RSS

after 3 days trip to Burma, McCain rushed to the computer to use twitter

04 Jun

ဂျွန်မက်ကိန်း မြန်မာပြည်မှအပြန်တွင် တွစ်တာကို ပြေးသုံး
မိုးမခအထောက်တော် အမှတ် ၀၁၂
ဇွန် ၃၊ ၂၀၁၁

မြန်မာပြည်မှ ပြန်ခဲ့ပြီဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက Twitter (တွစ်တာ) စာမျက်နှာတွင် လွန်ခဲ့သည့် တနာရီက ရေးသားလိုက်သည်။

မြန်မာပြည် ခရီးစဉ်မှာ အလွန် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ဂျွန်မက်ကိန်းက ဆိုသည်။

“၁၅ နှစ် အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် ပြန်တွေ့ရပါပြီ။ သူကတော့ အမြဲတမ်း လေးစားစရာ ကောင်းနေတာပါပဲ” ဟု ဂျွန်မက်ကိန်းက ရေးထားသည်။

“နေပြည်တော်မှာ ရှိတဲ့ အစိုးရက အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းချင်နေတယ်။ ဒါပေမယ့်လည်း မဖြစ်မနေ လုပ်ရမယ့်ဟာတွေ ရှိပါတယ်” ဟု ဆိုကာ ရန်ကုန်တွင် ယနေ့ ဖြန့် ဝေသည့် ထုတ်ပြန်ချက် ကို ဖတ်ရှုနိုင်မည့် အင်တာနက် လိပ်စာကို ဖော်ပြထားသည်။

ဂျွန်မက်ကိန်းက မြန်မာပြည်မှ ပြန်လည်ထွက်ခွာပြီးနောက် အင်တာနက်နှင့် ထိတွေ့ခွင့် ရသည်ကို ၀မ်းမြောက်နေဟန် ရှိသည်။ “မြန်မာပြည်က ကံဆိုးစွာနဲ့ပဲ တွစ်တာကို ဆင်ဆာ လုပ်ထားတယ်” ဟု သူက ရေးထားသည်။

သူနှင့် ရန်ကုန်တွင် တွေ့ခဲ့သည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တွစ်တာကို သုံးလိုကြောင်း အောက်တိုဘာလက ပြောကြားခဲ့ဖူးသည်။ ထိုစဉ်က ဒေါ်စုသည် ထိန်းသိမ်းခံရဆဲ ဖြစ်သည်။ ယခု ပြန်လွတ်မြောက်လာပြီး အင်တာနက်အသုံးပြုနေသော်လည်း တွစ်တာနှင့် ထိတွေ့ခြင်း ရှိမရှိ မသိရသေးပေ။

တွစ်တာသည် သတင်းကွန်ရက် အင်တာနက် စာမျက်နှာ ဖြစ်သောကြောင့် ယနေ့ခေတ် စာနယ်ဇင်းသမားများ၏ လက်စွဲ ဖြစ်နေသည်။

ယမန်နှစ်က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းမှ သတင်းထောက်များအတွက် ဘာသာပြန်ပေးနေသူ ထိုင်းအမျိုးသမီးကို ဆန္ဒပြသူတို့ ဖမ်းဆီးလိုက်သည့် သတင်းသည် တွစ်တာမှတဆင့် လက်တို့ ဖြန့်ဝေသဖြင့် စာနယ်ဇင်းသမားတို့ အလျင်အမြန် သိရှိခဲ့ရသည်။

 
Leave a comment

Posted by on June 4, 2011 in Burma News Headlines

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: