RSS

Maung Ba Chit – Photo Variety and New Government, Tits Bits

21 Jun

အစိုးရသစ်နဲ့ဓာတ်ပုံတောက်တိုမယ်ရ  (Photo News Tits Bits)

 မောင်ဘချစ်

မိုးမခ၊ ဇွန် ၂၂၊ ၂၀၁၁

https://i0.wp.com/4.bp.blogspot.com/-iL_8zqXiSxc/TgD8AMalW1I/AAAAAAAAZMc/X7uu8X-3Rcw/s1600/thanshwe-on-the-wall.gif

အဖွင့်တော့ ခုပုံနဲ့ဖွင့်မှဖြစ်မယ်ထင်လို့ပါ။  ၅ လပိုင်း  ၂ ရက်နေ့ ၂၀၁၁ ရက်စွဲပါ။ (မြန်မာက ရက်၊ လ၊ နှစ်ပါ။ ) မေလ ၅ ရက်က။ ခန်းမမှာခပ်တည်တည်ပဲ။ ဘယ်သူမှလည်းမဖြုတ်ရဲပါဘူး။ နတ်ကိုင်မှာစိုးတယ်။ ဟဲ ဟဲ …။

 

ရန်ကုန်မိုးပေါ့ ဗိုလ်ဉာဏ်။ မိုးလေးနည်းနည်းရွာတော့ ခုဒီနေရာကမြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံလမ်းပေါ့ဗျာ။ မြင်တဲ့အတိုင်းပဲ။ ရွှေဘုံသာမှာဆို ခုလောက်ဆိုရင် လမ်းကနေ ချောင်းအဖြစ် ပြောင်းသွားတယ်။ မိုးတွေဘယ်လောက်မှ ရွာတာမဟုတ်ဘူး။

https://i2.wp.com/3.bp.blogspot.com/-YI45p-ZOWS8/TgD7_kpu3kI/AAAAAAAAZMU/r9hb1xgUBRU/s1600/rangoon-rain-1.gif

မြို့တော်ဝန်အသစ်ကတော့ ဒီခန်းမကို ဆေးသုတ်နေတာပဲလေ။ သန်းရာချီ အကုန်ခံတာပေါ့။ အင်္ကျီလဲမယ်၊ ဘောင်းဘီလဲမယ်၊ ဆေးသုတ်မယ် ဆိုရင် အားလုံးကောင်းသွားမယ် ထင်ကြတာ … စစ်အစိုးရ သဘာဝထင်ပါရဲ့။

https://i1.wp.com/1.bp.blogspot.com/-908B3wpLlJM/TgD7_4GUBsI/AAAAAAAAZMY/jzHk1X8TdaY/s1600/rangoon-rain.gif

ရှေ့အဆောင်အဦ (အုတ်အရောင်ကတော့ အရင်က Rowl Company) ပေါ့။ လ၀က ကရုံးဖွင့်တယ်။ ခုပုဂ္ဂလိကကိုရောင်းပြီးပြီလို့ ကြားတာပဲ။

https://i1.wp.com/3.bp.blogspot.com/-xD1jbmrL2xQ/TgD7_AsBQII/AAAAAAAAZMM/YvSpsCBHSi4/s1600/kannar-lann.gif

https://i0.wp.com/2.bp.blogspot.com/-sZpdsKh9FL8/TgD7-0_7oJI/AAAAAAAAZMI/xMwR-W9xlJ4/s1600/dala-ferry-river.gif

ရန်ကုန်ကပန်းဆိုးတန်းဆိပ်ကမ်းပါ။ ဒလကိုကူးတဲ့ သင်္ဘောပဲ။ အလွမ်းပြေ ပေါ့။

https://i1.wp.com/3.bp.blogspot.com/-YiRPmQ-fa2U/TgD7-kLFlpI/AAAAAAAAZME/ucxoDMxJ5zE/s1600/media-corner.gif

ဘုန်းတော်ကြီးနှစ်ပါးနောက်က ပလက်ဖေါင်းပေါ်က အပြာရောင် အဆောက်အဦကိုတော့ Media Corner လို့ ခေါ်တယ်။ စာပေစာနယ်ဇင်းရန်ပုံငွေအတွက် တစ်လ သုံးသိန်းနဲ့ အများပြည်သူလမ်းပေါ် (ပလက်ဖေါင်း) မှာ ခပ်တည်တည်နဲ့ ဆောက်ထားတာပါ။ ဆင်သွားရင်လမ်းဖြစ်သတဲ့။

https://i1.wp.com/3.bp.blogspot.com/-A5PZ_U3H4YU/TgD7-XRjRII/AAAAAAAAZMA/fEDAkgKTc3U/s1600/media-corner-close-up.gif

“တော်စမ်းပါကျော်ဆန်းရာ၊ ငါ့မှာလည်း ကလေးတွေနဲ့၊ မင်းပေါင်မှာလည်း ပွေးတွေနဲ့” ဆိုသလို အစိုးရသစ်ကို ကြိုဆိုနေတာကိုသာ ကြည့်ပေတော့။

https://i2.wp.com/2.bp.blogspot.com/-2wVoDgE7WWU/TgD7-DivQlI/AAAAAAAAZL8/I4QnEGKxKPY/s1600/mobile-wet-market.gif

မြို့တော်ဝန်သစ် ငြမ်းဆင်၊ ဆေးသုတ်နေတဲ့ မြို့တော်ခန်းမနဘေး၊ လက်ယာဖက်မှာ ဆူးလေစေတီတော်ရှိတယ်။ ကားကြီးနဲ့ ဈေးရောင်းတယ်။ စည်ပင်ဈေးကားကို တွေ့မယ်။ ကြက်ဥနဲ့  ရှောက်သီး၊ မာလကာသီး၊ သက်သာဆပ်ပြာမှုန့်တွေ ရောင်းတာပေါ့။ တခါတခါလည်း ကန်စွန်းရွက်ရောင်းတယ်။ ဗိုလ်ချုပ်ရွာတွေမှာတော့ ကြက်သား၊ ၀က်သား၊ ဆိတ်သားတွေကို ရောင်းပေးတယ်။ အများပြည်သူဈေးရဲ့ ၂၅% လောက်နဲ့ရောင်းပေးတယ်။ ဟဲ  ဟဲ …

သူတို့ကဆင်းရဲတာကိုး။

လက်တို့ပြီးတော့ပြောရဦးမယ်။ လက်ရှိမှာ စိန် အရောင်းအကောင်ဆုံးကာလပဲ။ (confirmed)

 
Leave a comment

Posted by on June 21, 2011 in Maung Ba Chit, Satire

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: