RSS

Monthly Archives: May 2011

Maung Yit – Internet Activism in Burma and Challenges



မြန်မာပြည်က အင်တာနက်ထကြွ လှုံ့ဆော်မှု နဲ့ စိန်ခေါ်မှုများ

မောင်ရစ်

မေ ၃၁၊ ၂၀၁၁

(သတင်းအင်တာဗျူးတခုအတွက် ပြင်ဆက်ထားတဲ့ အင်္ဂလိပ်ဘာသာစာတန်းကို မြန်မာဘာသာအဖြစ် ပြန်လည်တင်ဆက်လိုက်ပါတယ်)

 မြန်မာပြည်မိတ်ဆက်

မြန်မာပြည်ဟာ လူဦးရေ ၅၆ သန်း၊ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်နဲ့ အဖိနှိပ်ဆုံး၊ အနှိပ်စက်ဆုံးနဲ့ အဆင်းရဲဆုံး တိုင်းပြည်ဖြစ်ပါတယ်။ အကြမ်းမဖက်တဲ့နည်းကို ကိုင်စွဲပြီးတော့ မိမိယုံကြည်ချက်တွေကို ဖော်ထုတ်ခြင်း၊ ကျင့်ကြံခြင်းတို့တွေ ဆောင်ရွက်တဲ့ဆီမှာ စစ်အာဏာပိုင်တွေနဲ့ သဘောထားခြင်း မတူညီတာနဲ့တင်ကို ထောင်ချတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ အစီရင်ခံစာများရဲ့ ထုတ်ပြန်ချက်များအရ မြန်မာပြည်ဟာ ကမ္ဘာမှာ စာနယ်ဇင်း လွတ်လပ်ခွင့် အနိမ့်ဆုံးတိုင်းပြည် ဖြစ်တယ်။ ကမ္ဘာမှာ ဘလော့ဂါတွေ၊ စာနယ်ဇင်းသမားတွေကို ထောင်အချဆုံး တိုင်းပြည်ဖြစ်ပါတယ်။

ဥပမာအားဖြင့် – ကိုနေဖုန်းလတ်ကို ၂၀၀၈ ကတည်းက ထောင် ၁၂ နှစ်၊ ကိုသက်ဇော်ကို ၂၀၀၇ ကတည်း ထောင် ၆၅ နှစ်၊ ကိုဇာဂနာ ၂၀၀၈ ထောင် ၃၅ နှစ်၊ ကိုသားကြီးမောင်ဇေယျနဲ့ သား စည်သူဇေယျ ၂၀၁၀ ခုနှစ်၊ ထောင် ၁၃ နှစ်နဲ့ ၈ နှစ် အသီးသီး ပြီးတော့ ကိုနေမျိုးဇင်၊ ၂၀၁၁ မှာ ဖမ်းဆီးချုပ်နှောင်ခံရဆဲ ထောင်မချသေးတို့ ဖြစ်ပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on May 31, 2011 in Analysis, Maung Yit

 

Maung Lwan Ni – Sugar coated troubles (10)


ဒုက္ခကို ပျားရည်ဆမ်း၍ – ၁၀

မောင်လွမ်းဏီ

မေ ၃၁၊ ၂၀၁၁

အာအက်ဖ်အေ သောတရှင်များ ခင်ဗျား

ကောက်နံ့လှိုင်နေတဲ့ ရိုးပြတ်ခင်းတွေရဲ့ ညီညာပြန့်ပြူးတဲ့ ကွင်းပြောင်ကြီးတွေထဲမှာ ကောက်ရိုးပုံကြီးတွေက ဟီးထမို့မောက်နေတာ တွေ့မြင်နိုင်ပါတယ်။ ရိုးပြတ်လယ်ကွင်းတွေက တမျှော်တခေါ် မျက်စေ့တဆုံး၊ ဟို့အဝေးမှာက ဆောင်းမြူလွှမ်းခြုံနေတဲ့ တောင်တန်းမှိုင်းမှိုင်း။ ပြောက်တိပြောက်ကျား ဆောက်လုပ်ထားတဲ့ လူနေတိုက်တာ ဖြူဖြူမြင့်မြင့်တွေနဲ့ အုတ်မိုးနီညိုရောင်တွေက ရိုးပြတ်ကွင်းတွေရဲ့ မနီးမဝေးတွေမှာ ထီးထီးမားမား။ ဆရာ ဒဂုန်တာရာ ရေးသားဖွဲ့သီခဲ့ဖူးတဲ့ စက်ရုံကျေးလက်ကဗျာ ရုပ်ပုံလွှာကို ပြန်ပြောင်းခံစားရမိသလိုပါပဲ။

ခြောက်သွေ့တင်းမာနေတဲ့ လယ်ကန်သင်းရိုးဘေးက ယာယီကားလမ်းလေးကတော့ ကောက်ကောက်ကွေ့ကွေ့နဲ့ပေါ့။ ကားလမ်းဆိုပေမယ့် ခါတော်မီ ထော်လာဂျီလမ်းလေးလို့ပြောရင် ရပါလိမ့်မယ်။ ခြွေထားတဲ့ စပါးပုံတွေကို အမိုးအကာအောက်ရောက်အောင်  ထော်လာဂျီကားလေးတွေက သယ်ဆောင်မောင်းနှင်တဲ့ လမ်းကလေးမဟုတ်လား။ Read the rest of this entry »

 

Daw Khin Hnin Yuu – Maung Swan Yi


ဒေါ်ခင်နှင်းယု (ခင်မင်ရပါတဲ့ မမစု)
မောင်စွမ်းရည်
မေ ၃၀၊ ၂၀၁၁

ခုတလော ၀တ္ထုတွေဖတ်ရတာ အားမရလှပါဘူး။ ၀တ္တုအသစ်တွေလဲ သိပ်မထွက်လှပါဘူး။ ထွက်သမျှကလဲ သိပ်ပြီးခံတွင်းမတွေ့လှပါဘူး။ စာပေဆုရ၀တ္တုတွေကလဲ သိပ်မဟန်ဘူး။ တချို့ကလဲ စာပေလွတ်လပ်ခွင့်မရှိတာကိုပဲ ဆင်ခြေပေးလား ပေးကြရဲ့။ ဒါပေမယ့် ‘‘မစွမ်းရင်းကလဲရှိ ကန်းစွန်းခင်းကလည်းငြိ’’ ဆိုတဲ့စကားလိုပဲ ကိုယ်စွမ်းကိုယ်စနည်းတာလဲ ပါမှာပေါ့။

ပြည်မပမှာ လွတ်လပ်နေတဲ့လူက ကိုယ်ချင်းမစာပြောတာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကဗျာဆရာတွေက တော်တော်လေး ပရိယာယ်ကြွယ်တာကို သတိပြုမိပါတယ်။ ပရိယာယ်ကြွယ် လွန်းတော့ ပဟေဠိဖက်ပြီး စကားထာဝှက်သလို ဖြစ်နေတာတွေလဲ ရှိရဲ့ပေါ့။ ဒါပေမယ့် ကျနော်တို့ နည်းရှာကြရမှာပေါ့။ မနှစ်တုန်းကတော့ ခင်ခင်ထူးရဲ့ ‘‘မအိမ်ကံ’’ ၀တ္တုကို ဖတ်လိုက်ရတော့ အတော်လေး သဘောကျမိလိုက်ရဲ့။ သူ့ဘ၀ သူထင်ဟပ်တာဖြစ်မယ် ထင်ပါတယ်။ အညာကျေးလက် အထက်တန်းလွှာရဲ့ဘ၀ကို ထပ်ဟပ်ထားတာပါ။ အထူးသဖြင့်တော့ ဝေါဟာရကြွယ်တာကို သတိထားလိုက်မိပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on May 30, 2011 in Maung Swan Yi, Memories

 

29th May 2011 – MoeMaKa Radio


 

မေ ၂၉ ၊ ၂၀၁၁ – မိုးမခရေဒီယို

ဖန်တီးသူတို့အပြုံးများ – ဂီတလုလင် မောင်ကိုကို

သတင်းတိုထွာ၊ သီချင်းပဒေသာ

၁၉ ၉ ၀ ရွေးကောက်ပွဲနဲ့ မြန်မာသံရုံးများအပေါ် ဒေါ်အောင်ဆန်းစုကြည်သဘောထား၊

မောင်စွမ်းရည်ကဗျာ – မိုးမခ၊ ဗီအိုအေ၊ ရွှေနန္ဒအီးမေး

ဇာဂနာဆုရသတင်းနဲ့ ဇာဂနာသီချင်း

မဂ္ဂဇင်း ဂျာနယ် ထုတ်ဝေရေးနဲ့ တီးတိုးငွေကြေး – မဇ္ဈိမ

သြစတြေးလျနိုင်ငံရောက် မလေးရှားဒုက္ခသည်များအရေး

အဓမ္မကြပ်ပြေးနေပြည်တော် မင်တြားကြီးကြောက်စာ – ဂျော်ဒီး၊ မိုးမခ

ဓမ္မဂီတပူဇော်သူများအတွက် သီတဂူဆရာတော်စကားမှတ်သားစရာ – ၂၀၀၈ နာဂစ်ရေဘေးအလှူ၊ ဆစ်ဒနီ

စီစဉ်သူများ – ဦးပန်တျာ၊ နန်းဖောဆေးဝါး

 
Leave a comment

Posted by on May 30, 2011 in Radio Program

 

Kyaw Thu – FFSS Yangon Activity (29th May 2011)


ဘုရားသော်မှ ငြင်းမရ

ကျော်သူ

မေ ၃၀၊ ၂၀၁၁

၂၉.၅.၂၀၁၁ တနင်္ဂနွေနေ့ နေ့လည် ၁း၀၀ နာရီအချိန်တွင် သာကေတမြို့နယ်၊ ဇိနမာရ်အောင် စေတီတော်အနီးရှိ ဗဟိုရ်စည်ကျောင်း၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ သက်တော် ၆၉ နှစ်၊ ဝါတော် ၄၉ ဝါ၏ အန္တိမဈာပန အခမ်းအနားကျင်းပရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများသည် ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသော နိဗ္ဗာန်အထူးယာဉ်ကြီးဖြင့် သွားရောက်၍ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ပင့်ဆောင်ကာ ရေဝေးသုဿန်သို့ သယ်ဆောင်ကူညီ ဖေးမခဲ့ကြသည်။ Read the rest of this entry »

 
 

Cartoon Saw Ngo – Daw suu will soon travel to areas outside Rangoon


ကာတွန်း စောငို – ခရီးထွက်မယ်
မေ ၃၀၊ ၂၀၁၁
 
Leave a comment

Posted by on May 30, 2011 in Cartoon Box, Saw Ngo

 

Shwe Zigwe – Beauty of oneself


ခန္ဓာများနဲ့ ကျွန်မ

ရွှေဇီးကွက်

မေ ၃၀၊ ၂၀၁၁

မိန်းမချော မိန်းမလှစာရင်းထဲမှာ ကျွန်မ မပါပါ။ မျက်နှာပေါက် မလှသလို ကိုယ်လုံးကိုယ်ပေါက်ကလည်း ကြည့်မကောင်းပါ။ ဒါပေမယ့် မိန်းမသားစစ်စစ်လည်းဖြစ်၊ ပုထုဇဉ် စစ်စစ်လည်းဖြစ်တဲ့ကျွန်မ အလွန်ပဲ လှချင်ပချင် ခဲ့ပါတယ်။ မိန်းကလေးများ လှချင်ပချင်လာတတ်ကြတဲ့ ဆယ်ကျော်သက်အရွယ်ကစပြီး ကျွန်မကိုယ် ကျွန်မ လှအောင်ပအောင် အမျိုးမျိုး ကြိုးစားပြင်ဆင်ခဲ့ပါသည်။

အိမ်ထောင်ကျပြီးမှ ပိုဆိုးလာပါတယ်။ ကျွန်မရဲ့ အိမ်ထောင်ဘက်ဟာ အချောဆုံး၊ အလှဆုံးဆိုတဲ့ မင်းသမီးတွေနဲ့ တွဲဖက် သရုပ်ဆောင်နေရတဲ့ နှုတ်ခမ်းနီ၊ ပါးနီမလေးတွေရဲ့ အသည်းစွဲဖြစ်တဲ့ နိုင်ငံကျော်သရုပ်ဆောင်တဦးဖြစ်လာတော့ ကျွန်မလည်း ကျွန်မရဲ့အိမ်ထောင်ဖက်နဲ့ လိုက်ဖက်ညီအောင် ပိုပြီးလှချင်ပချင်ခဲ့ပါတယ်။ ကလေးနှစ်ယောက် မိခင်တဦးအနေနဲ့ ပုံပျက်ပန်းပျက် ဖြစ်မသွားအောင် ကျွန်မကိုယ် ကျွန်မ အထူးဂရုစိုက်ပြုပြင်ခဲ့ပါတယ်။

ကျန်းမာရေး အကြောင်းပြပြီး နဂိုထဲက ကြည့်မကောင်းတဲ့ ကိုယ်ခန္ဓာကို ကြည့်ကောင်းအောင်လို့ ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်ရတာလဲ အမောပါပဲ။ အစားအသောက်ကိုလည်း သင့်တင့်မျှတအောင် သတိထားပြီး ကြိုးစား စားသောက်ရတာလည်း တာဝန်ကြီးတခုပါပဲ။ ကိုယ်နဲ့လိုက်ဖက်မယ့်၊ ကြည့်ကောင်းမယ်ထင်တဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေ၊ အသုံးအဆောင်တွေအတွက် ကြောင့်ကြအားစိုက်ခဲ့ရတာလည်း မသက်သာပါဘူး။ Read the rest of this entry »

 
Leave a comment

Posted by on May 29, 2011 in Essay