RSS

Burmese Helping Burmese Charity – June 2011

15 Jun

မိုးမခမိတ်ဆွေများ၏ နိုင်ငံရေးအကျဉ်းသားကူညီမှု ကျပ်ငွေ ၅ သိန်း ၄ သောင်း နှင့်

မြန်မာပြည်သားချင်း ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေက အမေရိကန်ဒေါ်လာ ၁ ထောင် (ငွေ ၇ သိန်း ၈ သောင်း)

ဇွန်လ အတွက် လှူဒါန်းနိုင်ခဲ့

မိုးမခ၊ ဇွန် ၁၅၊ ၂၀၁၁

မိုးမခမီဒီယာနှင့် မိုးမခမိတ်ဆွေများ၏ မြန်မာ့အရေး ကူညီမှုရန်ပုံငွေလှုပ်ရှားမှုက ယခုလ ဇွန် ၂၀၁၁ အတွက် မြန်မာပြည်တွင်းသို့ ကူညီမှု အလှူငွေစာရင်းကို ထုတ်ပြန်လိုက်ပါသည်။ အင်န်အယ်ဒီ၏ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုလုပ်ငန်းမှတဆင့် နိုင်ငံရေးအကျဉ်းသား ၅၀ ဦးအတွက် တလလျင် ကျပ်ငွေ ၁ သောင်းစီ (သီးခြားအလှူရှင် ၂ ဦးက ထပ်ဆောင်းငွေ ၃ သောင်းနှင့် ၁ သောင်းဖြင့်) စုစုပေါင်း ကျပ် ၅ သိန်း ၄ သောင်းကို၎င်း၊

မြန်မာပြည်တွင်းရှိ သက်ကြီးနိုင်ငံရေးသမား၊ အကျဉ်းကျ စာနယ်ဇင်းသမား၊ သပိတ်မှောက် စာပေပညာရှင်များ၊ အကျဉ်းကျ သံဃာတော် နှင့် သက်ဆိုင်ရာ မိသားစုများထံ တတ်စွမ်းသမျှ ကူညီမှုရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ထောင် (ကျပ်ငွေ ၇ သိန်း ၈ သောင်း ခန့်) ကို၎င်း ပေးပို့ လှူဒါန်းခဲ့ပြီ ဖြစ်ကြောင်း မိုးမခမိတ်ဆွေများ၊ အလှူရှင်များ အားလုံး သိရှိနိုင်ရန် တင်ပြလိုက်ပါသည်။

မိုးမခမီဒီယာရဲ့ အလှူခံလက်ခံရရှိကြောင်း ပြေစာကို အီးမေး သို့မဟုတ် စာတိုက်ကနေ တဦးချင်းစီကို ပြန်ကြားပေးလျက် ရှိပါသည်။ အမည်ဖော်ပြရန်မလိုသော အလှူရှင်များကိုလည်း သီးသန့်ပြေစာကို စာတိုက်က ပေးပို့လျက်ရှိသည်။

(ဓာတ်ပုံ – ၂၀၀၉ ဇွန်လ ၁၉၊ ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့်နေ့၊ အင်န်အယ်ဒီရုံးချူပ် အခမ်းအနားမှာ တွေ့ရတဲ့ မြန်မာကလေးငယ်တဦးရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ မိုးမခ )

 

 
Leave a comment

Posted by on June 15, 2011 in Burmese Helping Burmese

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: