RSS

Di Let Myo – The Bad News

24 Jun

ကြားရတဲ့သတင်းတွေ မကောင်းဘူး

ဒီလက်မျိုး

မိုးမခ၊ ဇွန် ၂၄၊ ၂၀၁၁

ကြားရတဲ့သတင်းတွေ မကောင်းဘူး။

နောက်ဆုံးပေါ်စစ်ဆင်ရေးနဲ့

၁၀ နှစ်ကျော် ပုန်းအောင်းနေတဲ့

တာလီဘန် ခေါင်းဆောင်

အိုစမာဘင်လာဒင်ကို အသေဖမ်းမိသတဲ့

ကြားရတဲ့သတင်းတွေ မကောင်းဘူး။

အနီးဆုံးလူရှိရာကို လာခဲ့တဲ့

တေးမြုံငှက်ကလေးတကောင်

ဘန်ကောက်မြို့တော်ကြီးထဲမှာပျောက်ဆုံးသွားသတဲ့

ကြားရတဲ့သတင်းတွေ မကောင်းဘူး။

အယ်ဒီတာတယောက်

အသံဖမ်းစက်ကိုင်ရင်း

ဆူရှီလိပ်တွေကြားထဲ နစ်မွန်းသွားသတဲ့

ကြားရတဲ့သတင်းတွေမကောင်းဘူး။

သူငယ်ချင်းတယောက်

လမ်းပျောက်စရှာရင်း

အမေရိကလိုတိုင်းပြည်မှာ

ပေ ၃၀ အမြင့်က ခုန်ဆင်းသွားသတဲ့

ကြားရတဲ့သတင်းတွေမကောင်းဘူး။

လူက လူချင်း

ဘဝက ဘဝချင်း

လွတ်မြောက်ခြင်းမရှိတဲ့ တိုင်းပြည်မှာ

အပျော်ဈေးသည်မရဲ့ ပါတိတ်ထမီနဲ့ တူတဲ့အလံရှိသတဲ့

ကြားရတဲ့သတင်းတွေ မကောင်းဘူး။

သူ့ကိုကူညီပါ့မယ်တဲ့

လှလှပပလေးပါပဲ ပြေးထွက်သွားခဲ့တဲ့

လမင်းသာသာညမှာ

လမင်းနဲ့လမင်း ရင်ချင်းအပ်သေခဲ့ကြတယ်တဲ့

ကြားရတဲ့သတင်းတွေ မကောင်းဘူး။

သူတလူ ငါတမင်း

နေချင်တိုင်း နေခဲ့တဲ့မြို့မှာ

ဆင်းရဲမွဲတေခြင်းက ဖောသီလိုက်တာတဲ့

ချမ်းသာသူတွေက ကြွယ်ဝလိုက်တာတဲ့

ညနေခင်းတွေ တိမ်တောက်လိုက်တာတဲ့

ကြားရတဲ့သတင်းတွေ မကောင်းဘူး။

အာရုဏ်တက်ဟာ

သူ့မနက်ခင်းကို အဖော်လုပ်ရင်း

ပျော်စေရာပျော်တော့လို့ ပြောတဲ့သူငယ်ချင်းတွေနဲ့

သွားလိုရာ သွားခဲ့တယ်ပါ့

ပျော်ပွဲစားလိုလို

မနက်ခင်းရဲ့ ထမင်းစားပွဲလိုလို

ဟော်နန်းတော်ရဲ့ ပြည့်စုံပွဲလိုလို

ထီးသုန်းနန်းသုံးတွေလည်း ပါရဲ့

မင်းကြိုက်စိုးကြိုက်တွေလည်း ပါရဲ့

ပြည့်ပြည့်စုံစုံပြောရရင်

အားလုံးသော လူတန်းစားတွေရဲ့ပါတဲ့ ပွဲ

ဒီပွဲက တကယ်ဖြစ်ခဲ့တယ်တဲ့။

ကြားရတဲ့သတင်းတွေမကောင်းဘူး။

အိပ်စမ်းပါ လူကလေးရဲ့

အဖေကိုယ်တိုင် သိပ်တဲ့ညမှာ

ဆိုခဲ့တဲ့ တေးခေါင်းစဉ်က

ကြားရတဲ့သတင်းတွေ မကောင်းဘူး။

 
Leave a comment

Posted by on June 24, 2011 in Di Let Myo, poem

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: