RSS

Rumors says Raid Planning on NLD HQ

08 Jul

လုံထိန်းမှ အန်အယ်ဒီရုံးချူပ်အား ၀င်ရောက်စီးနင်းမည်ဟု သတင်းများထွက်ပေါ်

မိုးမခ အထောက်တော်၊ ရန်ကုန်

၂၃း၀၀ နာရီ ဇူလိုင် ၈၊ ၂၀၁၁

ရန်ကုန်မြို့ ရွှေဂုံတိုင်ရပ်ရှိ  အန်အယ်ဒီရုံးချူပ်အနီးတ၀ိုက်တွင် ယနေ့ညနေပိုင်းတွင် လုံထိန်းအင်အားချထားသည်ဟု ပြောဆိုလျက်ရှိပြီး ၀င်ရောက်စီးနင်းမည်ဆိုသည့် စိုးရိမ်ပူပန်မှုများလည်း ထွက်ပေါ်နေသည်ဟု သိရှိရသည်။

“ညနေကတည်းက သတင်းထွက်နေတယ်ပြောတယ်။ ရုံးမှာ လူငါးယောက်စောင့်အိပ်နေပါတယ်။ သူတို့နဲ့ အခုချိန်ထိ အဆက်အသွယ်ရတယ်။ ဘာကြောင့်ထွက်တယ်တော့ မသိဘူး သူတို့ဘက်က သတင်းပေါက်လို့ ပြန်ဆုတ်သွားတာလားလို့လဲ တွေးမိတယ်”

ဟု အန်အယ်ဒီလူငယ်တစ်ဦးက ပြောပြသည်။

ရုံးတွင် စောင့်အိပ်နေသည့်သူများ ပြောပြချက်အရ ရုံးရှေ့လုံခြံရေး ယခင်ထက် အနည်းငယ်ပိုသည်မှ လွဲပြီ့း  မည်သည့်ထူးခြားချက်မှ မတွေ့ရကြောင်းလဲ အဆိုပါလူငယ်က ပင်ပြောပြခဲ့သည်။

“ဦးအုန်းကြိုင်ကို ဖုန်းဆက်မေးကြည့်တော့လဲ သူလဲ အဲဒီသတင်းတွေပဲ ထိုင်ဖြေနေရတာတဲ့။ ဘယ်ကဘယ်လို သတင်းထွက်တယ် မသိဘူးတဲ့။ ပထမကြားတာတော့ ဒီညရုံးကိုဝင်စီးမယ်။ စာရွက်စာတမ်းတွေ သိမ်းမယ်လို့ကြားတယ်။ နောက်တော့ သူတို့ဘက်က ပြန်ဆုတ်သွားတယ်ကြားတယ်”

ဟု ပြည်တွင်းသတင်းထောက် တစ်ဦးကပြောပြသည်။

အန်အယ်ဒီသည် တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်ခဲ့ပြီး ဖျက်သိမ်းပြီးသော ပါတီဖြစ်သဖြင့် မည်သည့်နိုင်ငံရေး လုပ်ဆောင်မှုမှ လုပ်ဆောင်ခွင့်မရှိဟု ပြည်ထဲရေး ၀န်ကြီးမှ အန်အယ်ဒီ ခေါင်းဆောင် ဥိးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူသော စာကိုပေးပို့ခဲ့ပြီး ထိုအကြောင်းကို အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြခဲ့သည်။

“ အဲလို စာပို့ပြီးကတည်းက ဘာတွေဖြစ်လာမယ်ဆိုတာ စောင့်ကြည့်နေကြတယ်။ သူတို့ဘက်က အတိုင်းအတာ တစ်ခုခုအထိတော့ အရေးယူမှုပြုလိမ့်မည်လို့ ထင်ထားတယ်။ အခုကိစ္စကလဲ သွေးတိုးစမ်း ကောလဟလလွှင့်တာလား နောက်မှ သတင်းပေါက်လို့ ပြန်ဆုတ်တာလား မပြောနိုင်ဘူး။ စောင့်ကြည့်ရ မှာပဲ”

ဟု ပြည်တွင်းသတင်းထောက် တယောက်က ပြောပြခဲ့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ရန်ကုန်မြို့ပြင်ပသို့ ပထမဆုံး ခရီးထွက်ခြင်းကို ယခုသီတင်းပတ် တနင်္လာနေ့တွင်စတင်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သိရှိရသည်။

 

 
Leave a comment

Posted by on July 8, 2011 in Local News Headlines

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: