RSS

Maung Swan Yi – Sayar Mya Than Tint

05 Jun

ဆရာမြသန်းတင့်အမှတ်တရ

မောင်စွမ်းရည်
ဇွန် ၅၊ ၂၀၁၁


ကျနော် ဒီတပတ်ပြောမှာကတော့ စာရေးဆရာမြသန်းတင့်အမှတ်တရ ဂါရ၀စကားဖြစ်ပါတယ်။ ဒီလ ဟာ မေ လပါ။ ဆရာမြသန်းတင့်ဟာ ၁၉၂၉၊ မေ ၂၃ မှာ မွေးဖွားပါတယ်။ အမည်ရင်း ‘မြသန်း’ နဲ့ စာစရေးခဲ့ပေ မယ့် မြသန်း နှစ်ယောက်ဖြစ်နေလို့ သူ့ဖခင် ဦးပေါတင့် နာမည်က ‘တင့်’ ကို ယူပြီး မြသန်း တင့်လို့ပြောင်း ခဲ့ပါတယ်။ ဆရာမြဟာ အသက် ၁၄- ၅ နှစ်အရွယ်ကစပြီး ဖက်ဆစ်တော်လှန်ရေးမြေအောက်လှုပ်ရှားမှုမှာ ပါဝင်နေခဲ့ပြီဖြစ်ပါတယ်။ ဖက်ဆစ်တော်လှန်ရေးပြီးတော့ (ကွန်မြူနစ်ပါတီရဲ့ တာဝန်ပေးချက်အရ) မြင်းခြံခရိုင်၊ အလုပ်သမားသမဂ္ဂနဲ့ တောင်သူလယ်သမားသမဂ္ဂတို့မှာ ပါဝင်ဦးဆောင်ခဲ့ရပါတယ်။ မန္တလေးမှာ ဆရာကြီး ဦးရာဇတ်နဲ့ လူထုဦးလှတို့ဦးဆောင်ပြီး ဖဆပလအဖွဲ့ချုပ်ကို တည်ထောင်လှုပ်ရှားတဲ့အခါ ဆရာမြသန်းတင့်ဟာ ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖြစ်နဲ့ သွားရောက်ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာ၊ ပခုက္ကူကနေ ၁၀ တန်းအောင်တော့ ရန်ကုန်တက္ကသိုလ်ကိုဆက်တက်တဲ့အခါ ၁၉၅၄ မှာ ၀ိဇ္ဇာဘွဲ့၊ ၁၉၅၆ မှာ ဥပေဒ၀ိဇ္ဇာ ဘွဲ့ရရှိခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုနဲ့ စာပေလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ရာက ဒဂုန်တာရာ တည်းဖြတ်ထုတ်ဝေတဲ့ တာရာမဂ္ဂဇင်းမှာ ပါဝင်ရေးသားရင်း စာပေသစ်လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ပါတယ်။

တာရာမဂ္ဂဇင်းက ၁၉၅၀ ခုနှစ်မှာရပ်သွားတော့ ပခုက္ကူကျောင်းသား ကိုသန့်ဇင်ထုတ်ဝေတဲ့ ‘စာပေသစ်မဂ္ဂဇင်း’ မှာ ဆရာဒဂုန်တာရာနဲ့အတူ စာပေသစ်မီးရှူးတိုင်းကို ဆက်လက်သယ်ဆောင်ရာမှာ ပါဝင်ခဲ့ပါတယ်။ (ယခုပ က္ကူ ရေစကြိုသား ကျောင်းနေဖက်များဖြစ်ကြတဲ့ ကျော်အောင်၊ ကြည်လင်း၊ အောင်လင်းတို့လဲ ဒီစာပေသစ်လှုပ် ရှားမှုမှာ ပါဝင်ခဲ့ပါတယ်) စာပေသစ်လူငယ်များရဲ့ အားထုတ်မှုကြော့် ပြည်သူ့စာပေ၊ ဆိုရှယ်လစ်သရုပ်ဖော် စာပေအယူအဆများ၊ မြန်မာစာပေလောကမှာ အမြစ်တွယ်လာခဲ့ပါတယ်။

ဆရာမြသန်းတင့်ဟာ တက္ကသိုလ်ကထွက်ပြီးနောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းဦးဆောင် တဲ့ ပြည် တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ဆရာဒဂုန်တာရာ၊ ဆရာဗန်းမော်တင်အောင်တို့နဲ့အတူ တက်တက်ကြွကြွ ပါဝင်ဦးဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ စာရေးဆရာသမဂ္ဂ၊ စာရေးဆရာ ကလပ်တို့မှာလဲ အမှုဆောင်အဖြစ်ပါဝင်လှုပ်ရှားခဲ့ပါတယ်။ {မြန်မာနိုင်ငံစာရေးဆရာအသင်းရဲ့ စာပေမဂ္ဂဇင်း အယ်ဒီတာ၊ ပြည်တော်သစ်ဂျာနယ်အယ်ဒီတာချုပ်၊ တိုးတက်ရေးသတင်းစာမှာ နိုင်ငံခြားရေးအယ်ဒီတာ စသည်ဖြင့်လဲ တာဝန်ယူခဲ့ပါတယ်။ ပြည်သူ့တိုးတက်ရေးပါတီမှာလဲ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အဖြစ် ပါဝင်ဦးဆောင် ခဲ့ဖူးပါတယ်။} စာနယ်ဇင်းများမှာအယ်ဒီတာလုပ်ရင်း ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုများမှာ ပါဝင်နေ ရင်း နှစ်ကြိမ် အဖမ်းခံခဲ့ရပြီး ကိုကိုးကျွန်းအကျဉ်းစခန်းကို အပို့ခံခဲ့ရပါတယ်။ ဒုတိယအကြိမ်မှာ ၁၀ နှစ်နီးပါး ကြာ ခဲ့ပြီး လေထီးဦးအုန်းမောင်၊ ဗန်းမော်တင်အောင်တို့နဲ့အတူ ရက် (၅၀) အစာငတ်ခံတိုက်ပွဲမှာ ဦးဆောင်ပါ ၀င်ခဲ့ပြီး ကိုကိုးကျွန်းကလွတ်လာတဲ့အခါ ကိုကိုးကျွန်း၊ အကျဉ်းစခန်းအတွေ့အကြုံကို တိုက်ခိုက်ရေးသား ထုတ်ဝေခွင့်မရတဲ့အတွက် ကိုကိုးကျွန်းဘ၀နောက်ခံ ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ ၀တ္တု ကို ရေးခဲ့ပါတယ်။

စာပလွေတ်လပ်ခွင့်မရှိလို့ ဘာသာပြန်စာပေဖက်ကို ဦးလှည့်လုပ်ဆောင်တဲ့အခါ ကမ္ဘာကျော်ဝတ္တုကြီးများဖြစ်တဲ့ ‘စစ်နှင့်ငြိမ်းချမ်းရေး’၊ လေရူးသုန်သုန်၊ ခန်းဆောင်နီအိပ်မက်၊ သုခမြို့တော် စတဲ့စာအုပ်ကြီးတွေ ဘာ သာပြန်ပြီး မြန်မာ့စာပေကဏ္ဍတိုက်ထဲကို ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။ ဘာသာပြန် စာပေဆုတွေ (၅) ကြိမ်ရရှိခဲ့ပါတယ်။ (မောင်သစ်တည် အမည်နဲ့ နိုင်ငံခြားကဗျာများကိုလဲ ဘာသာပြန်ပြီး စာအုပ်ထုတ်နိုင်ခဲ့ ပါတယ်။ ‘ကျွန်တော်ဆက်၍ ရေးချင်သော ၀တ္တုများ’ခေါင်းစဉ်နဲ့ စာပေဝေဖန်ရေးကဏ္ဍမှာလဲ စာတေ စာင် ပေတဖွဲ့ ဖြည့်သွင်းပေးနိုင်ခဲ့ပါတယ်) စာအုပ်ပေါင်း ၁၀၀ ကျော် လောက်ရေးသား ထုတ်ဝေခဲ့ပါ တယ်။ စာရေးရာ၊ လမ်းလျှောက်ရာတို့မှာ အချိန်ဇယားနဲ့ လုပ်လေ့ရှိပါတယ်။ နံနက်တိုင်း လမ်းလျှောက်ရာမှာ ကျနော့်ကိုလဲ စည်းရုံးတွဲခေါ်ခဲ့ဖူးပါတယ်။ တနေ့မှာ ဆရာမြ လမ်းလျှောက်ထွက် ဖို့ ပြင်ဆင် ရင်း လှေကားပေါ်က ချော်ကြပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဖက်ဆစ်တော်လှန်ရေး၊ ငြိမ်းချမ်းရေးသူရဲကောင်း၊ ဘာ သာပြန်ဆရာတဦးဖြစ်သူ ဆရာမြသန်းတင့်ကို သူ့မွေးလမှာ အမှတ်တရ ဂါရ၀ပြုလိုက်ရပါတယ်။ ကျနော်မောင်စွမ်းရည်ပါ။

ဗွီအိုအေ သက်ကြီးစကားအစီအစဉ်မှ ကူးယူဖော်ပြပါသည်။

 

 
Leave a comment

Posted by on June 5, 2011 in Maung Swan Yi

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: