RSS

Naing Mo Aung Thar -Political Prisoners & Amnesty

06 Jun

နိုင်ငံရေးအကျဉ်းသားနဲ့ လွတ်ငြိမ်းချမ်းသာခွင့်
နိုင်မိုအောင်သာ (Yangon Press International)
ဇွန် ၆၊ ၂၀၁၁

၂၀၀၉ ခုနှစ် စက်တင်ဘာလ အကျဉ်းသားများလွှတ်ပေးစဉ်က အင်းစိန်ထောင်အ၀ရှိသံတံခါးအပြင်မှ စောင့်မျှော်နေသည့် အကျဉ်းသားမိသားစုဝင် အချို့။ (ဓာတ်ပုံ- YPI)
….. ….. …..
ဒီခေါင်းစဉ်နဲ့ပတ်သက်လို့ ဦးစွာပြောချင်တာက ဘယ်နိုင်ငံရေးအကျဉ်းသားမှ လွတ်ငြိမ်းချမ်းသာခွင့်ကိုမျှော်ပြီး နိုင်ငံရေးလုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် လေးဖက်နံရံထဲက နိုင်ငံရေးဘ၀ဆိုတာ ပြင်ပနိုင်ငံရေးရဲ့အဆက်ဖြစ်တယ်။

…. ….. ….

အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရွေးကောက်ပွဲ၊ လွှတ်တော်၊ဒီမိုကရေစီအစိုးရသစ် စတာတွေရဲ့ ပထမဆုံးခြေ လှမ်း က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပေးဖို့တွေဆိုတာ လက်ရှိ အစိုးရရဲ့ တာဝန် မဟုတ်လား။ အခု လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ကြေညာခဲ့ပြီးပြီ။

နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်လွတ်လာသလဲ…
ဘယ်လိုလူတွေလွတ်လာသလဲ…
ဘာတွေ ခံစားခွင့်ရကြသလဲ…
ဘာတွေဖြစ်လာနိုင်သေးလဲ…
အခုအချိန်ထိ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးတဲ့လား…

● နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲ
မြန်မာပြည်မှာတော့ နိုင်ငံရေးအကျဉ်းသားလို့ ဆိုလိုက်တာနဲ့ စစ်အစိုးရကိုအာခံပြီး ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးတွေအတွက် နည်းလမ်းအမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေကြသူတွေလို့ နားလည်ထားကြပါတယ်။ ဝေါဟာရအရ အနက်အဓိပ္ပာယ်ဖွင့်ကြည့်မယ်ဆိုရင် နိုင်ငံရေးဆိုတဲ့ စကားလုံးနဲ့ အကျဉ်းသား ဆိုတဲ့ဝေါဟာရကို ပေါင်း စပ်ပြီး နိုင်ငံရေးအကျဉ်းသားလို့ သုံးနှုန်းခေါ်ဆိုထားတာပါ။

နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးအရာကိစ္စ၊ ဒါမှမဟုတ် အများပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ကိုယ်ကျိုး မပါသော ဆောင်ရွက်လှုပ်ရှားမှုများကို ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာမှာ အများအကျိုးအတွက် ဆိုတဲ့ကိစ္စမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ ဆောင်ရွက်မှုတွေနဲ့ မတူတာကတော့ နိုင်ငံရေးဆိုတာ အများစုအကျိုးအတွက် အာမခံချက်ရှိတဲ့ အခြေအနေတွေကို ဥပဒေတွေ၊ တရားစီရင်ရေးစနစ်တွေနဲ့ အကာအကွယ် ပေး နိုင်ဖို့၊ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တွေ ပြဋ္ဌာန်းနိုင်ဖို့အထိ ဆောင်ရွက်လုပ်ကိုင်ကြရတဲ့ အနေအထားပါ။

အဲဒီလိုဆောင်ရွက်ရာမှာ အများစုရဲ့သဘောဆန္ဒကို အများစုအကျိုးအတွက် ဆောင်ရွက်ရတာမို့ လူအမြောက် အမြား ပါဝင်လာအောင် စည်းရုံးလှုံ့ဆော် ပူးပေါင်းဆောင်ရွက်ရပါတယ်။ တကိုယ်တော်လှုပ်ရှားမှုတွေ၊ တဦး တည်းကသာ ချုပ်ကိုင်ထားတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုစနစ်တွေနဲ့ ဆန့်ကျင်ဘက်လက္ခဏာ ဆောင်ပါတယ်။

ဒီမိုကရေစီရေးဆိုတာ ပြည်သူလူထုအကျိုးစီးပွားပါပဲ။ ဒါကြောင့် အမေရိကန်သမ္မတ ကြီး အေဘရာဟင် လင်ကွန်းက ဒီမိုကရေစီဆိုတာ ပြည်သူလူထု ဆီကလာတဲ့ ဆန္ဒသဘောထားတွေကို ပြည်သူလူထုနည်း နဲ့ ပြည်သူလူထုအကျိုးစီးပွားကို ဖော်ဆောင်တာဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ဖူးပါတယ်။ From the People, To the People, By the People လို့ ရေးခဲ့တာပါ။

အဲဒီလို ဒီမိုကရေစီရေးကို ဖော်ဆောင်ရာမှာ အာဏာကို လက်တဆုပ်စာလူတစ်စုက ချုပ်ကိုင်ထားတဲ့ စစ်အစိုးရ နဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့တာပါပဲ။ အဲဒီမှာ ဒီမိုကရေစီရေးဆောင်ရွက်တဲ့သူတွေဟာ အကျဉ်းသားဘဝ ကို ရောက်ရှိကြရပါတယ်။

အကျဉ်းသားဆိုတဲ့ ဝေါဟာရအဓိပ္ပာယ်ကတော့ ဥပဒေအရ အပြစ်ပေးခံရသူတွေလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် မို့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင် … ”စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေးကို လူထုနဲ့အတူ ဆောင်ရွက်ခဲ့တဲ့အတွက် စစ်အစိုးရရဲ့ အမျိုးမျိုးသော ဖိနှိပ်ခြင်းေ တွကို ခံရသူများ” လို့ ဆိုနိုင်ပါတယ်။

အချို့သောနိုင်ငံရေးအင်အားစုများက နိုင်ငံရေးအကျဉ်းသားဆိုတာ ယုံကြည်ချက်ကြောင့် စစ်အစိုးရရဲ့ အ ကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ သူတွေလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဒါလည်း မမှားပါဘူး။ အဓိကပြောချင်တာကတော့ ယုံကြည်ချက်ဆိုတာ ပြည်သူလူထုအကျိုးစီးပွား၊ တနည်းအားဖြင့် ဒီမိုကရေစီ အခွင့်အလမ်းကို ရည်ညွှန်းတဲ့အတွက် ဖြစ်ပါတယ်။

● နိုင်ငံရေးအကျဉ်းသားနှင့် နိုင်ငံရေးလှုပ်ရှားမှု
မြန်မာ့နိုင်ငံရေးသမိုင်းဟာ ပဒေသရာဇ်ခေတ်နှောင်းပိုင်း ပါတော်မူပြီးချိန်ကစလို့ ကိုလိုနီခေတ် (၁၈၈၆-၁၉၄၁)၊ ဂျပန်ခေတ် (၁၉၄၁-၁၉၄၅)၊ လွတ်လပ်ရေးခေတ် (၁၉၄၅-၁၉၄၈)၊ ပါလီမန်ခေတ် (၁၉၄၈-၁၉၆၂)၊ မဆလေ ခတ် (၁၉၆၂-၁၉၈၈)၊ စစ်အစိုးရခေတ် (၁၉၈၈ မှ ယခုချိန်အထိ) တွေ ကို ဖြတ်သန်းခဲ့ရတယ်။

ကိုလိုနီခေတ်၊ ဂျပန်ခေတ်နဲ့ လွတ်လပ်ရေးခေတ်တို့မှာ နိုးကြားတဲ့ မြန်မာ တိုင်းရင်းသားလူထုတစ်ရပ်လုံးဟာ အမျိုး သားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲရင်း အချို့ဟာ နိုင်ငံရေးအကျဉ်းသားများဘဝနဲ့ အကျဉ်းထောင် အသီးသီးမှာနေထိုင်ခဲ့ကြရင်း မြန်မာနိုင်ငံလွတ်မြောက်ရေးကို ကြိုးစားခဲ့ကြ ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း (၁၉၄၈မှ ၁၉၅၈)၊ (၁၉၆ဝ မှ ၁၉၆၂)ခုနှစ်ကာလကို ပါလီမန်ဒီမိုကေ ရစီခေတ်အဖြစ် သတ်မှတ်ကြပါတယ်။ (၁၉၅၈ မှ ၁၉၆ဝ) ခုနှစ်က စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ အိမ်စောင့် အစိုးရလက်ထက်ပါ။

လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံဟာ နုနယ်သေးတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အောက်မှာ နိုင်ငံရေးအကျဉ်း သားတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီကာလက နိုင်ငံရေးအကျဉ်းသားဆိုတာ ထောင်လက်စွဲဥပဒေအရ သတ်မှတ်ပေး ထားတဲ့ ခံစားခွင့်တွေကို လူ့အခွင့်အရေးနဲ့အညီ ခံစားခွင့်ရကြပါတယ်။

ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်မှာ နိုင်ငံရေးသမားနဲ့ အကျဉ်းထောင်ဆိုတာ တစ်သီးတစ်ခြားစီ ခွဲပြီးမြင်နေလို့ မရပါဘူး။ တခုရှိတာက ဒီမိုကရေစီအုပ်ချုပ် ရေးစနစ်မှာ နိုင်ငံရေးသမားတစ်ယောက် အကျဉ်းထောင် ထဲ ရောက်သွား တဲ့အခါ သူ့ကို အစိုးရက နိုင်ငံရေးအကျဉ်းသားတယောက်အဖြစ် အသိအ မှတ်ပြုခြင်းပါပဲ။

ဒါပေမယ့် မြန်မာ့နိုင်ငံရေးနယ်ပယ်ကို စစ်ခေါင်းတွေရဲ့ ချုပ်ကိုင်ခြင်း ခံလိုက်ရတဲ့ အိမ်စောင့်အစိုးရလက် ထက် မှာတော့ အတိုက်အခံနိုင်ငံရေးအကျဉ်း သားတွေဟာ အိန္ဒိယသမုဒ္ဒရာထဲက ကိုကိုးကျွန်းကို အပို့ခံလိုက် ရပါေ တာ့တယ်။

၁၉၆၂ ခုနှစ် မေလ ၂ ရက်နေ့ကစပြီး မြန်မာနိုင်ငံကို ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက အာဏာသိမ်းယူခဲ့ပါတယ်။ စစ်ခေါင်း ဆောင်တစ်ဦးဟာ နိုင်ငံရဲ့အာဏာကို အကြွင်းမဲ့ရယူပြီး လူထုကို လှည့်စား ထားတဲ့ အစိုးရတရပ်ကို သူ့စိတ်တိုင်းကျ ထူထောင်ခဲ့ပါတယ်။

စတင် အာဏာသိမ်းစဉ်ကတည်းက ခေတ်အဆက် ဆက် ကျောင်းသားခေါင်းေ ဆာင်၊ နိုင်ငံရေးခေါင်းဆောင်ေ တွကို မွေးထုတ်ပေး ခဲ့တဲ့ တကသ (တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အအုံ) ကို မိုင်းေ ထာင် ဖောက်ခွဲဖျက်ဆီးကာ ကျောင်းသားပေါင်း ရာထောင်ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းအ သီးသီး ထူထောင်ခွင့်ကို ဖျက်သိမ်းပစ်ခဲ့ တယ်။ တော်လှန်ရေးကောင်စီ က ပြည်တွင်းငြိမ်း ချမ်းရေးဆွေးနွေးပွဲ (၁၉၆၃) ကို တစ်ဘက်သတ် ဖျက်သိမ်းပစ်ခဲ့ပြီး တိုင်းရင်းသားအသီးသီးရဲ့ လူမျိုးစုအခွင့် အေ ရး၊ ပြည်နယ်အခွင့်အရေးတွေကအစ လူပုဂ္ဂိုလ်တဦးချင်း လွတ်လပ်ခွင့်အထိ ဆိတ်သုဉ်းစေခဲ့တယ်။ ပါလီမန်ဒီမိုကရေစီခေတ်မှာ ဦးမော့လာခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖျက်ဆီးပစ်ခဲ့တယ်။

အဲဒီအချိန်ကာလက ကမ္ဘာမှာ ဆိုရှယ်လစ်ရေးတိမ်းညွှတ်မှု ဖြစ်နေချိန်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို ထူထောင်ပြီး စစ်အစိုးရကို အရေ ခြုံပေးခဲ့တယ်။ တော်လှန်ရေးကောင်စီတစ်ဖြစ်လဲ မဆလစစ် အစိုးရကို အလွှာအသီးသီးက နိုင်ငံရေးအင်အားစုတွေက ဆန့်ကျင်တော်လှန်ခဲ့ကြတယ်။

အဲဒီ သူတွေဟာ မဆလရဲ့ အမှောင်ခေတ်ကို ဖြိုဖျက်ကြရာမှာ အသက်စွန့်သူစွန့်၊ ဒုက္ခိတဖြစ်သူဖြစ်၊ ဘဝပျက် သူပျက်၊ နိုင်ငံရေးအကျဉ်းသားဘဝမှာ ကာလ ကြာရှည်စွာ နေရသူနေရနဲ့ ကြီးမားတဲ့ပေးဆပ်မှုတွေနဲ့ ရင်းနှီး ခဲ့ကြရပါတယ်။

တော်လှန်ရေးကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဒုတိယအကြိမ် (၁၉၆၉- ၁၉၇၂) ကျွန်းပို့ခဲ့တယ်။ ပါလီမန်ခေတ်မှာ ရရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်း သား အခွင့်အရေးတွေ (ဘီကလပ်အဆင့် ထားရှိမှု၊ စာရေးခွင့်၊ စာဖတ်ခွင့်၊ အထိမ်းအမှတ် အခမ်းအနားကျင်းပခွင့် စတာတွေ) ကို ရုပ်သိမ်းခဲ့တယ်။ သာမန်ရာဇဝတ်မှု အကျဉ်းသားတွေနဲ့တန်းတူ အလုပ်ဆင်းခိုင်းတာတွေ၊ ရိုက်နှက် ပြစ်ဒဏ်ပေးတာတွေ ပြုလုပ်ခဲ့တယ်။

မဆလခေတ်မှာ နိုင်ငံရေးလှုပ်ရှားမှု မြောက်မြားစွာအနက် အောက်ဖော်ပြပါ လှုပ်ရှားမှုတွေဟာ ထင်ရှားတဲ့ဖြစ်ရ ပ်တွေဖြစ်တယ်။

♦ ၁၉၆၂၊ ဇူလိုင် ၇ ရက် တကသအဆောက်အအုံ ဗုံးခွဲခံခဲ့ရတဲ့ ကျောင်းသားလှုပ်ရှားမှု၊
♦ ပြည်တွင်းငြိမ်းချမ်းရေး ၆ ခရိုင် ဆန္ဒပြမှု၊
♦ ရခိုင်ဆန်လုပွဲလို့ခေါ်တဲ့ ရခိုင်အမျိုးသားလှုပ်ရှားမှု၊
♦ ၁၉၆၈ ဆန်ဈေးမြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှု၊
♦ ၁၉၆၉ အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲမှ ကျောင်းသားလှုပ် ရှားမှု၊
♦ ၁၉၇၄ တနိုင်ငံလုံး အလုပ်သမားသပိတ်လှုပ်ရှားမှု၊
♦ ၁၉၇၅ အလုပ်သမားသပိတ် နှစ်ပတ်လည်နှင့် ဦးသန့်အရေးအခင်း ကျောင်းသားလှုပ်ရှားမှု၊
♦ ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှု၊
♦ ၁၉၈၇ ငွေစက္ကူအရေးအခင်း၊
♦ ၁၉၈၈ တနိုင်ငံလုံး အုံကြွပါဝင်ခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ မဆလခေတ်တလျှောက်လုံး လက်နက် ကိုင်အဖွဲ့အစည်းအသီးသီးရဲ့ စစ် ရေးတိုက် ပွဲတွေ ရှိခဲ့ပါတယ်။

ဒါတွေဟာ ဒီမိုကရေစီဆိတ်သုဉ်းနေတဲ့ အစိုးရတစ်ရပ်ကို အလိုမရှိတော့တဲ့ ပြည်သူလူထုရဲ့ တုံ့ပြန်မှုတွေပါ။ အဲဒီလှုပ်ရှားမှုတွေမှာလည်း မဆလခေတ် နိုင်ငံရေးအကျဉ်းသားပေါင်းများစွာဟာ နံရံလေးဘက်ထဲမှာ နေခဲ့ကြ ရပါ တယ်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ မဆလအစိုးရဆီကနေ နဝတစစ်အစိုးရက နိုင်ငံတော် အာဏာ ကို စစ်အာဏာသိမ်းပြီး ရယူလိုက်ပါ တယ်။ ပြည်သူလူထုကို ဖိနှိပ်ခဲ့တဲ့ မဆလအစိုးရခေါင်းဆောင်ေ တွ ကို နဝတ စစ်အစိုးရက မည်သူ့ကိုမျှ ဖမ်းဆီးထိန်းသိမ်းခြင်းမပြုဘဲ ဒီမိုကရေစီအရေး တော်ပုံမှာ ပါဝင်ခဲ့ကြ သူများကိုတော့ လက်နက်နဲ့အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်ပြီး အကျဉ်းထောင်ထဲနဲ့ နယ်စပ်ဒေသများသို့ အတင်း တွန်းပို့ခဲ့ပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ မဆလတဖြစ်လဲ တစညပါတီ အနိုင်ရ မယ်ထင်လို့ ကျင်းပပေးခဲ့ပေမယ့် ပြည်သူ လူထုဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဝိုင်းဝန်းထောက်ခံလိုက်တဲ့အတွက် (NLD) ဟာ မဲအပြတ်အသတ်နဲ့ အနိုင်ရ ရှိလိုက်ပါတယ်။ ဒါပေမယ့် စစ်အစိုးရဟာ (NLD) ကို အာဏာလွှဲပေးခြင်းမရှိခဲ့သလို စစ်တပ်ကလည်း စစ်တန်း လျားကို မပြန်ခဲ့ပါဘူး။

စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို ဗဟိုပြုထားတဲ့ အုပ်ချုပ်ရေးစနစ်တွေရှိနေသေးသ၍ ပြည်သူလူထုရဲ့ ဒီမိုကေ ရစီရေးလှုပ်ရှားမှုတွေပေါ်ပေါက်နေဦး မှာပါ။ စစ်အစိုးရဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ ကို နှိမ်နင်း ရင်း နိုင်ငံေ ရးအကျဉ်းသားတွေကို အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးနှိပ်စက်နေဦးမှာပါပဲ။

● နိုင်ငံရေးအကျဉ်းသားတွေရဲ့ လက်ရှိအခြေအနေ
နိုင်ငံတကာရဲ့ ဖိအားဒဏ်ကနေ ရှောင်လွှဲနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူး။ တည်ဆဲဥ ပဒေတွေကို ဖောက်ဖျက်ကျူးလွန်လို့ ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးခံရသူတွေပဲ ရှိတယ် ဆိုပြီး အမြဲပြောဆိုခဲ့ပါတယ်။

စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့်အကျဉ်းသားလို့သတ်မှတ်သုံးနှု န်းပါတယ်။ စစ်အစိုးရအလိုကျ ထုတ်ဝေရတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ တည်ဆဲဥပဒေကို ဖောက်ဖျက်ကျူးလွန်သူတွေ၊ နိုင်ငံတော်လုံခြုံရေးအရ ထိန်းသိမ်းထားရသူတွေ လို့ ဖော်ပြေ လ့ ရှိပါတယ်။

တည်ဆဲဥပဒေလို့ဆိုရာမှာလည်း တရားမျှတမှန်ကန်မှု ဘယ်လောက်ထိရှိသလဲဆိုတာကလည်း အရေးကြီးလှပါ တယ်။ နာမည်ဆင်တူသူကို မှားယွင်း ဖမ်းဆီးမိရာက ပြန်လွှတ်လိုက်ရင် အရှက်ကွဲမှာစိုးလို့ ပြန်မလွှတ်တော့ဘဲ မရရအောင် အမှုဆင်ပြီး ထောင်ချခံရသူတွေလည်း ရှိပါတယ်။

ထင်ရှားတဲ့ဥပမာ ပြရရင်တော့ ၂၈၊၁၁၊၂ဝဝ၈မှာ ၅ဝ၅ (ခ)၊ အသင်းအဖွဲ့(၆) ပုဒ်မတွေနဲ့ ထောင် ဒဏ် (၁၁) နှစ်အချခံရတဲ့ နိုဘယ်အေး (ခေါ်) နှင်းမေ အောင်ပဲ ဖြစ်ပါတယ်။ သူ့ကိုအိမ်မှာ ချစ်စနိုးနဲ့ ‘နိုနို’ လို့ ခေါ်ကြတာကို ‘နို့နို့’လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ မှားယွင်းဖမ်းဆီးရာကနေ အခုလို ထောင် ဒဏ်ချ မှတ် လိုက်တာဖြစ်ပါတယ်။

၁၉၈၉ တုန်းကလည်း ကိုညီညီဦး (သံလျင် NLD လူငယ်) အပါအဝင် လေးဦးဟာ သံလျင်ရေနံချက်စက်ရုံကို ဗုံးခွဲခဲ့တယ်လို့စွပ်စွဲခံရပြီး စစ်ထောက်လှမ်း ရေးရဲ့ မှားယွင်းဖမ်းဆီးခံရကာ သေဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီနှစ်ကုန်ပိုင်းမှာပဲ KNU က ကိုကိုနိုင်ဆိုသူဟာ သံလျင်ရေနံချက်စက်ရုံကို ဗုံးခွဲခဲ့တဲ့ တရားခံဖြ စ်ကြောင်း၊ ရန်ကုန်မြို့ကို မီးလောင်တိုက်သွင်းမယ့် အစီအစဉ်တွေ အကောင်အထည်ဖော်မယ့်သူဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ တွေလုပ်ပြီး စစ်အစိုးရသတင်းစာတွေမှာ တရားဝင်ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ကိုညီညီဦး (သံလျင် NLD လူငယ်) အပါအဝင် လေးဦးဟာ အခုအချိန်ထိ တောင်ငူထောင်မှာ မလွတ်သေးပါဘူး။

ဒါ့အပြင် စစ်ကြောရေးကာလမှာ နှိပ်စက်ခံရလို့ သေဆုံးရသူတွေ၊ တသက်လုံး လူစဉ်မမီတော့သူတွေ၊ နာတာရှည်ဝေဒနာ ခံစားရသူတွေ ဒုနဲ့ဒေးပါပဲ။ NLD ခရမ်းအမတ် ဦးတင်မောင်ဝင်း၊ NLD ဦးမောင်ကို၊ NLD ကိုကိုးကျွန်း အမတ် ဦးလှသန်း၊ ဦးဘသော် (စာရေးဆရာ မောင်သော်က)၊ ရဲဘော်သုံး ကျိပ်ဝင် ဗိုလ်ဇေယျ ရဲ့ညီဖြစ်သူ ဦးစိုးဝင်း၊ ဦးခင်မောင်(ဗိုလ်စက်ရောင်)၊ ဦးညိုဝင်း(ရွှေကျင်)၊ ကိုစည်သူ၊ ရှင်နေမိန္ဒ အစရှိတဲ့ ရဲဘော်ပေါင်းများစွာဟာ စစ်စိုးရရဲ့အကျဉ်းထောင်တွေထဲမှာ နှိပ်စက်စစ်ဆေးခံရတဲ့ဒဏ်၊ ဆေးဝါးကုသမှု လုံလောက်စွာမရတဲ့ဒဏ်တွေကြောင့် ကျဆုံးခဲ့ကြရပါတယ်။

စစ်ကြောရေးကာလ နှိပ်စက်မှုဒဏ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားနေရသူတွေကလည်း မရေမတွက်နိုင်အောင် ရှိနေပါတယ်။ ထောင်ကလွတ်လာပြီးတာတောင်မှ ထောင်တွင်း ဒဏ်ရာဒဏ် ချက်တွေေ ကြာင့် တသက်လုံး ဝေဒနာခံစားနေရသူတွေလည်း အများအပြားရှိနေပါ တယ်။

ရွှေဝါရောင်တော်လှန်ရေးကာလမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်တွေကို စစ်အစိုးရက ဘယ်လို ရက်ရက်စက် စက် နှိမ်နင်းခဲ့တယ်ဆိုတာကို တကမ္ဘာလုံး ကအသိပါပဲ။ ဒီထဲမှာ အချောင်အသတ်ခံခဲ့ရ သူကတော့ ဂျပန်နိုင်ငံသား သတင်းထောက် ခန်းဂျိနာဂအိပဲ ဖြစ်ပါတယ်။ အဖမ်းခံခဲ့ရတဲ့ သံဃာတော်တွေ ကို စစ်ကြောရေး စခန်းတွေမှာ ရက်စက်စွာနှိပ်စက်လို့ ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်တွေ၊ ဖမ်းဆီးစဉ်က ရရှိခဲ့တဲ့ဒဏ် ရာကို ဆေးဝါးကုသမပေးလို့ ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်တွေ၊ ပြစ်ဒဏ်တွေချမှတ်ပြီး ရဲဘက်စခန်းတွေဆီ အပို့ခံခဲ့ရတဲ့ သံဃာတော်တွေထဲကတချို့ အလုပ်ကြမ်းဒဏ်၊ အစာ အာဟာရနဲ့ ဆေးဝါးချို့တဲ့မှုဒဏ်တွေကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ သံဃာ တော်တွေ အများအပြား ရှိခဲ့ပါတယ်။

စစ်အစိုးရလက်ထက်မှာ ဖမ်းဆီးခံရတဲ့အချိန်ကနေ အမိန့်ချတဲ့နေ့အထိ ကာလကို ဥပဒေအရ ချုပ်ရက်ပြစ်ဒဏ် ကျခံကာလအဖြစ် သတ်မှတ်ပေးရမှာ ဖြစ်ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ရက်ဘယ်လောက် ပဲကြာအောင် ချုပ်ထားပါစေ၊ ချုပ်ရက်ကို ပြစ်ဒဏ်ကျခံကာလအဖြစ် ထည့်သွင်းသတ်မှတ် မပေးပါဘူး။ တချို့ ဆိုရင် ချုပ်ရက်က နှစ်နဲ့ချီပြီးတော့တောင် ရှိကြပါတယ်။

ဥပမာ အနေနဲ့ပြောရရင်၂ဝ၁၁၊ ဖေဖော်ဝါရီက ထောင်ဒဏ်စုစုပေါင်း (၆၅) နှစ်စီ အမိန့်ချခံခဲ့ရတဲ့ ကိုအေးမင်းနိုင်နဲ့ ဇနီးမစန်းစန်းမော် အပါအဝင်(၇) ယောက်အမှုမှာ သက်သေခံပစ္စည်းတစ်ခုတည်းကိုပဲ အမှု( ၄) မှုမှာ တင်ပြပြီး ၁ဝ နှစ်စီ စုစုပေါင်းနှစ်(၄ဝ) အပြစ်ဒဏ်ချမှတ်ခဲ့ပါ တယ်။ အမှန်တကယ် ဆိုရင် သက်သေခံပစ္စည်းတခုကို အမှုတစ်ခုမှာပဲ တင်ပြစီရင်ခွင့်ရှိပါတယ်။ အဲဒီအမှုမှာဆိုရင် ၂ဝဝ၈ မတ်လကတည်း က ဖမ်းဆီးပြီး ၂ဝဝ၈၊ စက်တင် ဘာလ အမိန့်ချရာမှာ ချုပ်ရက်တွေကို ခံစားခွင့်မပေးခဲ့ပါဘူး။

နောက်ထပ် သာဓကတစ်ခုကတော့ ထောင်ဒဏ် (၂၅) နှစ် ခံစားရပြီး မကြာမီကမှ လွတ်မြောက်လာခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ကိုဖြူမောင်၊ ကိုသန်း ကျော် အပါအဝင် (၄) ယောက်အမှုပဲ ဖြစ်ပါတယ်။ သူတို့ကို ၁၉၈၈၊ မေလမှာ နိုင်ငံတော်ပုန်ကန်မှု ၁၂၂ (၁) နဲ့ သေဒဏ်ချမှတ်ခဲ့ရာက လွတ်ငြိမ်း ချမ်းသာခွင့်အရ ၂၅ နှစ်နဲ့ညီမျှတဲ့ တကျွန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ ပါတယ်။ ထောင်ထဲမှာနေပြီး ဆယ်နှစ်ကျော်အကြာမှာ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ၁၇ (၁) နဲ့ နောက်ထပ် ထောင်ဒဏ်သုံးနှစ်စီအချခံခဲ့ရပါတယ်။

ဥပဒေအရ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ (၁) နဲ့ အပြစ်ပေးခံရပြီးရင် မတရားသင်းအဖွဲ့အစည်းနဲ့ ဆက်သွယ် မှုပုဒ်မ ၁၇ (၁) ဆို တာ အလိုအလျောက် အကျုံးဝင်ပြီးသားဖြစ်တယ်။

နိုင်ငံရေးအကျဉ်းသား တွေအတွက်ဆိုရင် ပြစ်မှုတခုအတွက် ပြစ်ဒဏ်အကြိမ်ကြိမ် ချမှတ်စီရင်နေတာ ဥပဒေမဲ့၊ တရားလက်လွတ်ကျင့်သုံးနေတာ စစ် အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတခုပါပဲ။

ကိုဖြူမောင်၊ ကိုသန်းကျော်တို့အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးရဲ့လျှော့ရက်တွေကို ၁၉၉၈ နိုဝင် ဘာလမှာ အကျဉ်းဦးစီးဌာနရဲ့ ဌာနတွင်း အမိန့်စာနဲ့ ပယ်ဖျက်ပြစ်လိုက်တဲ့အတွက် ဘာလျှော့ရက် ခံစားခွင့်မှ မရဘဲ ထောင်ထဲမှာ ၂၅ နှစ်နီးပါး နေခဲ့ကြရပါတယ်။ လူ့ဘဝသက်တမ်းရဲ့ သုံးပုံတပုံလောက် ပေး ဆပ်ခဲ့ရတဲ့ သူတို့ရဲ့ထောင်သက်ဟာ တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားရဲ့ ထောင်သက်တမ်းလောက် ရှည်ကြာခဲ့ပါတယ်။

နအဖစစ်အစိုးရလက်ထက် နောက်ပိုင်းကာလမှာ နိုင်ငံတကာဖိအားကနေ ရှောင်လွှဲနိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးပုဒ်မတွေအဖြစ် ခေါ်ဆိုနိုင်တဲ့ ၅(ည)၊ ၁၇(၁)၊ ၁၇(၂)စတာတွေ မတပ်တော့ဘဲ ၅ဝ၅(ခ)၊ ၂၄(၁) ၊ ၃၂(ခ) အစရှိတဲ့ပုဒ်မတွေနဲ့ စွဲချက် တင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

နအဖစစ်အစိုးရ လက်ထက်မှာ ဘယ်တုန်းကမှ မကြုံဖူး၊ မကြား ဖူးခဲ့ကြတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေ ထင်ကို (၁ဝ၆)နှစ်၊ ဦးခွန်ထွန်းဦးကို (၉၃) နှစ်နဲ့ ကျန်တဲ့အ မှုတွဲတွေကို (၇၉)နှစ်စီ၊ ABSDF ကိုသိန်းထွန်းကို သေဒဏ်အပြင် (၁၄)နှစ်၊ ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို (၆၅) နှစ်စီ အစရှိသဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ဒီပြစ်ဒဏ်တွေအတိုင်းသာ နေကြရမယ်ဆိုရင် သေပြီးတာတောင်မှ လွတ်နိုင်ဖွယ်မရှိပါဘူး။

နအဖတဖြစ်လဲ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ကျပြန်တော့လည်း ၁၆၊ ၅၊ ၂ဝ၁၁ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း အမိန့်အမှတ် (၂၈/၂ဝ၁၁) မှာ သေဒဏ်ကို တကျွန်း၊ ကျန်တဲ့အမှုတွေကို တနှစ်ေ လျှာ့ပေးမယ်ဆိုပြီး ကြေငြာခဲ့ပါတယ်။

အမှန်တော့ ဒီအမိန့်ကို လွတ်ငြိမ်းချမ်း သာခွင့်လို့တောင် မခေါ်သင့်ဘဲ ပြင်ဆင်ချက်လို့သာ ခေါ်ဆိုသင့်ပါတယ်။ ဘာလို့လဲဆိုရင် ချထားတဲ့ပြစ်ဒဏ်တွေ နဲ့စာရင် လျှော့ပေးတဲ့နှစ်ဟာ မနှိုင်းယှဉ်သာအောင် ကွာခြားနေလို့ပါပဲ။ တကျွန်းဆိုရာမှာ ၂ဝ နှစ်နဲ့ညီမျှတဲ့ တကျွန်းလား၊ ၂၅ နှစ်နဲ့ညီမျှတဲ့ တကျွန်းလားဆိုတာကို ကွဲကွဲပြာြး ပား ဖော်ပြထားခြင်းမရှိသလို တနှစ်လျှော့တယ်ဆိုရာမှာလည်း အမှုတစ်ခုချင်းစီအပေါ် လျှော့မှာလား၊ ဒါမှမ ဟုတ် စုစုပေါင်းအပေါ်မှာမှ တနှစ်လျှော့မှာလားဆိုတာကိုလည်း ဖော်ပြမထားပါဘူး။

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်အစိုးရရဲ့ကြေငြာချက်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ဟုတ်ဘဲ နိုင်ငံတကာဖိအားနဲ့ ပြည်တွင်းကတောင်းဆိုမှုတွေ အရှိန်လျော့ကျသွားစေဖို့သာ ရည်ရွယ်ခဲ့တာ ထင်ရှားလှပါတယ်။

စစ်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်ချမှတ်ရာမှာ တစ်ပေါင်းတည်းချမှတ်လေ့မရှိဘဲ သီးခြား စီ ပြစ်ဒဏ်ချမှတ်လေ့ရှိပါတယ်။ ဒီအမိန့် ကြေငြာစာအရ လွှတ်ပေးတဲ့အကျဉ်းသားေ ပါင်း သောင်းေ လးေ ထာင်ကျော်မှာ နိုင်ငံရေးအကျဉ်းသားပေါင်း ဆယ်ဂဏန်းပဲ ပါဝင်ပါတယ်။ အဲဒီထဲမှာမှ လွတ်ရက်စေ့နေ သူတွေ၊ လွတ်ဖို့ ရက်ပိုင်း၊ လပိုင်းပဲ လိုတော့တဲ့သူတွေသာ အများစု ပါဝင်နေပါတယ်။

ဒါကြောင့်မို့ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ စစ်အစိုးရအဆက် ဆက်နဲ့ အခုလက်ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရလို့ အမည်ခံထား တဲ့ ဘောင်းဘီချွတ် ဗိုလ်ချုပ်ကြီးတွေ ရဲ့ ကြံ့ဖွံ့အစိုးရလက်ထက်မှာပါ မြန်မာနိုင်ငံ က နိုင်ငံရေးအကျဉ်း သားတွေဟာ လူ့အခွင့်အေ ရးေ တွကို နည်းမျိုးစုံနဲ့ ချိုးဖောက်ခံခဲ့ရ၊ ခံနေရဆဲဖြစ်ကြောင်း တင်ပြလိုက်ရပါတော့တယ်။ ။

 
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: