RSS

Tin Thiri – SUU 66

17 Jun

ခြောက်ဆယ့်ခြောက်နှစ် ရွှေသက္ကရာဇ်သို့ …
မပီမသ … ကသီကရီ …
ဆေးသား … စုတ်ချက် … ပီတိလက်ဆောင်
တင်သီရိ
ဇွန် ၁၇၊ ၂၀၁၁

မပေးဖြစ်ခဲ့သော မွေးနေ့လက်ဆောင်များမှာ သူ့သခင်မနဲ့အတူ အကျဉ်းကျနေခဲ့ဖူးပါ သည်။ လွန်ခဲ့သော ဆယ်စုနှစ်များဆီကတည်းက ရည်စူးကာ ချယ်မှုန်းခဲ့ဖူးသော ပန်း ချီများစွာ …၊ သည်တနှစ်မှာတော့ဖြင့် သူတို့ချစ်သော သခင်မထံ နာခံတော်ဆင့် ၀င့် ခွင့်ရတော့မည်။ သည်အတွေးများနှင့် ရင်ထဲမှာ ကြည်နူးစွာ ခံစား ရင်း စုချစ်သူတဦး၏ မပီမသ ကသီကရီ ရေးချယ်မှုန်းထားသော ပန်းချီများစွာကို တယုတယပြန်ထုတ်ပြီး တသ သ လုပ်နေမိသည်။

သည်နှစ် … နှစ်ထောင့်တဆယ့်တစ်သည်ကား … ကျက်သရေရှိစွာသောနှစ်ဖြစ်ခဲ့သည် ဘဲ။ အကျဉ်းကျခံနှစ် များ စွာမှာ သူနှင့်အတူ ငြိမ်သက်စွာ ကြေကွဲရင်း အမှောင်ထုထဲကို လှမ်းကြည့်ရင်း သတ္တိရှိရန် အားတင်းခဲ့ရဖူး ပါသည်။ သူလွတ်တော့မည်ဆိုသော ညက … ”တကယ်မလွှတ်ဘဲများ နေလေဦးမလား” ဟူသော သံသယ တစနှင့်အတူ အိပ်မရ ထိုင်မရ စိတ်အစဉ်ကစဥ့်ကလျားနှင့် ဆောက်တည်မဲ့စွာ ရှိခဲ့သည်။ ထိုညကလည်း သူမ အရုပ်ပုံလေးတပုံကိုရေးဆွဲနေရင်း တည်ငြိမ်ရာရှာခဲ့ရသည်။ ကယ်လီဖိုးနီး ယား၏ညမှာ စိမ့်စိမ့်အေးတော့ သူ့ပုံေ လး မှာ ခြုံလွှာကလေး ဖြန့်ကျက်လွှမ်းပေးလိုက် ခဲ့သည်။

ဟိုးအရင် ကိုးဆယ်ခုနှစ်ဝန်းကျင်တုန်းကတော့ သူမပုံလေးတွေကို တိုင်း (မ်) မဂ္ဂဇင်း၊ နယူး (စ) ၀ိစ် မဂ္ဂဇင်းတွေ ကနေ ခိုးကြောင်ခိုးဝှက် မိတ္တူဆွဲယူကာ ပန်းချီဆွဲခဲ့ဖူးသည်။ အဲသည်တုန်းက မှတ်မှတ်ရရ စုဓာတ်ပုံကောက်ေ ကြာင်း ကို နှစ်လိုလေးစားစိတ်နှင့် နှစ်သက်စွာရေးခြစ်ခဲ့ရှာသော မိတ်ဆွေကြီးတဦး မှာ ထောင်ဒဏ်ကျခံရသည် ထိ ဖြစ်ခဲ့ဘူးပါသည်။ တခုသော ညနေစောင်းမှာ (၃၃) လမ်း လေထန်ကုန်း လ္ဘက်ရည်ဆိုင်က အပြန် တရုတ် တန်းလမ်းကြား ဆိုင်တဆိုင်မှာ အရက်ဖြူနှစ်ပက် သောက်ဖြစ်ခဲ့သည် တဲ့။ သဘောင်္ဆိပ်တခုက လ္ဘက်ရည် ဆိုင်မှာ ယာဉ်အလာစောင့်ရင်း ခဲတံနှင့် A4 စာ ရွက်ဖြူပေါ် စုမျက်နှာပုံ ကောက်ကြောင်းကို အိမ်အရောက် မအောင့်အီးနိုင်စွာ ချဆွဲ ဖြစ်သွားသည်။ ဆိုင်ရှင်က သခင်အားရ ကျွန်ပါးဝသူပီပီ ထောက်လှမ်းရေးကို ဖုန်း ဆက်ခေါ်၍ ဖမ်းဆီးသွားခဲ့ရာက ထောင်ဒဏ် (၇) နှစ်ချလိုက်သည်။ ကျမက အမေရိ ကားက ပန်းချီဆရာ သူငယ်ချင်းကိုကြုံကြိုက်၍ ပြောပြသောအခါ သူ့မှာ ဒဏ္ဍာရီတပုဒ် ကြားရသလို နဝေတိမ်တောင်နှင့် အလွန်အမင်းအံ့သြသွားရှာသည်။ ထိုအဖြစ်အပျက် ကလေးက အမှန်ဖြစ်ကြောင်း ထိုပန်းချီပုံတူကောက်ေ ကြာင်း က ထောင်ဒဏ် (၇) နှစ် ဖြစ်သွားကြောင်း၊ အဲ့သည်အဖြစ်၏ နောက်ဆက်တွဲမှာ မိသားစုဘ၀တွေ မလှမ ပစွာ ဖြတ်သန်းရုန်းကန်ရတာတွေ အများကြီး ဖြစ်ခဲ့ပါသေးသည်။ ထိုမိတ်ဆွေကြီး လွတ် မြောက်လာပြန်တော့ လက်ကျန်အပေါင်းအသင်းတချို့သာ ခေါ်ရဲ ပြောရဲပြီး တချို့က မသိမသာ .. တချို့က သိသိသာသာ ကွ င်းရှောင်သွားကြပြန်သည်။ သူရေးသောစာ သူဆွဲသော ပန်းချီတို့ကိုလည်း အချို့မဂ္ဂဇင်းတိုက်တွေနှင့် အယ်ဒီတာတွေက လက် ရှောင်ခဲ့ကြပြန်သေးသည်။

သို့ပါသော်လည်း ကျမနှင့် မိတ်ဆွေကြီးတို့ ပန်းချီဆွဲဖြစ်ကြသောအခါမှာ မကြောက်မ ရွံ့ စုပုံကို ထပ်ဆွဲဖြစ် ကြပြန် သည်ပင်။ အဲသည်တုန်းက သူ့ပေါင်နှင့် ခြေသလုံးများမှာ စီးကရက်မီးညှိပြီး တို့ကာ စစ်မေးထားသော ဒဏ်ရာတွေ အကင်းပင် မသေသေးပါ။ ထိုစဉ်ကစပြီး ကျမတို့ လေးစားကြည်ညိုသော သူမ၏ပုံတွေကိုလည်းေ ကာင်း၊ ဗိုလ် ချုပ်အောင်ဆန်းပုံများကိုလည်းကောင်း ရေးဆွဲခြင်းမှာ အထုံဝါသနာပါခဲ့သည်။

နောက် အမေစု လွတ်လပ်ခြင်းတို့ ဆိတ်သုဉ်းရချိန်မှာ ကျမတို့လည်း စိတ်နှလုံး ညှိုး ချုံးကာ အလင်းေ ရာင်ဖျော့ကျသွားသလို ခံစားရပြန်ပါသည်။ အဲသည်ကာလအချို့မှာ တော့ တိတ်တိတ်လေး စုထားသော ဓာတ်ပုံလေးတွေ ထုတ်ကြည့်ရုံသာ လုပ်ဖြစ် သည်။ သို့ပေမယ့် သူ့မွေးနေ့ရောက်လျှင်တော့ အမြဲတမ်း မှတ်မှတ်ရရ ပန်းချီလေးတ ပုံတော့ မွေးနေ့လက်ဆောင်အဖြစ် ဆွဲဖြစ်ခဲ့သည်ချည်းသာ …။

မြန်မာပြည်မှာ နေစဉ်ခိုက် …ပုံဆွဲစာရွက်လေးတွေနှင့်ဖြစ်စေ၊ ကြုံရာကျဘမ်း A4 စာ ရွက်နှင့်ဖြစ်စေ၊ ဘိလပ်မြေအိပ်ခွံညိုပေါ်မှာဖြစ်စေ၊ ခဲ၊ ဘောပင်မှင်၊ ရောင်စုံခဲ့တံ၊ ဖ ဖေယာင်းတောင့် စသည်ဖြင့် ရရာလေးနှင့် ခပ်သေးသေးရေးဖြစ်ခဲ့တာများပါသည်။ တခါက သုံးထပ်ပြားအဟောင်းပေါ်မှာ မြေဖြူနှင့်ရေးခြစ်တော့ … အတူနေ သူငယ် ချင်းမတဦးက အမြန်ယူသွားပြီး ရေချိုးခန်းထဲမှာ ရေနှင့်ဆေးကာ ဖျက်ပစ်ပါသည်။ သူကြောက်တတ်သည်ကလည်း ဖြစ်သင့်နေချိန်မို့ မည်သို့မှ စောဒက မတက်ဖြစ်ခဲ့ပေ ဘူး။

နောက်ပိုင်းမှာတော့ ကျမ ဆီဆေးတွေချည်း ကဲင်းန်ဗတ်သားပေါ်မှာ ဆွဲဖြစ်သည်။ ဆွဲသည့်အခါတိုင်းမှာလည်း ကျမငယ်တုန်းက ခင်ခဲ့ဖူးသော ပန်းချီဆရာ၏သြ၀ါဒအ တိုင်း ပကတိလူအရွယ်အစားနှင့်ဆွဲလေ့ရှိပါ သည်။ မြန် မြာ ပည်နဲ့ ဝေး လာကာမှ မြန်မာ ပြည်က ပုံတူပန်းချီဆရာတွေဆီမှာ ပညာဆည်းပူးခွင့်မရခဲ့သည့်ကာလ များကိုလည်း ပြန်နှမျောတသနေမိပါသည်။ သို့ပါသော်လည်း ပန်းချီကောက်ကြောင်းရေးရုံမျှနှင့် ထောင် (၇) နှစ်ကျတတ်လေသော မြန်မာပြည်မှာ လွတ်လွတ်လပ်လပ် ပုံဆွဲခွင့်ပင် မရှိခဲ့ခြင်းအတွက်တော့ ရင်ထဲမှာ နင့်နင့်သည်းသည်း နာကျည်းနေမိပြန်ပါသည်။

မည်မျှပင် အလုပ်တွေ စာအုပ်တွေ လူမှုဝတ္တရားတွေနှင့် ရုန်းမလှုပ်သာလင့်ကစား နှစ် စဉ် မွေးနေ့ချိန်နီး လျှင်တော့ အမှတ်တရ ပန်းချီရေးဖြစ်ခဲ့သည်ချည်းပင်။ ပန်းချီထဲမှာ ကျက်သရေရှိစွာ ယဉ်စစနှင့် တောက် ပထက်မြက်သည့် မျက်လုံးများသခင်သည် ပန်း ချီးထဲကနေ ကျမကို အမြဲအားပေးချစ်ခင်နေသလို ခံစားရပါသည်။ ရေးဖြစ်သော်လည်း မလွတ်မလပ် အကျဉ်းကျခံရေသော ပြည်သူ့ခေါင်းဆောင် အစစ်အမှန်အား မိမိကိုယ် ပိုင်သီးသန့်ခံစားမှုဖြင့်သာ မွေးနေ့လက်ဆောင်ပေးဖြစ်ခဲ့သည်။ သည်နှစ်ကတော့ စာ မျက်နှာသစ်ဟု ခံစားနေရသည်။ ကျမတို့ မြန်မာပြည်မှာ ဒီမိုကရေစီတကယ်ရတော့မ ယောင် ယုံကြည်စိန်နှင့် ရဲရင့်နေမိသည်။ ထို့ပြင် အမေစု တကယ်လွတ်လာချိန်မှာတော့ အတိုင်းမသိ ၀မ်းသာစိတ်နှင့် အားတက်မိရပြန်သည်။

အားလပ်ချိန်သိပ်ရှိပုံမရဟု ခန့်မှန်းရလောက်အောင် အမေစု အလုပ်တာဝန်တွေ များ နေသည်ကိုအင်တာ နက်စာ မျက်နှာနှင့် သတင်းများကနေ သိနေ ကြားနေရသည်။ အချိန်ကာလတခု၏ တိုက်စားမှုအောက်မှာ ဇရာ၏အရိပ်အယောင် များ စွန်းထင်းလာ ပြီဖြစ်လင့်ကစား မျက်ဝန်းများ၏ တောက်ပမှုက လျော့ကျမသွား ခဲ့ပေ။ ထို့အပြင် အ မေစုဆီမှ အေးမြသော မေတ္တာဓာတ်ေ တွ ဖြာဆင်းနေသလို ကျမအာရုံသိမှာ စွဲငြိနေ မိသည်။ ထို့အတွက် ခရမ်းနုရောင် ပန်းခရမ်းရောင် ပန်းမရမ်း မဲနယ်ခရမ်း ခရမ်းပြာ ရောင် စသည့်အရောင်တွေကို ပိုပိုကဲကဲ သုံးဖြစ်သွားသည်။ ၂၀၀၇ ခုနှစ် သံဃာ့အ ရေးအခင်းကာလများမှာတော့ ပန်းချီကားချပ်များမှာ သင်္ကန်းရောင်နှင့် နှီးနွယ်သော အရောင်တွေဖြင့် ဖွဲ့စည်းခဲ့မိသည်။ တဖန် စိတ်ထဲမှာ သောင်စဉ်ရေမရ မတင်မကျ ဖြစ်ချိန်တွေမှာတော့ နှစ်ရောင်တည်းဖြင့် ဆွဲကာ စိတ်ကို ဖြေလျှော့ရန် ကြိုးစားဖူးပြန် သည်။ Free From Fear စာသားကို အူလှိုက်သဲလှိုက် သဘောကျသွားခိုက်မှာ Text Portarait တပုံလုံးကို ထိုစားသား အကြီးအသေးတွင်တွင်ရေးကာ ဆွဲခဲ့ဖူးသေးသည်။ အမေစု ပုံတူကို ပန်းပုပညာနှင့် သွန်းထုဂုဏ်ပြုကြတာ မြင်စဉ်ခဏမှာ အားကျသွားပြီး ရွှေမှုံ ကြေးမှုံလေးတွေရှာဖွေကာ ရုပ်ထုဆန်ဆ န်ရေးဆွဲကြည့်မိပြန်သည်။

အမေရိကန်နိုင်ငံကို ရောက်ကာစမှာ ပန်းချီဆွဲစရာဆေး၊ စုတ်တံနှင့် ဓားများ တစိုးတ စိမျှ လက်ဝယ်ရှိမနေခဲ့ပါ။ စင်ကာပူမှ အမေရိကားသို့အလာ စင်ကာပူလေဆိပ်မှာ ရှာဖွေရေးတာဝန်ကျများက pigments ဘူး၊ ပုံဆွဲဒါး palletle knife များ၊ ဆေးဗူးများ အားလုံးကို သိမ်းဆည်းပြီး အမှိုက်ပုံထဲပစ်ချလိုက်ခဲ့သည်။ ထိုစဉ်က သံမဏိအမှိုက်ပုံး နှင့် ပန်းချီဆေးပစ္စည်းလေးတွေထိပြီး “ကလောင်” ဟု မြည်သွားသောအသံသည် ကျမရင်မှာ တော်လဲသံလို ကျယ်လောင်ပဲ့တင်ထပ်ပြီး ကျမရင်ကို ပြင်းပြင်းထန်ထန် နာကျင်စေခဲ့ဖူးသည်။ ထို့ပြင် နာဂိုရာသို့ထွက်ခွာမည့် လေယာဉ်ပေါ်ကို အသည်းအ သန် မာရသွန်စံဖြင့် ပြေးတက်ခဲ့ရပြန်သည်။ သာမာန်ဟုတွေလျှင် ရလင့်ကစား ကျမအား အလွန်အမင်းနာကျင်ခံခက်စေပြီး လူ့အခွင့်အရေးမပေးသလို ခံစားခဲ့ရ သည်။ တကယ်ဆို ကျမပစ္စည်းလေးတွေကို ကျမမြတ်နိုးမှာကို သူတို့ကိုယ်ချင်းစာသင့် ခဲ့သည်။ သိမ်းဆည်းထားပြီး ကျမမိတ်ဆွေတယောက်ယောက်ကို ဆက်သွယ်ကာ ပြန်ပေးရန်သင့်သည်ဟု ကျမ အတိအကျယူဆသည်။ သည်အကြောင်းကို တနေရာ မှာရေးမိစဉ် ဆရာမကြီးဉာဉ်ဖြင့် အမျိုးသမီးတဦးက ဘာများခက်လို့လဲ ပြန်ဝယ်လိုက် ပေါ့ဟုပြောလာသည်။ ကျွန်မမှာ ငွေကြေးပမာဏထက် ကျွန်မတ သက်လုံး စုထား သော ကျမ၏လက်ချောင်းနှင့် နှလုံးသားသဖွယ် သံယောဇဉ်ကြိုးနှင့် ခိုင်ခိုင်မာမာ တုတ်နှောင်ထားသော ပန်းချီပစ္စည်းလေးတွေကို ဘယ်လိုအရာနှင့်မှ အစားထိုးရန် မ စဉ်းစားနိုင်ခဲ့။ တွယ်တာလွန်းနေခဲ့သည်း။ ခုရေး ခုတွေးရုံနှင့်ပင် ပြန်ပြီး နာကျင်ချင်သေး သည်။ အဲ့သည်နောက် ”သံယောဇဉ် ပဋိဉာဉ်” ဟု ပြောရမလား၊ အကြာကြီး ပန်းချီမ ဆွဲဖြစ်ခဲ့။ ဘာမှမလုပ်နိုင်ပဲ ပန်းချီဆွံ့အနေခဲ့မိခဲ့သည်။

တရက်မှာ တင်သူရိန်ငယ်လေးက သူ့ကျောင်းအပြန်မှာ One Dollar Shop မှ ပန်းချီ ပစ္စည်းခပ် ညံ့ညံ့လေးတွေကို သူ့မုန့်ဖို့းငွေနှင့် ၀ယ်လာရှာသည်။ ထိုစဉ်က လိုင်းကား တတန်၊ ရထားတတန်နှင့် သူ့ခမျာ ကျောင်းတက်ရတာဖြစ်လျှက် အဝေးကြီးခြေလျှင် လျှောက်ကာ သူဝယ်ခဲ့ရှာသည်။ အဲသည်ကစ၍ ကျမ ပန်းချီကို ရတတ်သမျှပစ္စည်းလေး တွေနှင့် တောက်တိုမယ်ရသဘော စရေးခြစ်မိသည်။ တနေ့ ဆန်ဖရန်စ္စကိုမြို့က Pearl ပန်းချီပစ္စည်းဆိုင်သို့ အမှတ်မထင်ရောက်စဉ်မှာတော့ အလွန်ခမ်းနားပြည့်စုံ လွန်း သော ပန်းချီပစ္စည်းမျိုးစုံကို မ၀ယ်ရမနေနိုင်ဖြစ်ကာ ၀ယ်ဖြစ်သွားရာက ပန်းချီတွေကို လေးနက်ခံစား သက်ဝင်စွာ ရေးဆွဲဖြစခဲ့ပါတော့သည်။

နှစ်စဉ် အမေစုမွေးနေ့သာမက တိုက်ဆိုင်တိုင်းမှာ ဆွဲခဲ့ဖူးသော ပန်းချီတွေကို သည် နှစ်မှာတော့ ပြန်ပြီး သ,နေမိပြန်ပါပြီ။ ခြောက်ဆယ့်ခြောက်နှစ် ရွှေသက္ကရာဇ်ဖြစ်လိမ့် မည်ဟုလည်း တွေးနေမိသည်။ လွတ်လပ်ေ နပြီဖြ စ်သော ပန်းချီကားများထဲက အရှင်သ ခင်မကို သည်နှစ်မှာတော့ လက်ဆောင်ပန်းချီလေးတွေကို ချပြခွင့်ကို မိမိဦးနှောက်က ခွင့်ပြုနေပြီဖြစ်ပါသည်။

ဟိုး ငယ်နုစဉ် အတိတ်တောနက်တွင်မက နုပျိုခြင်း ဒီမိုကရေစီမီးရှူးတန်ဆောင်ကို ကျမ ပြန်တွေ့ရသည်။ ၀ါးဖတ်ခမောက် … ရွှေပိတောက်ဝါ၀ါနှင့် ကျမတို့ လွတ်လပ် ရေး၏ ဖခင် ဗိုလ်ချုပ်မျက်နှာကျကို ကြိုးစားရေး မိခဲ့ဖူးသည်။ ဆံကောသာရင်းမှာ ပန်း မျိုးစုံစွာ ဝေဆာဖူးပွင့်ရင်းက ရဲရဲရင့်ရင့် အမှားစကားေ တွ ချွေခဲ့သောရုပ်သွင်တွေက ပြန်ပြီး ရုန်းကြွရှင်သန်လာကြသည်။ ကသီကရီ … မပီတပီ ဆေးစက်နှင့် စုတ်ချက်တွေ ကို ကြည့်ရင်း ပီတိလှိုင်းတွေ ရင်ထဲမှာ တငြိမ့်ငြိမ့် တသွင်သွင် စီးလာနေသည်။

သည်နှစ်ပိုင်းဆီ ရေးဆွဲမိသောပုံတွေမှာတော့ ရင့်ကျက်တည်ကြည်သည်နှင့်အမျှ ခံနိုင် ရည်ပြည့်ဝေ လသော နှလုံးရည်ရောင်စဉ်ဖြင့် အမေကို ပြန်ပြီးတွေ့ရသည်။ သည် နှစ်ထောင့် တစ်ဆယ့်တစ် စာမျက်နှာသစ်များကတော့ ခြောက်ဆယ့်ခြောက်နှစ် ပြည်မည့် အမေစု၏ ရွှေသက္ကရာဇ်ဟု ယုံစားနေမိ သည်။ ရွှေမြန်မာပြည်မှာ အောင်စည် တော် ရွှမ်းမယ်ပ ..ဟုလည်း ယုံယုံရဲရဲ ကြွေးကြော်လိုက်ဖူးသည်။ မင်္ဂလာရှိသော ဒီမို ကရေစီတိုင်းပြည်အရောက် လမ်းဖောက်ပေးမည့် အရည်အသွေးနှင့်အမေတယောက် ကျမတို့ မြန်မာပြည်သူအားလုံးရှေ့မှောက်မှာ မားမားမတ်မတ် ရပ်တည်လမ်းပြပေးနေ ချိန်ပါဘဲ။ သည်နှစ်မှာတော့ နှလုံးသားက လွင့်စင်လျှံကျသော ဆေးစက်များနှင့် မပီမ သ ကသီကရီ စုတ်ချက်ေ တွဖြင့် ရေးခဲ့ဖူးသမျှ ပန်းချီကားလေးတွေကို မွေ့နေ့လက်ဆောင်အဖြစ် ချ,ပြပါတော့မည်။

အမေစု … သက်တော်ရာကျော်ရှည်ပါစေ။

သရုပ်ဖော်ပန်းချီ – မောင်သြ
 
Leave a comment

Posted by on June 17, 2011 in SUU66

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: