RSS

SUU 66 – ebook honoring Suu with 66 artists and friends of MoeMaKa

19 Jun


စု ၆၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေအနုပညာမိတ်ဆွေ ၆၆ ဦးနဲ့ မိုးမခရဲ့ အမှတ်တရ စာစုလက်ဆောင် ထွက်ရှိ

မိုးမခ၊ ဇွန် ၂၀၊ ၂၀၁၁

ဇွန်လ ၁၉  ရက်၊ ၂၀၁၁ မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက်မွေးနေ့ကို ရည်စူးဂုဏ်ပြုတဲ့ စာပေလက်ဆောင်အဖြစ် မိုးမခစာနယ်ဇင်းနဲ့  စာပေအနုပညာမိတ်ဆွေ ၆၆ ဦးရဲ့ အမှတ်တရစာစု အီးဘုတ် ထွက်ရှိပြီ ဖြစ်ပါတယ်။

ကာတွန်း ၄၊ စာစု ၈၊ ကဗျာ ၁၈၊ ဆောင်းပါး ၁၀၊ ဒီဇိုင်း ၆၊ သရုပ်ဖော် ၆ နဲ့ သီချင်း ၃ ခု ပါဝင်ပြီး မိုးမခဝိုင်းတော်သားများက ဝိုင်းဝန်းအားဖြည့်ကြတာ ဖြစ်ပါတယ်။ သည်လိုအနုပညာတင်ဆက်မှုဟာ အယေးတနေရာစီမှာ ပြန့်ကျဲရောက်ရှိနေကြတဲ့ အနုပညာ၊ စာပေမိတ်ဆွေတွေရဲ့ ကိုယ်ထူကိုယ်ထ စုစည်းပြီး တယောက်တလက် ဖော်ဆောင်တဲ့ အနုပညာလှုပ်ရှားမှု အမှတ်တရဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

တဦးနဲ့တဦး ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံ ရင်းနှီးခြင်းမရှိသော်လည်း မြန်မာပြည်နဲ့ စာပေ အနုပညာချစ်သူချင်း တူညီမျှဝေတဲ့ စု ၆၆ အမှတ်တရပေါ်မှာ အနုပညာသရုပ်ဖော်တင်ဆက်မှု ဖြစ်မြောက်အောင် ပံ့ပိုးကြတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုက်ပါတယ်။

သည်နေရာကနေ စု ၆၆ အမှတ်တရစာစု လက်ဆောင် အီးဘုတ်ကို ရယူပါ။

 

ဝက်ဆိုက် – စကရစ်ပေါ်ကနေလည်း စု ၆၆ အီးဘုတ်ကို ရယူနိုင်ပါတယ်။

 

(ပုံနှိပ်စာအုပ်လက်ဆောင်ကို ချစ်သူမိတ်ဆွေများထံ ပေးပို့နိုင်ဖို့ ကြိုးစားပါ့မယ်။ ၂ ပတ်လောက်တော့ ကြာမယ် ထင်ပါတယ်။)

 
Leave a comment

Posted by on June 19, 2011 in About MoeMaKa, SUU66

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: