RSS

Aung Din – General Aung San

22 Jul

ဗိုလ်ချုပ်အောင်ဆန်း

အောင်ဒင်
ဇူလိုင် ၂၁၊ ၂၀၁၁

 

သူ့ကို ရရှိခဲ့လို့

မြန်မာပြည်ဟာ ကံအကောင်းဆုံးဖြစ်ခဲ့ရသလို

သူ့ကို ဆုံးရှုံးခဲ့ရလို့

မြန်မာပြည်ဟာ ကံအဆိုးဆုံးလည်း ဖြစ်ခဲ့တယ်။

သူ့လို မမြင့်မြတ်တဲ့ ခေါင်းဆောင်တွေကြောင့်

မြန်မာပြည်သူတွေ နာကျင်ခံစားနေကြရသလို

သူ့သမိုင်းကို ချိုးဖျက်ချင်တဲ့ အဓမ္မသမားတွေကြောင့်

မြန်မာပြည်သူတွေ နာကျည်းခံပြင်းကြရတယ်။

 

သူ့လို မဟုတ်ဘဲ

အာဏာရှင်ကို အလုပ်အကျွေးပြုတဲ့ သူ့သားကြီးကြောင့်

မြန်မာပြည်သူတွေ ဝမ်းနည်းကြေကွဲကြရသလို

သူ့လိုမျိုး

လူထုဘက်က ထာဝရရပ်တည်တဲ့ သူ့သမီးကြောင့်

မြန်မာပြည်သူတွေ ဂုဏ်တက်ရပြန်တယ်။

သူရှိတုန်းကတော့

သူတည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ

ပြည်သူသာ အမိ၊ ပြည်သူသာ အဘ

တပ်နဲ့ ပြည်သူ တသားတည်းကျနေခဲ့။

သူ မရှိတဲ့နောက်

တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ

ပြည်သူဆိုတာ

စစ်ဖိနပ်များအောက်က အနင်းခံသဲမှုန်ကလေးများသာ။

ရှိတုန်းကလည်း

တန်ဖိုးအကြီးမားဆုံး

မရှိတော့တဲ့အခါမှာလည်း

တန်ဖိုးအကြီးမားဆုံးဖြစ်နေဆဲ

“တနှစ်အတွင်း ဒီမိုကရေစီရဖို့”

“ရရင်ရ မရရင်ချဖို့”

ကျနော်တို့ဆီ ပြန်လာခဲ့ပါလား ဗိုလ်ချုပ်ရယ်

လွမ်းတယ်ဗျ …။ ။

(ပန်းချီ ထိန်လင်း ရဲ့ General Aung San ၊ Acrylic အား အသုံးပြုထားပါသည်။

 
Leave a comment

Posted by on July 22, 2011 in Aung Din, poem

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: