RSS

Aung Way – Letters From Michigan – 73

21 Jun

မစ်ရှီဂန်ကပေးတဲ့စာ – ၇၃
အောင်ဝေး
ဇွန် ၂၀၊ ၂၀၁၁ 

မိတ်ဆွေကြီးကိုဒေါင်း …

ကျန်းခံ့သာလို့ မာပါစဗျာ။ ဒီတခါတော့ အုပ်စိုးသူလူတန်စားရဲ့ အလိုတော်ရိ၊ ပုဆိန်ရိုးတွေအကြောင်း စဉ်းစားမိ တာေ လးတခု ကျနော်ဉာဏ်မီသလောက်ပြောကြည့်ချင်တယ်။

ကျနော်တို့နိုင်ငံရဲ့ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုသမိုင်းစဉ်ကြီးထဲမှာ၊ ကျနော်တို့ တိုင်းသူပြည်သားတွေ ရင်ဆိုင်ကြုံေ တွ့ ခဲ့ရတဲ့ကို လိုနီခေတ်၊ ဂျပန်ခေတ် အကြီးမားဆုံးအလိုတော်ရိ၊ ပုဆိန်ရိုးကိုပြပါဆိုရင် ဘယ်သူ့ ကိုပြမ လဲကိုဒေါင်း။

တိုးတက်တဲ့တော်လှန်ရေးရှိရင်၊ ဖောက်ပြန်တဲ့တန်ပြန်တော်လှန်ရေးကလည်း ရှိတတ်စမြဲဆိုတော့၊ အဲဒီလိုကျေ နာ် တို့နိုင်ငံရဲ့အမျိုးသားလွတ် မြောက်ရေးတော်လှန်ရေး၊ လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲကို ပျက်ရာပျက်ေ ကြာင်း၊ ဖျက်လိုဖျက်ဆီး၊ နယ်ချဲ့နဲ့ ဖက်ဆစ်နဲ့ ပေါင်းပြီးလုပ်ခဲ့ကြတဲ့ အလိုတော်ရိ၊ ပုဆိန်ရိုးအမျိုးမျိုးထဲကမှ အကြီးမားဆုံး အလိုတော်ရိ၊ ပုဆိန်ရိုးကိုပြရမယ်ဆိုရင်၊ ကျနော်တော့ဂဠုန်ဦးစောကိုပြချင်တယ် ကိုဒေါင်း။

သမိုင်းကိုနောက်ကြောင်းနည်းနည်းပြန်ရရင်၊ ဒုတိယကမ္ဘာစစ်ကြီးအပြီး၊ ဗြိတိသျှအစိုးရက ဖမ်းဆီးပြီး၊ ယူဂန္ဓာ အကျဉ်းထောင်ထဲထည့်ထားတဲ့ ဦးစောကို၊ ဗြိတိသျှအစိုးရက အချိန်ကိုက် ထောင်ကထုတ်ပြီး မြန်မြာ ပည်ပြန်ပို့ လိုက်တာကစရမှာပဲ။ အဲဒါက ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာပါ။

ဂဠုန်ဦးစောဆိုတဲ့နာမည်ကစပြောရရင်၊ တကယ်က ဦးစောဆိုတာ နယ်ချဲ့အလိုတော်ရိ မြေရှင်ကြီး လူတန်းစား ရဲ့ ကိုယ်စားလှယ်ပါပဲ။ အဲဒီလိုလူစားမျိုးက ၁၉၃၀ ဆရာစံတောင်သူလယ်သမားအရေးတော်ပုံ ဂဠုန်သူုပုန်အ မည်ကို အပိုင်စီးခဲ့တာပါပဲ။ ဦးစောရဲ့နိုင်ငံရေးနောက်ခံ က အင်္ဂလိပ်နယ်ချဲ့ပေးသမျှအခွင့်အရေးကလေးယူပြီး အုပ်စိုးသူနယ်ချဲ့နဲ့ပူးပေါင်းတဲ့နောက်ခံပါ။

ဒီလိုနယ်ချဲ့အလိုတော်ရိ၊ ဗြိတိသျှပုဆိန်ရိုးတယောက်ကို ဗြိတိသျှအစိုးရက ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေး လိုက်ပြီဆိုတဲ့အခါ၊ မြန်မာ ပြည်သူလူထုအကြား၊ သို့လောသို့လော စဉ်းစားစရာတွေပွားခဲ့ရတာမဟုတ်လား။

ဒီလိုစဉ်းစားတဲ့အထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီက ဦးစောရဲ့အန္တရာယ်ကို အရင်ဦးဆုံးကြိုတင်ပြီး တိုင်းပြည်ကို သတိပေးခဲ့ပါတယ်။ နယ်ချဲ့ ဗြိတိသျှအစိုးရဟာ ဦးစောကိုသိမ်းသွင်းအ သုံးချပြီး၊ မြန်မာ့လွတ်လပ်ရေးကြိုး ပမ်းမှုကို အကြမ်းဖက်နှိမ်နင်းဖြိုခွဲဖို့ကြံနေပြီလို့ ဗမာပြည် ကွန်မြူနစ်ပါတီက သုံးသပ်တင်ပြခဲ့တာပါ။

ဦးစောဟာ ဗြိတိသျှအကျဉ်းထောင်ကလွတ်ပြီး တိုင်းပြည်ပြန်ရောက်လာလာချင်း၊ ဖဆပလအဖွဲ့ကြီးကို ပဲထောက်ခံတော့မယောင်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပဲပူးပေါင်းတော့မယောင်၊ ဦးစောလေသံပစ်ထားပါသေး တယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ ဦးစောက ဦးစောပါပဲ။ ၁၉၄၇ ဇန်န၀ါရီ ဗိုလ်ချုပ်အောင်ဆန်း လန်ဒန် မှာ အောင်ဆန်း – အက်တလီစာချုပ်ချုပ်ဆိုတဲ့အခါမှာတော့ ဦးစောလက်မှတ်မထိုးခဲ့ပါဘူး။

ကိုဒေါင်းရေ၊ ကျနော်ပြောချင်တာက၊ အဲဒီအချိန်တုန်းက ကျနော်တို့ရှေ့ကခေါင်းဆောင်တွေက ဂဠုန်ဦးစော ရဲ့ခြေလှမ်းတွေကို ဂရုတစိုက် စောင့်ကြည့်ပြီးတိုင်းပြည်နဲ့လူမျိုးအတွက် အလွန်အန္တရာယ်ကြီးတဲ့အကြောင်း ကြိုတင်သတိပေးနိုင်ခဲ့တာ၊ ရန်သူကိုကြိုတင်ဖော်ထုတ်ပြီးအရေး တကြီးတပ်လှန့်နှိုးဆော်နိုင်ခဲ့တာ၊ ဒါတွေမှန်ပါ တယ်။ သို့သော်လည်း ကျနော်တို့ဟာ ဘယ်လိုပဲ ရန်သူကိုကြိုတင်ဖော်ထုတ်သတိပေးနိုင်တယ်ဆိုပေတဲ့၊ အဲဒီရန်သူကိုတော့ကျနော်တို့ ထိထိရောက်ရောက်မဟန့်တား မဖြိုခွင်းနိုင်ခဲ့ဘူးမဟုတ်လား ကိုဒေါင်း။

ဂဠုန်ဦးစော ဗြိတိသျှအစိုးရရဲ့ယူဂန္ဓာအကျဉ်းထောင်ကပြန်လွတ်လာပြီး တစ်နှစ်နဲ့ ငါးလအကြာမှာ၊ ဂဠုန်ဦးစော လက်ချက်နဲ့ ကျနော်တို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးေ တွ လုပ်ကြံခံခဲ့ရတာမဟုတ်လားဗျာ။

ကိုဒေါင်းရေ၊ ကျနော်ထပ်ပြောမယ်။ ရန်သူကိုထိထိရောက်ရောက်အချိန်မီ မဟန့်တားမဖြိုခွင်းနိုင်ခဲ့လို့၊ ဒါမှမ ဟုတ် ရန်သူကိုအလေး အနက်ဂရုမမူမိလို့၊ တကြောင်းကြောင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ေ ခါင်းေ ဆာင်ကြီးတွေ လွတ်လပ်ရေးပန်းတိုင်မရောက်ခင် လမ်းခုလတ် မှာ ကျဆုံးခဲ့ာကရတယ်မဟုတ်လား။

ဗိုလ်ချုပ်အောင်ဆန်းတို့ကျဆုံးရတဲ့ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ ကို ပထမနိုင်ငံတော် လုပ်ကြံမှု လို့သတ်မှတ်ရင်၊ အခု၂၀၀၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့ ဒီပဲယင်းအကြမ်းဖက်မှုကြီးကိုတော့ ဒုတိယနို င်ငံတော် လုပ်ကြံမှုလို့ဆိုရမှာပါ။ အုပ်စိုးသူ၊ ဖိနှိပ်သူတွေရဲ့ အလိုတော်ရိ၊ပုဆိန်ရိုးတွေကို ထိထိရောက်ရောက် မဟန့်တား၊ မနှိမ်နင်း၊ မဖြိုခွင်းနိုင်ဘူးဆိုရင်၊ ကျနော်တို့ ဒီမိုကရေစီရှေ့ခရီးအတွက်အလွန်ပဲ အန္တရာယ်ကြီးလှပါရဲ့။

ကိုဒေါင်းကြီး၊ဦးစောရဲ့အန္တရာယ်ကိုကြိုတင်သတိပေးနိုင်ခဲ့ပါရဲ့နဲ့၊ ဘာကြောင့်ဦးစောရဲ့လုပ်ကြံမှု အထမြောက် ခဲ့ရတာလဲ။ ကျနော်ဉာဏ်မီသလောက်ပြောကြည့်ရရင်တော့၊ ပထမအချက်- ဦးစောအကြောင်း တဖွဖွသတိေ ပးနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်၌က အလံနီ-အလံဖြူဆိုပြီး၊ သခင်စိုးနဲ့ သခင်သန်း ထွန်း နှစ်ခြမ်းကွဲ သွားခဲ့တာ။ နောက်တချက်က ဖဆပလအဖွဲ့ ကြီးထဲကနေ သခင်သန်းထွန်းအလံဖြူ ကွန်မြူနစ်ပါတီကို ထုတ် ပယ်ပစ်လိုက်တာ။ ဒါတွေဟာ ၁၉၄၆ ခုနှစ်ထဲမှာဖြစ်ခဲ့တာချည်းပါပဲ။

ကျနော်တို့ညီညွတ်ရေးပြိုကွဲပျက်ပြားသွားတဲ့အချိန်မှာ၊ ဗြိတိသျှနယ်ချဲ့သမားကလက်ဦးမှုယူသွားတာပဲလို့ ကျေ န်ာမြင်မိပါတယ်။ ကျနော့် အမြင်မှားရင်လည်း ပညာရှင်များကပြင်ပေးကြပါခင်ဗျာ။

အားလုံးကိုသတိတရနဲ့ …
အောင်ဝေး

မူရင်း – လွတ်လပ်သည့် အာရှအသံ http://www.rfa.org/burmese
 
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: