RSS

Khin Nyein Thit – The Real Life Sorrow

11 Jun

ဘုရားစူးပါစေ … တကယ့်အဖြစ်လေး

ခင်ငြိမ်းသစ်
ဇွန် ၁၀၊ ၂၀၁၁

အခုတလော သတင်းတွေမှာ ပင်စင်စားတွေအသံကို ကြားနေရပါတယ်။ တကယ်ကတော့ ပင်စင်ရငွေကို တိုးပေးသင့်တာ အတော်ကြာနေပါပြီ။ မြန်မာ ပြည်မှာ ငွေတန်ဖိုး အဆမတန်ဖောင်းပွနေတာက တော်တော် ကြာနေပါပြီ။ ငွေတရာ၊ ငွေ နှစ်ရာဆိုတာက ကလေးမုန့်ဖိုးဘဲရှိပါတယ်။

ကျမအဖိုးက သွင်းကုန်ထုတ်ကုန်လုပ်ငန်းက ညွှန်မှူးရာထူးနဲ့ ၁၉၈၂ လောက်က ပင်စင်ယူခဲ့ပါတယ်။ အဲဒီအ ချိန်က အဖိုးရဲ့ပင်စင်လစာက ၃၀၀ ကျော် လောက်ရတယ်တဲ့။ အဖွားက ပြည်တွင်းအခွန်ကနေ ပင်စင်ယူ လိုက်တော့ ပင်စင်လ စာ ၂၀၀ နီးပါးရပါတယ်။ အဖိုးနဲ့အဖွားက ပင်စင်စားတွေအဖြစ် ဘယ်သားသမီး ဆီက မှ လက်ဖြန့်စရာမလိုဘဲ သူတို့ဘာသာ နေထိုင်စားသောက်နိုင်ပါတယ်။ အဲဒီခေတ်က နေ့စားတယောက်ကို ၃ ကျပ် ၈၅ ပြား ပေးတဲ့ခေတ်ပါ။ သားသမီးတွေက သိတတ်လို့ ကန်တော့ရင်တော့ ငွေပိုငွေလျံအဖြစ် လှူနိုင် တန်းနိုင်ပါတယ်။

ကျမ ဘကြီး ဘဏ်လုပ်ငန်းကနေပင်စင်ယူတော့ ၁၉၉၁ ခုနှစ်မှာပါ။ သူရတဲ့ ပင်စင်လစာ ငွေ ၆၀၀ ရာက သုံးမေ လာက်တော့ သူ့ဇနီးစုဆောင်းထားတဲ့ငွေလေးကို အရင်းအနှီးပြုပြီး အတိုးအများကြီးမယူ ဘဲ နှစ်ဦးနှ စ်ဖက် အလုပ်ဖြစ်ယုံ ဈေးသည်တွေ ကို ငွေတိုးချရသတဲ့။ အဒီအချိန်က ဆန်တပြည်ကို ၂၅ ကျပ်လောက်ဖြစ်ေ နပါပြီ။ ထမင်းစားချိန် ဧည့်သည်လာရင် ထမင်းစားခေါ်ဖို့ ဝန်မလေးကြသေးပါဘူး။ ကျမအ ဖွား အမြဲပြေြာေ ပာနေတတ်တာက ကမ္ဘာမှာ မြန်မာလူမျိုးက ဧည့်ဝတ်ကျေတဲ့လူမျိုး တွေတဲ့။

ကျမအဖေ ပင်စင်ယူတော့ ၁၉၉၄ ခုနှစ်မှာပါ။ ကျမကျောင်းပြီးတဲ့နှစ်မှာ အဖေပင်စင်ယူလိုက်ပါတယ်။ အဖေ့ပင် စင် ငွေ ၆၀၀ ကျပ်နဲ့ ဘယ်လိုမှ မရပ်တည်နိုင် တော့ပါဘူး။ ကျမလည်း ကျူရှင်သင်၊ အဖေလည်း ကျူရှင်သင်ေ တာ့မှ ကျောင်းနေဆဲ မောင်နဲ့ညီမ အဆင်ပြေပါတယ်။ လက်ဖက်ရည်တခွက်ကို ၃ ကျပ်လောက်ြ ဖစ်နေပြီ ဆိုတော့ လက်ဖက်ရည်အရမ်းကြိုက်တဲ့ ကျမအမေ လက်ဖက်ရည် လျော့ေ သာက် နေရပါပြီ။

၁၉၉၅ ကနေ ၂၀၀၁ အထိ ကျမက နိုင်ငံရေးအကျဉ်းသား အဖြစ်ထောင်ထဲမှာ ရှိနေစဉ် ၁၉၉၆ မှာ ကျမအဖေဆုံးပါးသွားပါတယ်။ ဆက်လက်ခံစားပိုင်ခွင့်အဖြစ် ကျမအမေက လစဉ် ငွေ ၃၀၀ ကျပ် ရရှိပါတယ်။ အမေကံကောင်းတာက ကျမရဲ့ မောင်ရော၊ ညီမရော၊ အမကပါ၊ တဦးတည်းကျန်သော မိခင်ကို စောင့်ေ ရှာက်ကြ လေ တော့ အမေမျက်နှာမငယ်ရပေမယ့်၊ အကယ်၍ အဖေ့ပင်စင်ငွေ ၃၀၀ ကျပ်နဲ့သာ အမေရပ်တည် ရ မယ်ဆိုရင် ဘယ်လိုမှရပ်တည်နိုင်မှာမဟုတ်ပါဘူး။ ဆန်တပြည်ကို ၅၀ ကျပ်နဲ့ ၆၀ ကျပ်ကြားထဲမှာ ရှိပါတယ်။ ကက အငှားယာဉ်တွေပေါ်ကာစဖြစ်လို့ ခရီးစနဲ့ ခရီးဆုံးကို ငွေ ၂၀၀ ကျပ် ကျသင့်တဲ့အချိန်ပါ။

၂၀၀၃ မှာ ကျမအမေဆုံးတော့ အမေမထုတ်ဖြစ်တဲ့ ပင်စင်လစာ ၆ လစာ ကျန်ခဲ့ပါတယ်။ တကယ်လို့သွားထုတ် မယ်ဆိုရင် ထောက်ခံစာယူရမယ်။ သေစာရင်း အိမ်ထောင်စုစာရင်း ဘာညာလိုအပ်တာတွေနဲ့ မကာမိလို့ ကျမတို့ညီအမတွေလဲ ဒီ အတိုင်းဘဲ ထားလိုက်ပါတယ်။ အဲဒါက ကျမတို့မိသားစုရင်ဆိုင်ဘူးတဲ့ ပင်စင်စား ဘဝတွေပါ။ အဲဒီအချိန်ရောက်တော့ ဆန်တပြည်တောင် ၅၀၀ ကျော်လောက်ရှိပါ တယ်။ အမေရတဲ့ငွေ ၃၀၀ ဟာ ကလေးမုန့်ဖိုးသာသာပါဘဲ။

၂၀၀၈ ခုနှစ် ကျမတို့မိသားစုလိုက် မြောက်ဒဂုံဘက်ကို ပြောင်းရွေ့ နေထိုင် ခဲ့ရပါတယ်။ မန္တလေးလမ်းဈေးမှာ ကျမ ကြုံခဲ့ဘူးတဲ့အကြောင်း ပြောပြချင်မိလို့ပါ။ မန္တ လေးလမ်းထိပ်မှာ မနက် ၉ နာရီနဲ့ ၁၀ နာရီကြားဆိုရင် အသားခပ်လတ်လတ် အဝတ် အစားနွမ်းပါးပေမယ့် သန့်သန့်ရှင်းရှင်းနဲ့ အဖွားကြီးတယောက် ဒန်ဖလာြးေ ပာင်ပြောင် လေးရှေ့ချပြီး ထိုင်နေလေ့ရှိပါတယ်။ တခြားတောင်းစားသူတွေလို တဂျီဂျီနဲ့ တောင်း တာမျိုးမဟုတ် ဘဲ ငြိမ်ငြိမ်သက်သက်ထိုင်နေတာပါ။ ၁၀ နာရီကျော်လာရင် စစ်ကိုင်း လမ်းမှာရှိတဲ့ ကျမရဲ့ဆိုင်ဘက်ကို အမြဲလမ်းလျှောက်လာတတ်ပါတယ်။ တခါကတော့ ကျမဆိုင်ထဲဝင်လာပြီး မုန့်ဟင်းခါး ၂၀၀ ဖိုးရောင်းပါလို့ သူကပြောပါတယ်။ ကျမဆိုင် က အလုပ်သမားတွေက တပွဲ ၃၀၀ ရောင်းလို့ ၂၀၀ ဖိုးဆိုရင် မရောင်းရဲဘူး လို့ ပြော ပါတယ်။ ကျမဈေးကပြန်လာတာနဲ့တိုးလို့ ကျမက ရောင်းပေးလိုက်ပါပြောမှ ဆိုင်က ကလေးတွေ က ရောင်းပေးလိုက်ပါတယ်။

သူက မုန့်ဟင်းဖတ် မပါလဲရတယ်။ မုန့်ဟင်းရည် ပိုထဲ့ပါလို့ပြောပါတယ်။ ကျမက အဲဒီအဖွားကြီးကို စိတ်ဝင်စားနေတာကြာပြီမို့လို့ အဖွားခဏထိုင်ပါလို့ ပြော ပြီး မေးလိုက်ပါတယ် “ အဖွားက အိမ်မှာ ထမင်းနဲ့စား မ လို့လား” ဆိုတော့ အဖွားကြီးက ခေါင်းညိတ် အဖြေပေးပါတယ်။ ကျမကလဲ စိတ်ထဲမှာ အလှူလုပ်ချင်စိတ်ေ ပ်ါလာလို့ ဒီမှာ အဝစားသွားပါလားလို့ ပြောလိုက်ပါတယ်။ အဖွားက ခေါင်းခါငြင်းဆန်ပြီး အိမ်မှာ အဖိုးကြီးဆာေ နလိမ့်မယ်တဲ့။ ကျမလဲ ဆိုင်ကကောင်မလေးတွေကို ပိုထည့်ခိုင်းလိုက် ပါတယ်။ အဲဒီတုန်းက ဆန်တပြည်ကို အညံ့ဆုံးဆိုရင်တောင် ၉၀၀ လောက်ပေးရပါ တယ်။

တရက်မှာတော့ အဖွားကြီးက သူဗိုက်ဆာလွန်းလို့ မုန့်ဟင်းခါး အကြွေး ရောင်းဖို့ပြောပါတယ်။ ကျမလဲသနားလို့ သူ့ကို ထည့်ပေးလိုက်ပါတယ်။ ပိုက်ဆံ ပြန် ရဖို့ ကျမ မမျှော်လင့်ပါဘူး။ ဒါပေမယ့် နောက်နေ့မှာ သူက ရာတန်အနွမ်းလေး ၂ ရွက် လာပေးပါတယ်။ ကျမက ပြန်လှူလိုက်လို့ ကျမကို ဆုတွေတသီချည်းပေးပါတယ်။ လူတော်တော်များများက အကြွေးယူသွားရင် တောင်းမှပေးပါတယ်။ အဲဒီလိုလူမျိုးထဲ အဖွားမပါ ပါဘူး။

သူ့ကို ကျမနေ့တိုင်းတွေ့ပါတယ်။ ကျမဆီမှာ သူဘယ်တော့မှ အလကားမ စားပါဘူး။ ၂၀၀ကျပ်တော့ သူကပေးပါတယ်။ ကျမဆိုင်မှာ ရပ်ကွက်လူကြီးနဲ့ သူ့က တော်က မကြာခဏ အလကားအားပေးပေမယ့် အဖွား ကတော့ ငွေ ၂၀၀ ကျပ်ကို ပေး သွားတတ်ပါတယ်။

ကျမရဲ့ဆိုင်နားမှာဘဲ အသက် ၇၆ နှစ်ရှိနေပြီဖြစ်တဲ့ တပ်မတော်က အနား ယူထားတဲ့ အဖိုးကြီးလဲရှိပါတယ်။ သူက ပါလီမန်ဒီမိုကရေစီခေတ်ကိုလဲမှီတဲ့လူပါ။ ဗေဒင်ဟောစားပါတယ်။ အဖိုးက သွေးတိုးကြောက်လို့ မုန့်ဟင်းခါး မစားပါဘူး။ သက် ကြီးရွယ်အိုဆိုတော့ ရေနွေးလိုချင်လို့ လာဝယ်တာပါ။ ကျမက ရေနွေးအလ ကားပေး နေကြပါ။ အဖိုးက ကိုယ်ချင်းစာစကားပြောရှာပါတယ်။ ညည်း လောင်စာဖိုးကုန်မှာ ပေါ့တဲ့။ အဖိုးမှာ သားတယောက်ရှိတယ်တဲ့။ သူ့သားက တလကို ငွေ ၂ သောင်း ထောက်ပံ့တယ်တဲ့။ အဖိုးက သူပိုင်တဲ့အိမ်ကို တခြမ်းခြမ်းပြီး ငှားထားတယ်တဲ့။ အဲဒီ ကနေ တလကို ငွေ ၂ သောင်းရတယ်။ ဗေဒင်ဟောတာက သိပ်များများ စားစား မရပါ ဘူး။

အဖိုးက နေမကောင်းရင် ဆေးခန်းမပြဘူး။ ကွမ်းယာဆိုင်မှာရောင်းတဲ့ ဆေးတွဲဘဲ ဝယ်သောက်တယ်။ ကျမ ကွမ်းယာဆိုင်မှာ မုန့်သွားတယ်တုန်း အဖိုးနဲ့ တွေ့တော့ ကျမက အဖိုးနေမကောင်းဘူးလားလို့မေးလိုက်တော့ အဖိုးက သွေးတိုးနေ လို့တဲ့။ ကျမက ဆေးခန်းပြပါလားလို့ပြောတော့ အဖိုးက “ဆေးခန်းတခါသွားရင် ငွေ ၁၅၀၀၊ ၂၀၀၀ လောက်ကုန်တာသမီးရဲ့။ သွေးတိုးတိုင်း ဆေးခန်းပြေးရရင် အဖိုး ထ မင်းတောင် စားရမှာ မဟုတ်ဘူးတဲ့။ ပင်စင်စားတွေရဲ့ဘဝဟာ အတော်ကိုအောက်ကျ နောက်ကျနိုင်ကြပါတယ်။ တယောက်ထဲနေ တဲ့ အဖိုးက ထမင်းလခ တလကို ၂ သောင်း ၅ ထောင် ပေးနေ ရပါတယ်။ ချွေတာ တဲ့အနေနဲ့ နေ့တိုင်း လက် ဖက်ရည်မ သောက်ဘဲ တထုပ် ၇၅ ကျပ်တန် ကော်ဖီမစ်ကိုဘဲ အိမ်မှာဝယ်သောက်ပါတယ်။ လက်ဖက်ရည်တ ခွက်ကို ၂၅၀ – ၃၀၀ လောက်ပေးရပါတယ်။

ဒီလိုနဲ့ ကျမဟာ အမြဲတန်းဂရုစိုက်နေမိတဲ့ လူ ၂ ယောက် ရှိလာခဲ့ပါတယ်။ အခုတလော ကျမဆိုင်ရှေ့က အဖွားဖြတ်မသွားတာ သတိပြုနေမိပါတယ်။ ကျမရင် ထဲမှာစိတ်ပူနေမိတာ အမှန်ပါဘဲ။ ဒီလိုနဲ့ အဲဒီရက်တွေ အတွင်းမှာဘဲ ကျမရဲ့ကိစ္စတခု ရှိလို့တောင်ဒဂုံ ဘက် ကို သွားရပါတယ်။ အတော်တိုက်ဆိုင်တယ် လို့ ပြော ရမှာပါ။ ကျမသွားတဲ့လမ်းထဲက တဲအိမ်တလုံးရဲ့ အိမ်ရှေ့မျက်နှာစာမှာထိုင်နေတဲ့ အဖွားကို တွေ့ပါတယ်။ ကျမ ထိတ်ကနဲဝမ်းသာသွားပါတယ်။ ဒါကြောင့် အဲဒီရပ်ကွက်ထဲက အမကို မေးလိုက်မိပါတယ်။

အမက ညီမ .. ဖွားမိနဲ့သိလားတဲ့၊ ကျမက သိတယ်လို့ပြောတော့ အမက “ဖွားမိက သနားဖို့ကောင်းတယ်တဲ့၊ သူ့ယောက်က်ျားက တောကျောင်းဆရာ၊ သူတို့ ခေတ်က ၇ တန်းအောင်ရင် တောပိုင်းမှာ မူလတန်းဆရာ လုပ်လို့ရတယ်လေ။ ပင်စင် စားကြီးပေါ့။ သားထောက်သမီးခံလဲမရှိဘူး။ ဖွားမိက ပညာမတတ်ရှာဘူး။ သူ့ခင်ပွန်း ကိုဘဲ မှီခိုနေရတာ။ အဖိုးကြီး အိပ်ရာထဲလဲနေတာ၂ နှစ် နီးပါးကြာနေပြီ။ ပင်စင်လခ တွေက မလောက်မငှဆိုတော့ နေကောင်းနေတုန်းကဆိုရင် အဖိုးဂျာနယ်လေး ဘာ လေးရောင်းတယ်လေ။ အခုတော့ ဖွားမိဘဲ လုပ်ကိုင်ကျွေးမွေးနေရတာတဲ့။ အသက် ကြီးမှ ပင်ပင်ပန်းပန်းလုပ်နေရတယ်တဲ့။ အဲဒီအမက ဖွားမိလုပ်တဲ့အလုပ်ကို သေချာ သိပုံမရလို့ ကျမလဲ ပြောမပြခဲ့ပါဘူး။

ကျမပြန်ခါနီးတော့ ဖွားမိအိမ်ကိုဝင်လိုက်ပါတယ်။ အိမ်လေးက ယိုင်ယိုင်နဲ့ နဲ့လေးပါ။ အိမ်မိုးထားတဲ့ဓ နိတွေလဲ ပေါက်ပြဲနေပါတယ်။ ထရံတွေလဲ ဆွေးမြေ့နေပါ တယ်။ အိမ်မှတကယ့်ကို အိမ်ဖြစ်တယ်ဆိုရုံလေးပါ ဘဲ။ အဖွား ဘာဖြစ်လို့ဆိုင်ဘက် မလာတာလဲလို့ ကျမကမေးတော့ အဖွားက “နေမကောင်းဘူး သမီးရယ်တဲ့၊ ကျမ အိမ်ထဲကိုလှမ်းကြည့်လိုက်တော့ အိမ်ထဲက အိပ်ယာလေးပေါ်မှာ ပိန်ပိန်လှီလှီ အဖိုး တယောက် အိပ်နေပါတယ်။ ကျမ အိမ်ထဲကိုလှမ်းကြည့်တာကို အဖွားက သိသွား တော့ “အဲဒါ အိမ်သားလေ၊ သူနေမကောင်းတာကြာပြီ၊ အရင်ကတော့ ဆေးခန်းမှန်မှန် သွားနိုင်တယ် အခုတော့ ဆရာဝန်မပြနိုင်တာေ တာင်ကြာသွားပြီ” တဲ့ ။ ကျမက ဘာ ရောဂါလဲမေးတော့ ကျောင်းဆရာဘဝတုန်းက ရှူခဲ့ရတဲ့ မြေဖြူမှုန့်တွေေ ကြာင့်ေ ရာ၊ ဂျာနယ်ရောင်းတုန်းက မနက်စောစောထ ဂျာနယ်တိုက်မှာ ဂျာနယ်သွားယူရတော့ ပင်ပန်းတာေ တွေ ရာ ပေါင်းသွားတာပေါ့လေ။ သွေးတိုး၊ နှလုံး၊ ရင်ကျပ်၊ အို … အစုံ ဘဲ။ ပိုက်ဆံချမ်းသာရင်တော့ သက်သက်သာသာနေနိုင်မှာပေါ့။ အင်း အခုတော့ သူ လဲ ခံစားရတာ မသက်သာ၊ အဖွားလဲ သူ့ကိုမြင်ရတာ မသက်သာဘူးသမီးရယ်တဲ့။

ကျမလဲ တတ်နိုင်သလောက်ငွေလေးကို အဖွားလက်ထဲထည့်ပေးတော့ အ ဖွားမျက်လုံးမှာ မျက်ရည်တွေဝဲနေပါ တယ်။ ကျမလဲ ချမ်းသာတာမဟုတ်လေတော့ အများကြီး မပေးနိုင်ပေမယ့် ကျမမိဘတွေသာဆိုရင် ဆိုတဲ့အေ တွးကြောင့် ကျမ ပေး ခဲ့မိပါတယ်။ ဒီငွေဟာ သူ့တို့အတွက် တညနေစာအဟာရကို သုံးဆောင်နိုင်မယ်လို့ ကျမ ထင်မိပါတယ်။ ဒါဆို ကျမ အိုမင်းလို့ မစွမ်းနိုင်သူတွေကို လှူရကျိုးနပ်ပါတယ်။ လက်ဖက်ရည်ဖိုးကိုေ တာ့ လျော့ရမှာပေါ့။ ကျမ လက်ဖက်ရည်မသောက်ရတာက ပြ ဿနာတခု မဟုတ်ဘူးလေ။

အခုတော့ ကျမရဲ့ အဖိုးနဲ့ အဖွားလဲ ပင်စင်လခနဲ့ အသက်ရှင်ဖို့ မဖြစ်နိုင်တဲ့ အခါမှာ သားသမီးမြေးမြစ်တွေကို မှီခိုနေရပါတယ်။ တခါတလေတော့ သားသမီး မြေးမြစ်တွေနဲ့ တစုံတရာ သဘောထားကွဲလွဲခဲ့ရင် ကိုယ့်အ ခန်းထဲမှာ ကိုယ့်ဖာသာဘဲ ဝမ်းနည်းနေကြရတဲ့ အိုမင်းမစွမ်းတွေဖြစ်နေပါပြီ။ ငယ်ဘဝအတွေ့ အကြုံေ တွ ကို စား မြုံပြန်ရင်း ရသေ့စိတ်ဖြေနေကြရတဲ့ ဘဝတွေပါ။

ကျမရဲ့ ဘကြီးတွေ ကြီးဒေါ်တွေလဲ ကိုယ်ဘာသာကိုယ် မရပ်တည်နိုင်ကြ တော့ သားသမီးမြေးမြစ်တွေကိုဘဲ အားကိုးနေကြပါတယ်။ ကျမရဲ့ကြီးဒေါ်ကပြောပါ တယ် “အသက်ရှည်တယ်ဆိုတာ လူတွေလိုချင် တမ်းတတဲ့ အရာဖြစ်ပေမဲ့ မြန်မာပြည် က အသက်ကြီးရွယ်အိုတွေဆိုတာက ဝဋ်ဒုက္ခကြီးတဲ့တွေဘဲ ဖြစ်ရမယ်” တဲ့လေ။ ကိုယ်တိုင်လဲ မချမ်းသာ၊သားသမီးမြေးမြစ်တွေကိုလဲ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။

ကြီးဒေါ်ရဲ့အယူအဆအတိုင်းဆိုရင်တော့ အသက် ၅၈ နှစ်နဲ့ လူ့လောက ကိုကျောခိုင်းခဲ့တဲ့ ကျမရဲ့ အဖေနဲ့ အမေက ဝဋ်ဒုက္ခနည်းသူတွေများလားဆိုတဲ့ အ တွေးနဲ့ ကျမရင်ထဲမှာ မတင်မကျ ခံစားရပါတယ်။

 
Leave a comment

Posted by on June 11, 2011 in SUU66

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: