RSS

Monthly Archives: June 2011

One Decade later, Burmese pensioners received their entitlement raised


ဆယ်နှစ်ကျော်ကြာမှ ပထမဆုံးအကြိမ်အဖြစ်  ပင်စင်လစာများ တိုးပေး

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇွန် ၃၀၊ ၂၀၁၁

ဇန်န၀ါရီလ ၁ ရက်နေ့မတိုင်မီ ပင်စင်ယူခဲ့သည့် ပင်စင်စားများအား ယခုလက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် ၀န်ထမ်းများ ပင်စင်ယူလျင်ခံစားရမည့် ပင်စင်လစာနှုန်းထား အတိုင်းခံစားခွင့်ပြုရန် ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ အစိုးရ အဖွဲ့အစည်းအဝေး ၁၂/၂၀၁၁ မှ ဆုံးဖြတ်ခဲ့ပြီး လာမည့်လ ဇူလိုင်လမှ စတင်ခံစားခွင့်ရှိမည်ဟု ဘဏ္ဍာရေး ၀န်ကြီး ဦးလှထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်စုကျော်အတွင်း ၀န်ထမ်းလစာ နှုန်းထား ၄ ကြိမ်တိုးမြှင့်ပေးခဲ့သော်လည်း ပင်စင်စားများ၏ လစာနှုန်းထားကိုမူ ၁၉၉၃၊ ၉၄ ခုနှစ်ဝန်းကျင်တွင် တစ်ကြိမ်သာ တိုးပေးခဲ့ဖူးသည်ဟု အငြိမ်းစား ၀န်ထမ်းတစ်ဦးကပြောသည်။ ထို့အကြိမ်က ပင်စင်စားများအား နကိုရရှိသည့် ပင်စင်လစာ၏ ၂ ဆအဖြစ် တိုးမြှင့်ပေးခဲ့သည်ဟု အဆိုပါ ပင်စင်စားကပြောသည်။ အဆိုပါကာလနောက်ပိုင်း ပင်စင်စားများ အနေဖြင့် နကိုပင်စင်ယူစဉ်က ရရှိသည့် နှုန်းထားများအတိုင်းသာ သတ်မှတ်ပြီး ချန်လှပ်ထားခဲ့ရာမှ ယခုတစ်ကြိမ် ပင်စင်စားများ၏ လစာကိုတိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ Read the rest of this entry »

 
Leave a comment

Posted by on June 30, 2011 in Local News Headlines

 

Uncensored Burma Daily News Headlines – 1st July 2011


နေ့စဉ် အတွင်းအပြင် သတင်းခေါင်းစဉ်များ ကောက်နုတ်ချက်

နွားကျောင်းသား ကိုဝင်း၊ ဇူလိုင် ၁၊ ၂၀၁၁

အင်န်အယ်ဒီပါတီနဲ့ ကြံ့ဖွံ့အစိုးရသစ် အပြန်အလှန်စာထုတ်ပြီး ဆက်သွယ်ပြီ  – ဇွန် ၃၀၊ ၂၀၁၁ မိုးမခ

ဦးဝင်းတင် ရုံးပြန်တက်သဖြင့် လူငယ်များ အားတက်ဟုဆို – ထွန်းထွန်း | ကြာသပတေးနေ့၊ ဇွန်လ ၃၀  နယူးဒေလီ (မဇ္ဈိမ)

ရှေ့ဆက်မတိုးနိုင်သော CoI ကော်မရှင်ကိစ္စ – ဂျိုးဆက်ဖ် ဘော (Jospeh Ball) | ကြာသပတေးနေ့၊ ဇွန်လ ၃၀ မဇ္ဈိမ) ။

ကြံ့ဖွံ့နှင့် လွှတ်တော်ဝင် ပါတီများမှ လူငယ် ၂၀ ဂျပန်သွားမည် – မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇွန်လ ၃၀ရန်ကုန် (မဇ္ဈိမ) ။      ။

မြန်မာနိုင်ငံ တောင်သူလယ်သမားအရေး အပိုင်း (၃) – ဦးမျိုး (ဥပဒေ) | ကြာသပတေးနေ့၊ ဇွန်လ ၃၀  မဇ္ဈိမ) ။

Read the rest of this entry »

 
Leave a comment

Posted by on June 30, 2011 in Journal Digest

 

Burma in 50 years


၂၀၆၁ ခုနှစ် မြန်မာပြည် မြင်ကွင်း
Than Htike Aung

ဇွန် ၃၀၊ ၂၀၁၁

http://myanmarinsingapore.com တွင် မေ ၁၈ ရက်နေ့က ဖော်ပြခဲ့သည့် Myanmar in 50 years သရော်စာကို ကူးယူပါသည်။

“ဘာကွ… မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာက ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။”

လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား ခေါင်းလေး ပုဝင်သွားသည်။ ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့် “ကျနော် ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့ ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။ မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။” ဟုဆိုကာ တဆယ်ကျပ်တန် နှင့် ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။

ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ ဘယ်မှာနေမှာတုန်း။ မှန်းစမ်း ဗီဇာလျှောက်တုန်းက ထောက်ခံသူမှာ ကြည့်လိုက်ဦးမယ်။ အော်… မင်းက ဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့ ဘုန်းကြီးကျောင်းမှာနေမှာပေါ့။ အခု မင်းလာတာ အလည်ဗီဇာနဲ့နော်။ အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။ မင်းတို့ စလုံးက ကောင်တွေမပြောချင်ဘူး။ အလည်လာ ဒီမှာနေ။ တောက်တိုမယ်ရ အလုပ်လေးလျှောက်။ အခြေအနေမကောင်းရင် ခဏပြန်ထွက် ပြီးရင်ပြန်ဝင်။ ဒီကြားထဲ အိုဗာစတေးတွေလဲ မနည်းဘူး။ ကဲ.. ကဲ… သွားတော့။

လူဝင်မှု အရာရှိရှေ့မှ စင်ကာပူသား ခေါင်းလေးငုံ့ကာဖြင့် ရိုရိုကျိုးကျိုးလျှောက်သွားသည်။

ကျနော်လဲ ဘေးမှကြည့်နေမိသည်။ အော်.. တော်တော်ခက်တဲ့ စလုံးသားပဲ မအူမလည်နဲ့။ ကျနော်တို့လို နိုင်ငံသားများအတွက်က လွယ်သည်။ ID Card ကို တင်ပေးလိုက်သည်နှင့် အချက်အလက်များအားလုံးယူပြီးသားဖြစ်သွားသည်။ ထိုနောက် အလိုအလျောက် Update လုပ်သည့် စက်ထဲ ပတ်စ်ပို့ ထည့်လိုက်လျှင် တံဆိပ်တုံး ထုပြီးသားဖြစ်သွားသည်။ လူနဲ့ စကားပြောစရာမလို။ ဒါကြောင့် နိုင်ငံသားနဲ့ နိုင်ငံခြားသား ခွဲပြီး တန်းစီခိုင်းခြင်းဖြစ်သည်။

အေးလေ… မြန်မာနိုင်ငံထဲ ဝင်လာလို့ ရတယ်ဆိုတာ နည်းတဲ့ အခွင့်အရေးမှ မဟုတ်တာ။ အကြံအဖန်တွေကလဲ အများသား မဟုတ်လား။ ဒီတော့လဲ…. ဒီလောက်တော့ စစ်ဆေးရမှာပေါ့။ စက်ကတော့ အကြံအဖန်က မစစ်နိုင်ဘူးလေ… Read the rest of this entry »

 
Leave a comment

Posted by on June 30, 2011 in Satire

 

Verdict due for Australian Ross Dunkley, co-founder of Myanmar Times


မြန်မာတိုင်းမ် အမှုဆောင်အရာရှိချုပ်ဟောင်း ထောင်ဒဏ်ကျ၊
ချုပ်ရက် နှင့် ငွေဒဏ်ကြောင့် လွတ်ပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၃၀၊ ၂၀၁၁

အယူခံဝင်ဦးမည်ဟု တရားရုံးရှေ့ရောက် သတင်းထောက်များကို ပြောနေသော မစ္စတာ ရော့စ် ဒန်ကလေ

ယခင်မြန်မာတိုင်းမ် ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်ဟောင်း ဖြစ်ပြီး ယခုလက်ရှိ မြန်မာတိုင်းမ် (အင်္ဂလိပ်ပိုင်း) ၏ စာတည်းမှူးချုပ် ဖြစ်သူ သြစတေးလျ နိုင်ငံသား ရော့စ် ဒန်ကလေအား နာကျင်စေမှုနှင့် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေအရ စွဲဆိုသည့် အမှုအား ယနေ့ စီရင်ချက်ချရာတွင် ထောင်ဒဏ် တစ်လ အပြစ် ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ ဒဏ်ငွေ ၁ သိန်း သို့မဟုတ် ထောင်ဒဏ် ၆ လ ကျခံစေရန် ကမာရွတ်မြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ Read the rest of this entry »

 
Leave a comment

Posted by on June 30, 2011 in Burma News Headlines

 

is North Korean Gov running a restaurant in Rgn?


မြောက်ကိုရီးယားတို့ ရန်ကုန်မြို့တွင် စားသောက်ဆိုင် ဖွင့်ထားသလော
မိုးမခအထောက်တော် အမှတ် ၀၀၈
ဇွန် ၃၀၊ ၂၀၁၁

ရန်ကုန်မြို့ရှိ Koryo စားသောက်ဆိုင်သည် မြောက်ကိုရီးယားတို့ ဖွင့်ထားသည့် စားသောက်ဆိုင် ဖြစ်သည်ဟု မဇ္စျိမ သတင်းဌာန ၀က်ဆိုက်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသား ဖော်ပြထားသည်။

Koryo စားသောက်ဆိုင်သည် ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် တည်ရှိသည်ဟု ဆိုသည်။

အဆိုပါ စားသောက်ဆိုင်ကို မြောက်ကိုရီးယားအစိုးရက စီစဉ်ဖွင့်လှစ်ထားခြင်း ဖြစ်သည်ဟု အစိုးရနှင့်နီးစပ်သည်ဟု ဆိုသော အမည်ဖော်မထားသည့် သတင်းရင်းမြစ်တခုကို ကိုးကား ဖော်ပြထားသည်။ Read the rest of this entry »

 
Leave a comment

Posted by on June 30, 2011 in Burma News Headlines

 

Tu Maung Nyo – 28th June Letter to Suu from Regime, My take


ဇွန် ၂၈ ရက် အကြောင်းကြားစာအပေါ် ကျနော့်အမြင်

တူမောင်ညို

ဇွန် ၃၀၊ ၂၀၁၁

 ၂၀၁၁ ခုနှစ်၊ ဇွန်လ(၂၈) ရက်၊ နေ့စွဲဖြင့်  ပြည်ထဲရေးဝန်ကြီးဌာနက ဦးအောင်ရွှေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့အား “ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်” အကြောင်းကြားစာ ပေးပို့ခဲ့သည်။

သက်ဆိုင်သူများက မည်သို့တုန့်ပြန်ကြလိမ့်မည် ကျနော်မသိပါ။

သတင်းစာတွင်ဖေါ်ပြထားသည့်အချက်များအပေါ်မူတည်၍ ကျနော့်အမြင်ကိုတင်ပြပါမည်။

“(No one can stay beyond the law) ဥပဒေပြင်ပတွင် မည်သူမျှမနေရ ဟူသည့်အတိုင်း ဥပဒေ၏ အောက်တွင် သာနေကြရမည်”  ဟူသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ စကားကိုလက်တွေ့အကောင်အထည်ဖေါ်ခြင်းပင်ဖြစ်သည်။

 

အချိန်ကာလ

ကချင်ပြည်နယ်၊ ကရင်ပြည်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများကလည်း တဖြည်းဖြည်း အရှိန်မြင့် ကျယ်ပြန့်လာနေသည့် အချိန်၊ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်စတင်တော့မည့်အချိန် ၊ အစိုးရသစ်သက်တမ်းကလည်း ရက်ပေါင်း ၁၀၀ ပြည့်ရန် ရက်ပိုင်းမျှလိုတော့သည့်အချိန်တွင် ဤ အကြောင်းကြားစာ ပေးပို့လာခြင်းဖြစ်သည်။ Read the rest of this entry »

 
Leave a comment

Posted by on June 30, 2011 in Op-Ed, Tu Maung Nyo

 

US urges Burma to ensure Daw Suu freedoms


ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်စွာလှုပ်ရှားခွင့်ရရေး အမေရိကန် တောင်းဆို
AFP သတင်းဌာန
ဇွန် ၃၀၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့က တွေ့ရတော့ NLD ရုံးရှေ့ မြင်ကွင်း

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှုများ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုရန် အမေရိကန်က မြန်မာကို တိုက်တွန်းလိုက်သည်။ ထိုလှုပ်ရှားမှုများ ရပ်တန့်ရန် အာဏာပိုင်တို့က သတိပေးပြီး မကြာမီ ထိုသို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ် ခရီးသွားခွင့်၊ ထုတ်ဖော် ပြောဆိုခွင့်၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် အပြည့်အ၀ ပါဝင်ခွင့်တို့ကို အာမခံရန်” အမေရိကန်အစိုးရက မြန်မာအာဏာပိုင်တို့ကို တောင်းဆိုသည်ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်တဦး ဖြစ်သည့် Mark Toner က ဆိုသည်။ Read the rest of this entry »

 
Leave a comment

Posted by on June 30, 2011 in Burma News Headlines