RSS

Letters from Michigan – Aung Way (70)

24 May

မစ်ရှီဂန်ကပေးတဲ့စာ – ၇၀

အောင်ဝေး
မေ ၂၃၊ ၂၀၁၁

မိတ်ဆွေကြီးကိုဒေါင်း …

ကျန်းခံ့သာလို့ မာပါစ။ ဒီရက်ထဲမတော့ ရွှေပြည်ကြီးဆီက စာပေမလွတ်လပ်မှု၊ အနုပညာ မလွတ်လပ်မှု အကြောင်းတွေကြားရပြီး ကျနော် စဉ်းစားမိတာတချို့ပြောကြည့်ချင်တယ်။

ပြီးခဲ့တဲ့ရက်တွေကပဲ အရပ်သားအစိုးရဆိုတာတက်လာပြီး ပထမဆုံးအနေနဲ့  ဂျာနယ်တစောင်ထုတ်ဝေ ခွင့် နှစ် ပတ် ရပ်နားခံရတယ် ဆိုတဲ့သတင်း ကြားလိုက်မိပါရဲ့။ ဒါ့ထက်ဆိုးတာက ရုပ်ရှင်မင်းသား ကျော်သူဦးဆောင်တဲ့ နာရေးကူညီမှု အသင်းရဲ့ ကုသိုလ်ဖြစ်ရုပ်သံမှတ်တမ်းတွေကို ရုပ်ရှင်၊ ဗွီဒီယို ဆင်ဆာအဖွဲ့ကိုတင်ပြရမယ်လို့ သက်ဆိုင်ရာက အမိန့်ထုတ်လိုက်တဲ့သတင်းပဲကိုဒေါင်းရေ …။

ပြောချင်တာက ကျနော်တို့တွေ နှစ်ပေါင်းများစွာရင်ဆိုင်ကြုံတွေ့ လာရတဲ့၊ ခါးစည်းခံခဲ့ကြရတဲ့မြန်မာပြည်မှာ စာပေအနုပညာလွတ်လပ်ခွင့်မ ရှိဘူး။ လုံးလုံးကိုမရှိဘူးဆိုတဲ့ကိစ္စပါပဲဗျာ။ ဒီနေရာမှာ လွတ်လပ်ခွင့် ဆိုတာနဲ့ ပတ်သက်လို့ ကျနော်နားလည်းသလောက်ကိုပြောရရင် လွတ်လပ်ခွင့်ဆိုတာ သူ့စည်းသူ့ဘောင်နဲ့ရှိပါတယ်။ ပရမ်းပတာမဟုတ်ပါဘူး။ ဘယ်နေရာမှာမှ ပကတိလွတ်လပ်ခွင့်ဆိုတာ မရှိနိုင်ပါဘူး။ ကျနော်တို့ဟာ ပကတိ လွတ်လပ်ခွင့်ကိုတောင်းဆိုနေတာမဟုတ်ပါဘူး။ ကျနော်တို့တောင်းဆိုနေတာဟာ လိုအပ်တဲ့၊ လုံလောက်တဲ့၊ တရား မျှတတဲ့ လွတ်လပ်ခွင့်ပါ။ လွတ်လပ်ခွင့်နဲ့တပါတည်း၊ အခွင့်အရေးရှိရင် တာဝန်ယူမှုလည်းရှိရမယ် ဆိုတဲ့အချက်ကို ကျနော်တို့ သဘော ပေါက်ပြီးသား။

အရင်းခံအကျဆုံးဖြစ်တဲ့ နိုင်ငံရေးကိစ္စကိုဒီနေရာမှာထည့်ပြောမှဖြစ်မယ်ကိုဒေါင်း။ ကျနော်တို့တိုင်းပြည်မှာ ဒီမို ကရေ စီနဲ့ လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းနေတယ်။ ငြိမ်းချမ်းရေး ခြောက်ခန်းနေတယ်။ တိုင်းပြည်ဆင်း ရဲနေတယ်။ ပြည်သူတွေ ဒူးနဲ့မျက်ရည်သုတ်နေရတယ်။ အတိုက်အခံတွေက အကြမ်းမဖက်ရေး စကာြးေ ပာနေတဲ့အချိန်မှာ၊ နိုင်ငံတော်အကြမ်းဖက်ဝါဒ၊ အစိုးရအကြမ်းဖက်ဝါဒက တိုင်းပြည်ကို ချောက်ထဲ တွန်းချ လိုက်ပြီ။

နိုင်ငံရေးမလွတ်လပ်တဲ့အတွက် စာပေနဲ့ အနုပညာမလွတ်လပ်တာပါ ကိုဒေါင်း။ စာပေအနုပညာလွတ် လပ်ခွင့်ပြဿနာဟာ နိုင်ငံရေးလွတ် လပ်ခွင့်ပြဿနာရဲ့လက်အောက်ခံဖြစ်နေတာပါ။ ဒီတော့ ကျနော်တို့တိုင်ြး ပည်ရဲ့သမိုင်းကြောင်းကိုပြန်ကြည့်ရအောင်။ နိုင်ငံရေးကတော့ ဘယ်တုန်းကမှ မလွတ်လပ်ခဲ့ပါဘူး။ တစုံတရာ လွတ်လပ်မှုရှိပါတယ်။ အထိုက်အလျောက် ဒီမိုကရေစီဖြစ်ထွန်းခဲ့ပါတယ်ဆိုတဲ့ နိုင်ငံရေး အစိုးရလက်ထက် ၁၉၄၈ ကနေ ၁၉၅၈ အထိဟာမှာတောင် စာရေးဆရာတွေ၊ သတင်းစာဆရာတွေ တရားစွဲခံကြရ၊ အကျဉ်းေ ထာင်ထဲ ရောက်ကြရတဲ့သာဓကတွေ အများကြီးပဲမဟုတ်လားဗျာ။

ဒီနောက်ပိုင်း ၁၉၆၂ မတ်လ (၂) ရက်နေ့ တော်လှန်ရေးကောင်စီစစ်တပ်ကအာဏာသိမ်းတဲ့နေ့ကစပြီး၊ ဒီကနေ့ အထိ စစ်အာဏာရှင်အုပ်စိုးမှုခေတ်အဆက်ဆက်မှာတော့ ကိုဒေါင်းရေ၊ ကျနော်တို့စာပေဟာ၊ ကျနော်တို့အနု ပညာဟာ လုံးလုံးကိုအမှောင်ကျသွားခဲ့ပါပြီဗျာ။ တော် လှန်ရေးကောင်စီတက်လာပြီး ၁၉၆၃ မှာ အတုအယောင်ြ ပည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားတာနဲ့ တပြိုင်နက်တည်း စစ်အစိုးရက စာရေးဆရာတွေ၊ သတင်းစာ ဆရာတွေကို အချီကြီး၊ အလှိုင်ကြီး ဖမ်းဆီးထောင်ချခဲ့တာပဲမဟုတ်လား ကိုဒေါင်း … ။

စာပေနဲ့အနုပညာလွတ်လပ်ခွင့်ဟာ အကျဉ်းထောင်ထဲရောက်သွားတယ်။ ငြိမ်းချမ်းရေးဟာ အကျဉ်းထောင်ထဲေ ရာက်သွားတယ်။ ဆရာ ဒဂုန်တာရာ အထိန်းသိမ်းခံလိုက်ရတယ်။ ၁၉၆၇ မှာမှ ဆရာဒဂုန်တာ ရာ ထောင် ကပြန်လွတ်လာတယ်။ ဆရာဒဂုန်တာရာဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က ကျောင်းသားသမဂ္ဂ၊ တကသေ ခါင်းဆောင်တဦးဖြစ်တယ်။ လွတ်လပ်ရေးခေတ်ဦးစာရေးဆရာအသင်း ဥက္ကဌဖြစ်တယ်။ ဆရာဒဂုန်တာရာဟာ ငြိမ်းချမ်းရေးဝါဒီဖြစ်တယ်။

ဒီတော့ ဆရာဒဂုန်တာရာကသူ့ဘ၀ဖြတ်သန်းမှု၊ သူယုံကြည်တဲ့ငြိမ်းချမ်းရေးကို ၀တ္ထုရှည်ကြီးတပုဒ်ရေးတယ်။ မဆလခေတ် ၁၉၈၀ ၀န်း ကျင်ကပါ။ ၀တ္ထုအမည်က (တို့ခေတ်ကိုတော့ရောက်ရမည်မှာမလွဲပါ) ဖြစ်ပါတယ်။ ရှုမ၀မဂ္ဂဇင်းမှာ အခန်းဆက်ရေးခဲ့တယ်။ ရေးပြီးသမျှ ပထမတွဲဆိုပြီး လုံးချင်းစာအုပ်ထွက်လာတယ်။ စာဖတ် ပရိသတ်ကြီးက ဆရာ့ဆီက ဒုတိယတွဲကိုစောင့်မျှော်နေကြတယ်။ ဒါပေမဲ့ ဆရာ မဂ္ဂဇင်းမှာလည်း အခန်းဆက် ဆက်ပြီးမရေးနိုင်တော့ဘူး။ ဒုတိယတွဲလည်း ထွက်မလာတော့ဘူး။ မဆလစစ်အစိုးရက ဆရာ့ကို ဒီဝတ္ထုကြီး ဆက်မရေးဖို့ တားမြစ်ပိတ်ပင်လိုက်ပြီလေ။ န၀တ-နအဖခေတ်တွေမှာလည်း ဒီဝတ္ထုကြီးထွက်မလာနိုင်ခဲ့ပါဘူး။ တကယ်ပြည့်ပြည့် စုံစုံရေးပြီးသွားရင် အတွဲပေါင်း (၁၂) တွဲလောက်အထိရှိမယ်လို့ ဆရာဒဂုန်တာ ရာပြောပြခဲ့ ဖူးတဲ့ ဒီဝတ္ထုရှည်ကြီးကို ကျနော်တို့ ဒီတသက် ဖတ်ခွင့်မှကြုံပါတော့မလား။

ကိုဒေါင်းရေ … သေချာတာတခုကတော့ ဆရာဒဂုန်တာရာရဲ့ (တို့ခေတ်ကိုတော့ရောက်ရမည်မှာမလွဲပါ) ၀တ္ထု ကြီးလိုပဲ၊ မပြီးဆုံးသေးတဲ့ ဂန္ထဝင်မြောက်ဝတ္ထုရှည်ကြီးတပုဒ်ကိုတော့ဖြင့် ကျနော်တို့ ဘယ်လိုမှဖတ်ခွင့်မကြုံနို င်တော့ ပါဘူး။ အဲဒါကတော့ ဆရာနတ်နွယ်ရဲ့ (မြန်မာပြည် မြောက်ပိုင်း) ၀တ္ထုကြိးပါပဲ ကိုဒေါင်းရေ။

အခု ဆရာနတ်နွယ်ကွယ်လွန်သွားခဲ့ပါပြီ။ ဆရာ့ရဲ့ (မြန်မာပြည်မြောက်ပိုင်း) ဟာ မဆလခေတ်တုန်းက ပုဂံစာအုပ်တိုက်က ပထမတွဲ-ဒုတိ ယတွဲဆိုပြီး၊ နှစ်တွဲထွက်ခဲ့တာပါ။ ဇာတ်သိမ်းပိုင်း တတိယတွဲထွက် ဖို့ကျန် ပါသေးတယ်။ ဒါပေမဲ့ ဒီမှာလည်း ခေတ်အခြေအနေအရ၊ စာပေစိစစ်ရေးအနေအထားအရ၊ ဆရာနတ်နွယ် ၀တ္ထုဇာတ်သိမ်းပိုင်းကိုဆက်ရေးလို့မရတော့ပါဘူး။ နအဖခေတ်ထဲမှာ (မြန်မာပြည် မြောက်ပိုင်း) ပထမတွဲ-ဒုတိယတွဲ၊ နှစ်တွဲပေါင်း၊ စာအုပ်တိုက်တတိုက်က ပြန်ထုတ်ခဲ့ပါသေးတယ်။ မူရင်းဝတ္ထုကိုစာပေစိစစ်ရေး ကဖြတ်တာတောက်တာမျိုးတွေလုပ်ခဲ့ပါတယ်။ အခု ဆရာနတ်နွယ်ဆုံးပါးကွယ်လွန်ခဲ့ပါပြီ။ ကျနော်တို့ (မြန်မြာ ပည်မြောက်ပိုင်း) ဇာတ်သိမ်းခန်း တတိယတွဲကို ဘယ်တော့မှဖတ်ရတော့မှာမဟုတ်ပါဘူးကိုဒေါင်းရေ ….။

အဲဒီလို စာပေအနုပညာလွတ်လပ်ခွင့်ခေါင်းပါးလွန်းလှတဲ့ ကျနော်တို့တိုင်းပြည်မှာ၊ စာပေအနုပညာလွတ်လပ် ခွင့်အတွက် မားမားမတ်မတ် ရပ်ဖို့၊ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး၊ NLD ခြံကြီးထဲမှာ စာရေးဆရာနှ င့်သတင်းစာဆရာသမဂ္ဂ (Writters And Journalists Union) W-A-J-U (၀ါဂျူ) ကိုဖွဲ့ စည်းတဲ့အခါ၊ ဆရာပါရဂူ က ဥက္ကဌ၊ ဆရာနတ်နွယ်က အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့တဲ့သမိုင်းကိုတော့ ကျနော်တို့ ထာဝရမှတ်တမ်း တင်ထားရလိမ့်မယ်မဟုတ်လား ကိုဒေါင်းရေ …။

အားလုံးကိုသတိရလျက်
အောင်ဝေး

မူရင်း – လွတ်လပ်သည့် အာရှအသံ http://www.rfa.org/burmese

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: