RSS

Aung way – Letters from Michigan – 72

12 Jun

မစ်ရှီဂန်ကပေးတဲ့စာ – ၇၂
အောင်ဝေး
ဇွန် ၁၂၊ ၂၀၁၁

မိတ်ဆွေကြီးကိုဒေါင်း …

ကျန်းခံ့သာလို့ မာပါစ။ ဥတုရာသီများလည်းသာပါစ။ ရွှေပြည်ကြီးဆီမျှော်ငေးကြည့်လိုက်တော့လည်း၊ ဒေါ်အောင် ဆန်းစုကြည်ပြောသလို၊ မိုးကုပ်စက်ဝိုင်းမှာတော့ မုန်တိုင်းမိုးတိမ်တွေကဆင်နေတုန်းပါပဲလား။

မြန်မာ့နိုင်ငံရေးကလည်း တဖက်မှာက အရပ်သားအစိုးရအသစ်အပေါ်၊စစ်အာဏာရှင်စနစ်အဟောင်းရဲ့ အရိပ် ထိုးကျနေတဲ့ အမှောင်တကာ့အမှောင်ထုကြီး။ တဖက်မှာတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲအ တွက်မဆုတ်မနစ်ချီတက်နေတဲ့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ မမှိတ်မသုန်အလင်း။

ကိုဒေါင်းရေ၊ အဲဒီအလင်းနဲ့ အမှောင်ကြားမှာ နိုင်ငံရေးရာသီဥတုကလည်း နွားရိုင်းသွင်းချိန်ဆိုတော့၊ အဲဒီလို ညီအကိုမသိတသိကာလမျိုးမှာ၊ ရန်သူလား မိတ်ဆွေလား၊ လူပင်လေလား တစ္ဆေလား၊ ကွဲကွဲပြားပြား ခွဲခြားရခက်ခဲတဲ့အခြေအနေမဟုတ်လား။

စစ်အာဏာရှင်စနစ်ကိုကိုယ်စားပြုသူ ဖိနှိပ်သူလူတစုရဲ့မတရားရက်စက် အကြမ်းဖက်လုပ်ရပ် အမှောင်ထုကြီးေ အာက်မှာ လျှောက်လှမ်းနေရတဲ့ နိုင်ငံရေးအခြေအနေက ညစ်ညစ်ထေးေ ထး နိုင်လွန်းလှပါရဲ့။နေ၀င်ရီတယော ဖုန်တသောသော တိမ်တသောသော၊ ညီလော အကိုလော ခွဲခြားမသိတဲ့အချိန်မျိုးဟာ မိတ်ဆွေရန်သူ ရုပ်လုံး မကွဲတတ်ပါဘူး။ မီးခိုးလား မြူခိုးလား မပီဝိုးဝါး တဲ့အရိပ်အရောင်တွေကြောင့် စိတ်အာရုံမှာ ယိုးမှားနိုင်စရာေ တွများ တဲ့အချိန်ပေါ့ ။

နိုင်ငံရေးရာသီဥတုက မကြည်မလင် မှုန်မှုန်မှိုင်းမှိုင်းရှိနေတဲ့ကာလမျိုးမှာ ကျနော်တို့ဟာ ကိုယ့်အချင်း ချင်းကိုတောင် တခါတခါ ယုံမှားသံသယ၀င်တတ်ကြတယ်။ ရန်သူလိုထင်မိတတ်ကြတယ်။ တပြိုင်နက်တည်း မှာပဲ ကျနော်တို့အထဲက တချို့လူတွေက ကိုယ့်ကိုအမှည့်ခြွေခြွေနေတဲ့ ရန်သူအပေါ်ကိုတော့ ယုံမှားသံသယမ ရှိ၊ ပကတိယုံလွယ်လွန်းနေကြပြန်ရဲ့ဗျာ။

ဘာကြောင့်များ ကျနော်တို့ဟာ ကျနော်တို့အချင်းချင်းအပေါ်မှာ လာပြီးယုံမှားသံသယတွေရှိနေကြရတာလဲဗျာ ။ဒီလို အချင်းချင်းသံသယရှိတာ မကောင်းဘူးဆိုတဲ့ အသိတရား အတွေးအခေါ် ကျနော်တို့ကြားမှာ ဆိတ်သုဉ်းပျောက်ကွယ်ကုန်ပြီလား။ ရဲဘော်ရဲဘက်စိတ်၊ တိုက်ဖော်တိုက်ဖက်စိတ်၊ သေဖော်သေဖက်စိတ်ဆိုတဲ့ စမ်းရေအလျဉ်က တသွင်သွင်မစီးနိုင်ဘဲ၊ ယုံမှားခြင်း၊ သင်္ကာမကင်းခြင်း၊ နောက်ကျော ဓားနဲ့ထိုးခြင်း စတဲ့ရေမြောင်းပုပ်တွေကပဲ တသွင်သွင်စီးနေလေရော့သလား။

ကိုဒေါင်းရေ …၊ ညစ်ထေးထေးနိုင်ငံရေးထဲက နာကြည်းခံခက်စရာလို့ပဲဆိုပါေ တာ့။ ရွှေဝါရောင်တော်လှန်ေ ရးကြီးအပြီးမှာ ကျနော်ထိခိုက်ခံစားခဲ့ရတာလေးပြောပြပါရစေ။၂၀၀၇ စက်တင်ဘာ ရွှေဝါ ရောင်တော်လှန်ရေး ကြီး ကို နအဖစစ်အစိုးရက ရက်ရက်စက်စက်ဖြိုခွဲနှိမ်နင်းပြိးစ၊ သံဃာတွေရဲ့သွေးတွေ မခြောက်သေးတဲ့အချိန်၊ မစ္စတာဂမ်ဘာရီကြီး မြန်မာပြည်ရောက်လာတဲ့အချိန်၊ သူခိုးက လူပြန်ဟစ်တဲ့အဖြစ်မျိုးပဲ ကိုဒေါင်း။ မြင်းခြံ -တောင်သာဘက်ကစလိုက်တဲ့ ရွှေဝါရောင်တော်လှန်ရေးကို အပုပ်ချတဲ့၊ ရှုတ်ချတိုက်ခိုက်တဲ့ တန်ပြန်ဆန္ဒပြ ပွဲတွေဟာ၊ နအဖစစ်အစိုးရစနက်နဲ့ အနယ်နယ်အရပ်ရပ်ကနေ၊ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားနယ်မြေတွေ အထိ၊ စစ်အာဏာရှင်အလိုကျထွက်ပေါ်ခဲ့တယ်မဟုတ်လား။

မစ္စတာဂမ်ဘာရီကြီးမြန်မာပြည် ဘယ်နှစ်ခေါက်လာလို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်နှခေါက်တွေ့ခဲ့သလဲ ဆိုတာတော့ ကျနော်လည်းမမှတ်မိတော့ဘူး။ မှတ်မိသလောက်၊ တခေါက်မှာတော့၊သူမြန်မာပြည်က အပြန် မှာ ဒေါ်အောင်ဆန်းစုကြည်ပါးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကို စင်ကာပူလေဆိပ်မှာ မစ္စတာ ဂမ်ဘာရီဖတ်ကြားကြေညာခဲ့တယ်မဟုတ်လား။

အဲဒီစင်ကာပူကြေညာချက်ထဲမှာ ကျနော်တို့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က အဖိနှိပ်ခံတိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ပတ်သက်လို့လည်း သူ့မှာအပြည့်အ၀တာဝန်ရှိပါတယ်လို့ ရိုးရိုးသားသားဝန်ခံထားတာပါ တယ် မဟုတ်လား။

အဲဒီစင်ကာပူကြေညာချက်ကို ကျနော်တို့က ၀မ်းပန်းတသာကြိုဆိုခဲ့ကြတဲ့အချိန်မှာ၊ အပစ်ရပ် (တိုင်းရင်း သား) ခေါင်းေ ဆာင်ဆိုသူတချို့ (အားလုံးကိုမဆိုလိုပါဘူး) သူတို့ က ဒေါ်အောင် ဆန်းစုကြည်ရဲ့သေ ဘာထားကို ဆန့်ကျင်ခဲ့ကြ၊ ကန့်ကွက်ခဲ့ကြတယ်မဟုတ်လား။ ကျနော်တို့ နားမလည်နိုင်ဖြစ်ခဲ့ရတယ် ကိုဒေါင်း။

အခုအချိန်ဟာ ပြည်တွင်းမှာလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့၊ အတိုက်အခံနိုင်ငံရေးအင်အားစုတွေက၊ တိုင်းရင်းသားလူမျိုးပေါင်းစုံက ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့ ပြင် ဆင်နေကြတဲ့အချိန်။ ကျနော်တို့ ဆရာဦးဝင်းတင်စကားနဲ့ ပြောရရင် ခြင်္သေ့အရေခြုံထားတဲ့မြေခွေးက ကျား အရေပြောင်းခြုံသလို၊ စစ်အစိုးရကနေ အရပ်သားအစိုးရဆိုတာကိုပြောင်းတဲ့အချိန်။ ဒီအချိန်မှာ ကျနော်တို့ လိုနေတာက၊ ရှစ်ဆယ့်ရှစ်ခွပ်ဒေါင်းစိတ်ဓာတ်တင်မဟုတ်၊၂၀၀၇ ရွှေဝါရောင်စိတ်ဓာတ်တင်မဟုတ်။ ကျနော် တို့ ဒီနေ့ အမှန်တကယ်လိုအပ်နေတာက၊ ၄၇ ပင်လုံစိတ်ဓာတ်၊

ဗိုလ်ချုပ်ေ အာင် ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ပင်လုံစိတ်ဓာတ်။ အဲဒီပြည်ထောင်စု ၀ိညာဉ်ကိ န်းေ အာင်းေ နတဲ့ မဟာစိတ်ဓာတ်ပဲမဟုတ်လား ကိုဒေါင်းရေ။

အားလုံးကို သတိရလျှက် …
အောင်ဝေး

 
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: