှတ်မထားမိပါလိမ့်လို့ တစိမ့်စိမ့် တွေးနေမိပါတယ်ရှင်။

မြန်မာ ပြက္ခဒိန်မှာက လဆန်းနဲ့ လဆုတ်တို့နဲ့ လမပြည့်မီရက်၊ လပြည့်ပြီး နောက်ရက်ဆိုတာတွေက အမှတ်ရခက်နေလို့များလားပေါ့နော်။ ပြီးတော့ ရက် (၃၀) ပြည့်တဲ့ လနဲ့ (၂၉) ရက်ပဲရှိတဲ့ တလ ခြားတဲ့ ကာလတွေကလည်း၊ ရက်စုံ ရက်မစုံ လင်္ကာလေးလို ပြန်ပြန်ရွတ်မှ သတိရတတ်တာမျိုးလည်း ရှိလို့နေမှာပါ။ ချစ်ဆွေတို့ရော သတိရသေးရဲ့လား။ တန်ခူးရက်မစုံ (၂၉)၊ ကဆုန်ရက်စုံ (၃၀)၊ နယုန်ရက်မစုံ (၂၉)၊ ဝါဆိုရက်စုံ (၃၀)၊ အဲ့ဒါလေးမျိုး မူလတန်းမှာ ဆိုဖူးခဲ့တာဘဲ၊ အဲ… ခေတ်တွေကလဲ ပြောင်း စနစ်တွေကလဲ ဂျောင်းကုန်ကြလေတော့ မာအေးတို့ ခေတ်က သေးသေးမွှားမွှား ကလေးများ မှတ်ရလွယ်စေအောင် အသံထည့်ရွတ် အာဂုံဆောင်စေခဲ့တဲ့ ကဗျာသံလိုလို လင်္ကာသံလိုလို စာချိုချိုလေးတွေ… သြောင်း ဒူဝေဒူဝေ သွားဟုန်ဟုန် ရေစုန်မှာ မျောရှာလေပြီလားမှ မသိဘဲလေ။ ခုနေရာမှာက ခေတ်ရှေ့ပြေးလွန်လွန်းလို့ပါ။ Read the rest of this entry »

 
Leave a comment

Posted by on February 28, 2011 in Mar Mar Aye

 

Interview with U Win Tin – Comparing Egypt and Libya then our Burma


https://moemaka.files.wordpress.com/2010/08/uwintin-interview-book.gif?w=300

အီဂျစ်နဲ့ လစ်ဗျား အာဏာရှင်တို့ဆီက သင်ခန်းစာများနဲ့ မြန်မာပြည်

ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁

သည်တခေါက်မေးချင်တာက ကမ္ဘာမှာ အာဏာရှင်တွေရဲ့ပလ္လင်တွေကို ပြည်သူတွေက ကိုင်လှုပ်နေကြပြီ။ ၂၀၁၁ နှစ်ဆန်းမှာတင် အီဂျစ်ပြည်နဲ့ တူနီးရှားမှာ အာဏာရှင်တို့ ရာထူးက ဆင်းပေးလိုက်ရတယ်။ လက်ရှိမှာ လစ်ဗျားပြည်က ပြည်သူတွေနဲ့ အာဏာရှင် ကဒါဖီတို့ရဲ့ အရေးအခင်း၊ ပဋိပက္ခကို မြင်တွေ့နေကြပြီ ဖြစ်တယ်။ အဲဒါကို မြန်မာပြည်က အာဏာရှင်တွေနဲ့ မြန်မာပြည်သူတွေက ဘယ်လို မြင်သလဲ၊ ဘယ်လို သင်ခန်းစာယူကြသလဲ ဆရာ။

ကမ္ဘာနဲ့အဝှမ်းမှာ လူထုအုံကြွမှုတွေ ဖြစ်နေတယ်။ အခုဆိုရင် အာဏာရှင်သက်တမ်း နှစ် ၄၀ ကျော်ပြီဖြစ်တဲ့ လစ်ဗျားမှာ ဖြစ်နေပြီဆိုတော့ အခြားနိုင်ငံတွေကိုလည်း အနည်းနဲ့အများတော့ ဂယက်ရိုက်ကြမှာပဲဆိုတာ ပြောလို့ ရပါတယ်။ အခြားနိုင်ငံတွေထက်စာရင် အခုလို အာဏာရှင်စနစ်ကို ဖြိုလှဲတယ်၊ ဆန့်ကျင်တယ် ဆိုတဲ့ အသံတွေ မြန်မာနိုင်ငံမှာဆိုရင် ပိုပြီး ကျယ်လောင်နေတယ်၊ ကြားနေရတယ်လို့ ပြောလို့ ရပါတယ်။

အခု အရှေ့အလယ်ပိုင်းပြဿနာတွေကို ခြုံပြီး သုံးသပ်လို့ရှိရင် အာဏာရှင်တွေက မခံနိုင်တော့ဘူး၊ လူတွေကလည်း ဆက်ပြီး သည်းမခံတော့ဘူးဆိုတာ ထင်ရှားလာတဲ့ အခါကျတော့ အာဏာရှင်တွေက နောက်ဆုတ်သွားတယ်၊ တချို့ဆို စင်ပေါ်က ဆင်းသွားတာတွေ တွေ့နေရတယ်။ Read the rest of this entry »

 
Leave a comment

Posted by on February 28, 2011 in Interview, U Win Tin

 

Suu and RFA listeners on Feb 25


“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”

ဘယ်လို ကူရမလဲ၊ ဘယ်နည်းလမ်းနဲ့ သွားမလဲ
RFA
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁

ဆလိုင်းထွန်းသန်း၊ စောလားဘွယ် (DKBA)
ပဒို စောအောင်မော်အေး (KNU)၊ ကိုသံကွန်း
ကိုညီထွဋ်၊ ကိုဂေါ်ဇီလာ
မစုဇင် တို့၏ မေးခွန်းများ
နှင့်
ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများ

(ဖေဖော်ဝါရီ ၂၅၊ ၂၀၁၁ RFA ထုတ်လွှင့်ချက်)

မေးသူ။ ။ ဆလိုင်းထွန်းသန်း

မေးခွန်း။ ။ ကျွန်တော်ကတော့ ဆလိုင်းထွန်းသန်းပါ။ နိုင်ငံတော် အစိုးရက အတင်း ပို့လိုက်လို့ အမေရိကန်ကြီး ဖြစ်နေတဲ့ ဆလိုင်းထွန်းသန်းပေါ့။ နက်ဖြန်သဘက် ဆိုလို့ရှိရင်လည်း ကျွန်တော် (၈၄) နှစ်ထဲ ရောက်တော့မှာပါ။ ကျွန်တော်က ဒီကိုမလာခင် ဘာလုပ်သလဲ ဆိုလို့ရှိရင် ငဖဲမြို့ နယ်ထဲမှာ ပေလေးထောင်လောက် မြင့်တဲ့ တောင်ပေါ်မှာ တောင်ပေါ်ဒေသ ကျေးလက် ဘက်စုံဖွံ့ဖြိုးရေး ဆိုပြီးတော့ ကျွန်တော် လုပ်ခဲ့ပါတယ်။ ဤကဲ့သို့သောလုပ်ငန်း၊ ဒါမှမဟုတ်ရင် အလားတူ လုပ်ငန်းတွေ၊ ဒီတောင်သူလယ်သမားတွေဟာ ခုထက်ထိ အတော်လေးကို ဒုက္ခ ရောက်နေတဲ့ အတွက်ကြောင့် အဲဒါမျိုး လုပ်ငန်းများ လုပ်ဖို့ အစီအစဉ် ရှိသလားလို့ ကျွန်တော် အဲဒါလေး သိချင်ပါတယ်။ တကယ်လို့များ ရှိရင်လည်းပဲ ကျွန်တော်ကတော့ နှုတ်အားဖြင့်ဖြစ်စေ၊ ကူညီစေချင်လို့ရှိရင် ကျွန်တော် ကူညီပါ့မယ်။ Read the rest of this entry »
 
Leave a comment

Posted by on February 28, 2011 in Aung San Suu Kyi

 

Gyaw Dee on 15-Minute Parliament


“၁၅ မိနစ်ပဲ စောင့်”

ဂျော်ဒီး
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁

(cartoon: APK FaceBook)

 

xxx အီ ဂျစ် နဲ့ အင်္ဂလန် xxx နိုင်ငံခြား မောင် သွား ထား လေမလား xxx သူတပါး မကြည့်အောင် xxx

ဂျီးဒေါ် တယောက် အိမ် အလုပ်ကလေးတွေ လုပ်ရင်း ခေတ်ဆွေး သီချင်းလေးတပုဒ် ညည်းနေမိသည်။

ထိုစဉ် တူတော်မောင် သာဂိ ရောက်လာပြီး နားစွန်နားဖျား ကြားလိုက်ရသည့် သီချင်းသံကို နင်းကာ ထင်ရာ စွတ်ပြောလေသည်။

“အီဂျစ် နဲ့ အင်္ဂလန်ကို သွားမနေနဲ့ ဂျီးဒေါ်။ လစ်ဗျားကိုသွား။ ဟားဟား ကဒါဖီက အာဖရိက ကြေးစား စစ်သားတွေ ခေါ်ထားတယ် တဲ့။ လုံခြုံရေး အတွက် ပို စိတ်ချရတယ်။ ဟီးဟီး” Read the rest of this entry »

 
Leave a comment

Posted by on February 28, 2011 in Gyaw Dee, Satire

 

Than Win Hlaing – U Nu (1907 1995)


မြန်မာ့သမိုင်းတကွေ့မှ နိုင်ငံရေးခေါင်းဆောင်များ

ဦးနု (၁၉ဝ၇ – ၁၉၉၅)

သန်းဝင်းလှိုင်

ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁

လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စာရေးဆရာဦးနုကို ၁၉ဝ၇ခု၊ မေလ ၂၅ ရက်၊ စနေနေ့နံနက် (၈)နာရီ၊ ၃၉ မိနစ်၊ ၁၂ စက္ကန့်တွင် ဧရာဝတီတိုင်း မြောင်းမြခရိုင် ဝါးခယ်မမြို့၌ အဖဦးစံထွန်း၊ အမိ ဒေါ်စောခင်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းနှစ်ယောက်တွင် အကြီးဆုံးဖြစ်ပြီး၊ ညီငယ်အမည်မှာ မောင်ဥ ဖြစ်သည်။

၁၉၁၄ ခုနှစ်တွင် ဝါးခယ်မမြို့ အစိုးရအင်္ဂလိပ်မြန်မာနှစ်ဘာသာ စာသင်ကျောင်းတွင် သူငယ်တန်းမှပဉ္စမတန်းအထိ ပညာဆည်းပူးသင်ကြားခဲ့သည်။

ထို့နောက် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာသောအခါ မောင်နုသည် သပိတ်ထဲ၌ ပါဝင်လှုပ်ရှားခဲ့သည်။ ထိုစဉ်ကမောင်နုသည် အသက် ၁၃ နှစ်ရှိပြီး (၇)တန်းကျောင်းသား ဖြစ်သည်။ သပိတ်ကြီးပြီးသွားပြီးနောက် အမျိုးသားပညာရေးစနစ်နှင့် အမျိုးသားကျောင်းများ ပေါ်ပေါက်လာသောအခါ အင်္ဂလိပ်အစိုးရ ဖွင့်လှစ်ခဲ့သော အစိုးရကျောင်းသို့ ပြန်မတက်တော့ဘဲ ဝါးခယ်မမြို့ဘုးရားတဆောင်များ၌ ပထမဆုံး အစိုးအထောက်အပံ့မယူဘဲ ဖွင့်လှစ်သော အမျိုးသားကျောင်းသို့ တက်ရောက်ပြီး ဆဋ္ဌမတန်းမှစ၍ ပညာဆက်လက် သင်ကြားဆည်းပူးခဲ့သည်။ ဆဋ္ဌမတန်း၌ ပညာသင်ကြားနေစဉ် ဝါးခယ်မအမျိုးသားကျောင်းတွင်ဆရာအခက်အခဲရှိနေ၍ ဆရာတဖက်၊ ကျောင်းသားတဖက် ဆောင်ရွက်ခဲ့သည်။ Read the rest of this entry »

 
Leave a comment

Posted by on February 28, 2011 in For the record, Than Win Hlaing

 

Cartoon Saw Ngo – More Tougher Sanction


ကာတွန်း စောငို – အရိုး ကိုက်ရ ကိုက်ရ၊ အရွတ် ဝါးရ ဝါးရ …
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁
 
Leave a comment

Posted by on February 27, 2011 in Cartoon Box, Saw Ngo