RSS

Monthly Archives: March 2011

Cartoon Saw Ngo – Welcome USDP Government


ကာတွန်း စောငို – ကြိုဆိုရမှာပေါ့လေ …
မတ် ၃၁၊ ၂၀၁၁
Advertisements
 
Leave a comment

Posted by on March 31, 2011 in Cartoon Box, Saw Ngo

 

Aung Tha Nge’s poem – 21


 

မှန်အကွဲစတွေပဲ နှင်းတွေလို မှုန်လို့နေရော့ …
အောင်သာငယ်
မတ် ၃၁၊ ၂၀၁၁

ဒဏ်ရာတခုလုံးလုံးကြီး တင်ကျန်ခဲ့ပြီဆိုမှတော့
နာကျင်တာတွေက ဘာထူးဆန်းတော့မလဲ …
မောင်ရင်တို့ …
မယ်မင်းကြီးမတို့ …
သင်တို့တတွေကရော …
ဘယ်လိုသဘောတွေနဲ့ ဘာတွေကို ထပ် မျှော်လင့်ထားနေသေးသတုန်း … Read the rest of this entry »

 
Leave a comment

Posted by on March 31, 2011 in Aung Tha Nge, poem

 

views on recent changes in Burma


မြန်မာပြည် အစိုးရအဖွဲ့ အပြောင်းအလဲကို ဒီလို မြင်ကြတယ်
မတ် ၃၁၊ ၂၀၁၁

ယမန်နေ့က နအဖ စစ်ကောင်စီကို ဖျက်သိမ်းလိုက်သည်။ မကြာသေးမီက စစ်တပ်မှ အစုလိုက်အပြုံလိုက် အငြိမ်းစားယူလိုက်သူများ ပါဝင်သည့် “အရပ်သားအစိုးရ”ကို ဖွဲ့စည်းလိုက်သည်။ သို့သော်လည်း အာဏာကို ချုပ်ကိုင်ထားသည့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတွင် မည်သည့် ရာထူး၊ မည်သည့် တာဝန်များရှိသည်ကို မသိရသေးပေ။ တချိန်တည်းတွင်ပင် သူ၏ ရာထူး “ကာကွယ်ရေးဦးစီးချုပ်” ရာထူးက ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ထံသို့ ရောက်သွားကြောင်း လွှတ်တော်တက်သူများကို ကိုးကားပြီး သတင်းဌာနတို့က ဖော်ပြကြသည်။

ဤအပြောင်းအလဲများနှင့် ပတ်သက်ပြီး ယမန်နေ့က သတင်းဌာနတချို့တွင် ပါရှိသည့် သုံးသပ်ချက်များကို ကူးယူ ဖော်ပြလိုက်သည်။ Read the rest of this entry »

 
Leave a comment

Posted by on March 31, 2011 in Quotable Quotes

 

Ko Mike Sein – MoeMaKa Poll for March 2011


မိုးမခ မတ်လစစ်တမ်း

ကိုမိုက်ခဲစိန်

မတ် ၃၁၊ ၂၀၁၁

မိုးမခက လူတွေက စစ်တမ်း ၄ ခု ထုတ်ပြီး ပျော်တော်ဆက်ကြည့်တယ်။ ပြီးတော့ မဲစာရင်းကို ပို့ပေးပြီးတော့ ရေးစမ်းပါဦးတဲ့။ မိုးမခစစ်တမ်းဆိုတော့ မိုးမခပရိသတ်ရဲ့ သဘောထားပဲ ဖြစ်တယ်။ ပြီးတော့ မြန်မာပြည်တွင်းက စာဖတ်သူတွေရဲ့ သဘောထားတော့ မဖြစ်နိုင်ဘူး။ ပြည်ပရောက် မြန်မာတွေထဲက မိုးမခစာကိုဖတ်တဲ့ ပရိသတ် “ကွက်ကွက်ကလေး”ရဲ့ သဘောဖြစ်တယ်။ ဒါကို မြန်မာပြည်ကြီးက လူတွေသဘောလို့ ၀ါးလုံးနဲ့ ရမ်းလို့တော့ မဖြစ်နိုင်ဘူး။

ဒါ့အပြင် စစ်တမ်းကောက်ချိန်ကလည်း ၂၄ နာရီ လောက်အတွင်းက ပရိသတ်ကို ယူတာဆိုတော့ အချိန်ကို ကန့်ပြီး လျှပ်တပြက်ကောက်တဲ့ သဘောပဲ။ လူဦးရေကလည်း အနည်းဆုံး ၂၀၀ ကနေ ၅၀၀ လောက်ပဲ ရှိတာကို တွေ့ရတယ်။ တခုပဲ ထူးခြားတာက အများစုရဲ့ သဘောနဲ့ အများစုက ဘာတွေလည်းဆိုတာကို ထုတ်ကြည့်တဲ့သဘောဖြစ်တယ် ထင်တယ်။ ဘာကြောင့်ဆိုတော့ မဲတွေက အပြတ်အသတ် ကွာနေတာတွေ ရှိတယ်။ ခန့်မှန်းပြီး ပြောနေကြတဲ့ အချက်တွေကို စစ်တမ်းတခုကနေ အနည်းနဲ့ အများတော့ အတည်ပြုလို့ရတာပေါ့။ Read the rest of this entry »

 
Leave a comment

Posted by on March 31, 2011 in Analysis

 

journal pieces on March 31


၅၀၀ တန် စည်းကမ်း၊ ဧရာဝတီ နဲ့ ငလျင်ကြောင့် ပျက်တဲ့လမ်း
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
မတ် ၃၁၊ ၂၀၁၁

ခုတလော တကယ်ဘဲ မအားလပ်လွန်းလှလို့ ဂျာနယ်တွေကို ဖတ်ဖြစ်သလောက် မညွှန်းဖြစ်။ စိတ်သာရှိပါ၏ လူကမတတ်နိုင်။ ဒါဆိုဘာလို့ရေးနေသေးလဲမေးရင် အသည်းယားလို့၊ မနေနိုင်လို့ မအားလွန်းတဲ့ကြားက တပုဒ်စ နှစ်ပုဒ်စ ရေးမိရပါတယ်။ သည်းခံ ဖတ်ရှုတော်မူကြပါခင်ဗျာ။ စ လိုက်ချင်တာကတော့ ငါးရာတန်စည်းကမ်းအကြောင်းနဲ့ပါ။

၅၀၀ တန် စည်းကမ်း
စီးတော်ကျားလေး လိုင်စင် သက်တမ်းတိုးတယ်၊ သိပ်မကြာခင်ကပါ။ အားကိုးရတဲ့ သူငယ်ချင်းတယောက်နဲ့ သွားကြတယ်။ သက်တမ်းမတိုးမီ သူတပါးထိခိုက်မှုအာမခံ တင်ရပါတယ်။ ကောင်းတဲ့ အလေ့အထလေးမို့ လေးလေးစားစားဘဲ မြို့လယ် ဆူးလေနားက မြန်မာ့အာမခံ ရုံးကို ချီတက်သွားလိုက်တယ်။ အပေါက်ဝမှာ လက်မှတ်ထိုး၊ အပေါ်တက်၊ စည်းနဲ့ကမ်းနဲ့ပေါ့လေ။
Read the rest of this entry »

 
Leave a comment

Posted by on March 31, 2011 in Journal Digest

 

Cartoon Maung Yit – Let’s welcome USDP Government together inside out


ကာတွန်းမောင်ရစ် – ကြံ့ဖွတ်အစိုးရသစ်ကြီးကို ကြိုဆိုကြပါစို့

မတ် ၃၁၊ ၂၀၁၁

 

 
Leave a comment

Posted by on March 31, 2011 in Cartoon Box, Maung Yit

 

Than Win Hlaing – Burma Second President – U Ba Oo


ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီး  ဒေါက်တာဘဦး

သန်းဝင်းလှိုင်

မတ် ၃၁၊ ၂၀၁၁

၁၉၅၂ ခုနှစ် မတ်လ၃ရက်မှ ၂၁ နေ့အထိ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါလီမန် ပြည်သူ့လွှတ်တော်ညီလာခံ ပထမအကြိမ်အစည်းအဝေးကို ကျင်းပနေစဉ်၌ မတ်လ ၁၂ ရက် နေ့ တွင် ပြည်သူု့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်နှစ်ရပ်တွဲဖက် ညီလာခံမှ နိုင်ငံတော် တရား ရေး ၀န်ကြီးချုပ်ဟောင်းဒေါက်တာဘဦးအား ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ အဖြစ် ရွေးကောက်တင်မြောက်ခဲ့ကြည်။ သို့ဖြင့် မတ်လ ၁၃ရက်နေ့တွင်ပြည်သူ့လွတ်တော်အစည်း အဝေးခန်းမ ကြီး၌ ဒေါက်တာဘဦးသည် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည့်အခမ်းအနားကို ကျင်းပခဲ့သည်။ ယင်းနေ့၌ပင် နိုင်ငံတော် သမ္မတကြီးအဖြစ် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၅ ရက်မှ ၁၉၅၂ ခုနှစ်မတ်လ ၁၂ ရက်နေ့ အထိ ထမ်းရွက်ခဲ့သော သမ္မတဟောင်း ညောင်ရွှေ စော်ဘွားကြီး စ၀်ရွှေသိုက်အား လူမျိုးစုလွှတ်တော် နယက အဖြစ် ရွှေးကောက်တင်မြောက်ခဲ့ကြသည်။ Read the rest of this entry »

 
Leave a comment

Posted by on March 31, 2011 in For the record, Than Win Hlaing