RSS

Monthly Archives: July 2011

artist Yar Huu Lar passes away


ပန်းချီဆရာ ရာဟုလာ နေအိမ်တွင် ကွယ်လွန်
ဓာတ်ပုံသတင်း
ဇူလိုင် ၃၁၊ ၂၀၁၁

ပန်းချီဆရာ ရာဟုလာသည် မင်းကွန်းရှိ သူ၏ နေအိမ်တွင် ယနေ့ ကွယ်လွန်သွားသည်။
ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ် ရှိပြီဟု သိရသည်။

Read the rest of this entry »

 
Leave a comment

Posted by on July 31, 2011 in News in Photos

 

APK – Discussing.


ပြည်သူ့ခေတ်ဂျာနယ် (၁) နှစ်ပြည့်အထိမ်းအမှတ်ပွဲ ကာတွန်းဆရာအော်ပီကျယ်၏ ဆွေးနွေးချက်
အော်ပီကျယ်ဖေ့ဘွတ်ခ်မှ ရယူပါသည်။
ဇူလိုင် ၃၁၊ ၂၀၁၁


အရင်တပတ်လောက်က မနက်ပိုင်း ရေနွေးကြမ်းဝိုင်းလေးမှာ ကျွန်တော်က “အစိုးရသစ်လည်း ပြောင်းသွားပြီဆိုတော့ …” လို့ စကားစ လိုက်တော့ ဝိုင်းထဲကတစ်ယောက်က “ဟင် … ဘယ်တုန်းက ပြောင်းသွားတာလဲ” တဲ့။ ကျွန်တော့်ကို နောက်နေတယ်ထင်ပြီး စကားဆက် မယ်လုပ်တော့ နောက်တစ်ယောက်ကလည်း “ဟုတ်လား- ဘယ်တုန်းက ပြောင်းတာလဲဆရာ” လို့ မေးလိုက်ပြန်တယ်။ ကျွန်တော် ငါပဲ မှားနေပြီလား တွေးပြီး စကား မဆက်ရဲတော့ဘူး။
Read the rest of this entry »

 
Leave a comment

Posted by on July 31, 2011 in APK

 

Interview with U Win Tin – Is Suu all by herself?


ဒေါ်အောင်ဆန်းစုကြည် တဦးတည်းပဲလား

ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ၊ ဇူလိုင် ၃၁၊ ၂၀၁၁

 

ဒီတပတ် ဆရာဦးဝင်းတင်နဲ့ စကားပြောဖြစ်တဲ့ဆီမှာ ဆရာ့ကျန်းမာရေးကိုပဲ အဓိကမေးဖြစ်ပါတယ်။ ယမန်နေ့က တွေ့ဆုံ စကားပြောတာဖြစ်တဲ့အတွက် ယနေ့ တနင်္ဂနွေနေ့မှာ အာရုံကြောတွေ နာကျင်တာ သက်သာစေဖို့ ဆေးထိုးရဦးမယ်၊ ဝေဒနာက အတော် သက်သာတယ်၊ သိပ်မကြာခင်မှာ ဆေးရုံက ပြန်ဆင်းဖြစ်မယ်လို့ မျှော်လင့်ကြောင်း ဆရာကပြောပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်တဲ့ ကိစ္စနဲ့ ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် နီးကပ်လာတဲ့ကာလမှာ အရေးတော်ပုံကြီးက မွေးဖွားလာတဲ့ နိုင်ငံရေးပါတီတရပ်အနေနဲ့ ခေါင်းဆောင်တွေ ဖမ်းဆီး ချုပ်နှောင်မှုက လွတ်မြောက်ပြီး ပထမဆုံး ကြုံတွေ့ရမယ့် နှစ်ပတ်လည်မှာ ဘယ်လိုမျိုး မျှော်လင့်ထားတဲ့ ဆိုတဲ့ အကြောင်းတွေကို မေးဖြစ်ပါတယ်။ ကောက်နုတ်ဖော်ပြပြီး ပြန်လည် ဖော်ပြရသည် ရှိသော် –

Read the rest of this entry »

 
Leave a comment

Posted by on July 31, 2011 in Interview, U Win Tin

 

Nonentity Monk Prisoner (2) – Ashin Panna Siri


အညတရအကျဉ်းသားရဟန်းတော်များ (၂) – ဦးပညာသီရိ
အရှင်ပညာနန္ဒ
ဇူလိုင် ၃၁၊ ၂၀၁၁


ခုအချိန်မှာ မင်းဟာ ငါတို့လက်ခုပ်ထဲကရေဖြစ်နေပြီ။ ငါတို့လုပ်ချင်သလိုလုပ်လို့ရတယ် အဖြစ်မှန်ကိုမပြောဘူးဆိုရင် ရာထူးပြုတ်ချင် ပြုတ်ပစေ။ ဒဏ်ရာမပေါ်ဘဲနဲ့ သတ်တဲ့နည်းတွေ ငါတို့မှာအများကြီးရှိတယ်လို့ပြောပြီး စစ်ကြောရေးစခန်းမှာ ခြိမ်းခြောက်ခံရတဲ့ ဦးပညာသီရီဟာ ချင်းပြည်နယ် လင်တန် ရဲဘက်အလုပ်ကြမ်းစခန်းကနေ သက်စွန့်ဆံဖျား ထွက်ပြေးလွတ်မြောက်လာတဲ့ ရဟန်း တော်တပါးဖြစ်ပါတယ်။ စက်တင်ဘာအရေးအခင်းကာလက သံဃတပ်ပေါင်းစုအဖွဲ့ကြီး ကိုဦးဆောင်တည်ထောင်ဖွဲ့စည်းခဲ့တဲ့ ခေါင်း ဆောင် ဆရာတော်လည်းဖြစ်ပါတယ်

ရွှေဝါရောင်အရေးအခင်းမဖြစ်ခင်ကမန္တလေး ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်ကျောင်းတိုက်မှာ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အခမဲ့ အင်္ဂလိပ်စာသင်တန်းဖွင့်ပြီးပညာသင်ကြားပေးနေတာပါ။

ရွှေဝါရောင်အရေးအခင်းမှာပါဝင်ခဲ့ပုံနဲ့ သူအဖမ်းခဲ့ရပုံကို အခုလိုပြောပြပါတယ်။
Read the rest of this entry »
 
Leave a comment

Posted by on July 31, 2011 in For the record, Variety Article

 

MoeMaKa quotes in July 2011



မိုးမခ၏ ဇူလိုင် စာကိုး စကားကိုး
ဇူလိုင် ၃၁၊ ၂၀၁၁



Read the rest of this entry »

 
Leave a comment

Posted by on July 31, 2011 in Quotable Quotes

 

Burmese Democratic Forces in Oregon to mark 88 – 23 Year


အော်ရီဂွန်ပြည်နယ်က မြန်မာဒီမိုကရေစီအင်အားစုများ ၈လေးလုံး နှစ်ပတ်လည် ကျင်းပမည်

ရွာဆော်ကြီးဖိတ်စာ၊ ဇူလိုင် ၃၁၊ ၂၀၁၁

 

 
Leave a comment

Posted by on July 31, 2011 in Burmese on the Move

 

Aung Tha Nge – 8888


နှစ်ဆယ့် သုံးနှစ်တောင် ရှိခဲ့ပြီကော နှင်းရေ့ …
အောင်သာငယ်
ဇူလိုင် ၃၁၊ ၂၀၁၁
ကိုယ်ပိုင်ကားက မရှိတော့ပြီဆိုတော့ကာ ဘယ်သွားသွား … နီးရင် လမ်းလျှောက် … ဝေးရင် ဘတ်စ်စီး … သည်လိုနဲ့ပဲ ဘဝခရီးဆက်နေရသပေါ့လေ … သည်နေ့တော့ ရှေ့လာမယ့် တပတ်စာ အတွက် စားဖို့သောက်ဖို့တွေကို လမ်းလျှောက်ပြီး သွားဝယ်ရတယ် … တော်ပါသေးတယ် SafeWay ဆိုတဲ့ စတိုးတခုက အနားမှာရှိလို့ … အရင်ကတော့ အလုပ်ကပြန်လာတိုင်း အဲမှာ ဆင်းဆင်းပြီး ဝယ်ဖြစ်တယ် … ကြာလာတော့ ခဏခဏ မဝယ်ချင်တော့တာနဲ့ တပတ်စာ တခါတည်း ဝယ်မယ်ဆိုပြီး ဝယ်မိပါရော …

Read the rest of this entry »