RSS

Staire, Dr Maung Ba Chit

17 Jun

ဒီမိုကရေစီ မျှော်တိုင်းဝေး
ဒေါက်တာမောင်ဘချစ်
ဇွန် ၁၆၊ ၂၀၁၁
ကာတွန်းအား ဒီနေရာမှ ယူပါသည်။

ပြောချင်လွန်းလို့ပါ။ မောင်ဘချစ်တို့တတွေ အသက်လေးတွေရတာလတော့ ပြောလည်း မပြောချင်ပါဘူး။ ဒါပေ မယ့် တခါတခါတော့လည်း ဟောင်ချင်သေးတယ်ဆို တော့ ပြောတော့ပြောရတာပါပဲ။ ပြောခွင့်ပြုတဲ့ မိုးမခကိုလည်း ကျေးဇူးတင်ပါတယ်။

တခါက …. တဲ့ … ကမ္ဘာကိုဖန်ဆင်းတဲ့နတ်မင်းကြီးရှိသတဲ့။ အဲ့ဒီနတ်မင်းကြီးဟာ ”ငှက်တွေပျံတတ်စေ၊ ငါးတွေကို ရေကူးတတ်စေ၊ မျောက်တွေကို ခုန်နိုင်စေ” စသည် ဖြင့် သတ္တ၀ါအသီးသီးကို အစွမ်းသတ္တိတခုစီ ထည့်ပေးသတဲ့။

နှေးကွေးစွာသွားတဲ့လိပ်ကိုတော့ မင်းကို ငှက်တွေ မထိုးသုတ်နိုင်အောင် အခွန်မာ ယူစေလို့ အမာခွံကိုတပ်ပေး သတဲ့။ ဒါတောင် တခါတခါ ကြီးမားတဲ့ သိန်းငှက်တွေက လိပ်ခပ်ရွယ်ရွယ်ကောင်တွေဆိုရင် အမြင့်ကိုချီ သွားပြီး ကျောက်ဆောင်ပေါ်တွေကို ပစ်ချတယ်။ ဒီလိုပစ်ချပြီး အခွံကွဲသွားတဲ့လိပ်တွေ ကို ကောက်စားေ သးသတဲ့။

မြွေကတော့ အဆိပ်ကိုတောင်းသတဲ့။
နတ်မင်းကြီးက အေးလေ၊ မင်းက တွင်းထဲဝင်နေတော့ ဖမ်းဆီးသူတွေကို ခြောက် လှန်ဖို့ အဆိပ်လိုတယ်လို့ အဆိပ်ပေး လိုက်သတဲ့။ ဒါပေမယ့် နတ်မင်းကြီးက စပါးကြီး မြွေကိုတော့ အဆိပ်မပေးဘူးဆိုပဲ။

”မင်းက အင်မတန်အားသန်တာ။ ညှစ်လည်း ညှစ်မယ်၊ ပေါက်လည်းပေါက်မယ်ဆိုရင် များသတ္တ၀ါတွေ ဒုက္ခရောက်မယ်” ဆိုပြီး စပါးကြီးမြွေကိုတော့ အဆိပ်မပေးဘူး။

နတ်မင်းကြီးဟာ နွားတွေ၊ ကျွဲတွေကိုတော့ ဦးချိုနှစ်ချောင်းပေးတယ်။ ဒါပေမယ့် သန်မာတဲ့ ကိုယ်ခန္ဓာရှိတဲ့ ကြံ့ကိုတော့ ချိုတချောင်းပဲပေးတယ်။ ဒီအချိန်မှာ မြင်းက သူ့ကိုလည်း ဦးချိုပေးဖို့ပြောတော့ ”ဟေ့ကောင် မင်းက ကန်လည်းကန် တတ်တယ်။ ဝှေ့လည်းဝှေ့မယ်ဆိုတော့ အများဒုက္ခရောက်မယ်” ဆိုကာ မြင်းကို ဦးချိုတပ်မပေးဘူးတဲ့။

ဒါပေမယ့် ဇူးယက်စ်ဆိုတဲ့ နတ်သားက အတင်းပူဆာတော့ သူ့မြင်းကို ချိုတချောင်း တပ်ပေးလိုက်တယ်။ ဒီမြင်းကို လူ့ပြည်ကို ယူမသွားရဘူးလို့ အမိန့်ထုတ်ထားတယ်။ ဒါပေမယ့် အချို့လူတွေက မြင်သွားပြီး ဒီမြင်းကို ယူနီကောင်းလို့ခေါ်တယ်။

နတ်မင်းကြီးကတော့ သူ့လုပ်ရပ်ကို ကျေနပ်နေတယ်။ ဖန်ဆင်းရတာ မောလွန်းလို့ ငါးမိနစ် ဆယ်မိနစ်လောက် အိပ်လိုက်မိတယ်။

သိတဲ့အတိုင်း နတ်တို့ရဲ့ တမိနစ်က နှစ်တထောင်ဆိုတော့ သူအိပ်တာ ကမ္ဘာမှာ နှစ်ပေါင်း တသောင်းချီ ကြာ သွားဆိုပဲ။ သူနိုးလာတော့ လောကကြီးကို ထကြည့်ပြီးအော်တယ်။

”ဟယ် ဒိုင်နိုဆောတွေ ဘယ်ရောက်ကုန်ပြီလဲ”

သူနားနေတဲ့အချိန်မှာ သူဖန်ဆင်းပေးထားတဲ့ ဒိုင်နိုဆောတွေပျောက်သွားတာကိုတွေ့တော့ အတော်လေး အံ့သြသွားတယ်။

“ဒီကောင်တွေ ဘာကြောင့် ပျောက်သွားရတာလဲ”

သူ့ရဲ့တပည့်လေး စုတ်ချွန်းနတ်ကိုမေးတော့ ”ဒီကောင်တွေ အစာရွေးတယ်နတ်မင်း” လို့ဖြေတယ်။

“ဟေ … အစာရွေးတာနဲ့ သေရောလား”

”သူတို့စားတဲ့ အစားအစာတွေက ရာသီဥတုပြောင်းတော့ သေကုန်တယ်”

”ခက်တာကိုး၊ ဒါနဲ့ ပိုးဟပ်တွေကော၊ ဒီကောင်တွေက အကောင်သေးသေးနဲ့ ရာသီဥတုပြောင်းတော့ ဒုက္ခမရောက်ကုန်ဘူးလား”

”မရောက်ဘူး နတ်မင်း၊ သူတို့က ဘာမဆိုစားတယ်”

”မင်းဆိုလိုတာက ဘာမဆိုစားရင် အသက်ရှင်တယ်ပေါ့ဟုတ်လား”

”ဟုတ်တယ်လေ၊ အနာဂတ်ကိုကြည့်လိုက်ရင် စားလို့ရတာအကုန်စား၊ ၀ါးလို့ရတာအကုန်ဝါးတဲ့ မြန်မာပြည်က စစ်အစိုးရဟာ ဘယ်လောက် အသက်ရှည်သလဲ၊ သတိထားမိရဲ့လားနတ်မင်း”

”ဒါတော့ ငါ့အပြစ်ပါကွာ”

”ဘာဖြစ်လို့လဲ နတ်မင်း”

”မြန်မာပြည်က စစ်သားဖြစ်မယ့်လူတွေတောင်းတော့ ငါလဲ ပေးလိုက်တယ်”

”ဘာတွေတောင်းလဲ”

”ငါက အမေရိကန်ပြည်ထောင်စုရောက်နေစဉ်မှာမို့ သူတို့က အင်္ဂလိပ်လိုတောင်းဆိုတယ်”
Military men want
(1) Mobile phone
(2) Money and
(3) Missiles
” 3 M ပေါ့ ဟုတ်လား နတ်မင်း”

”ဟုတ်တယ် .. ဒီလိုပေးတဲ့နေရာမှာ ငါတခုမှားသွားတယ်”

” ဘာမှားသွားတာလဲ”
”မင်း သတိထားမိတယ်မဟုတ်လား၊ မြင်းဆိုရင်လည်း ကန်လည်း ကန်၊ ဝှေ့လည်း ဝှေ့မှာစိုးလို့ ငါချိုမပေးဘူး။ စပါးကြီးမြွေဆိုလည်း ညှစ်လည်းညှစ် ပေါက်လည်း ပေါက်မှာစိုလို့ ငါအဆိပ်မပေးခဲ့ဘူး။ ဒီလိုပဲ မြန်မာပြည်က စစ်သားတွေ စစ်ဗိုလ်ချုပ်ဖြစ်လာမယ့်သူတွေကို ငါတခုမပေးဘူး၊ နှုတ်ထားလိုက်တယ်”
”အဲ့ဒါ လုပ်ရမှာပဲလေ။ နတ်မင်း ဘာကိုနှုတ်ထားလိုက်တာလဲ”
”ဦးနှောက်”
”သေပြီဆရာ …၊ အဲလေ .. သေပြီ နတ်မင်း”

 
Leave a comment

Posted by on June 17, 2011 in Dr Maung Ba Chit, Satire

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: