RSS

Suu 66 – MoeMaKa Special Limitted Book Edition

22 Jul

မိုးမခ၏ စု ၆၆ အမှတ်တရစာအုပ်ထွက်ပြီ၊ စာမူရှင်များနဲ့ ဝိုင်းတော်သားတွေ ဆက်သွယ်ပါ

မိုးမခရွာဆော်ကြီး၊ ဇူလိုင် ၂၂၊ ၂၀၁၁

https://moemaka.files.wordpress.com/2011/07/11-1.jpg?w=225

ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုတဲ့ မြန်မာအနုပညာရှင်တွေရဲ့ စာပေအနုလက်ရာတွေနဲ့ မိုးမခက လွန်ခဲ့တဲ့ ဇွန်လက အွန်လိုင်းမှာ နေ့စဉ် တင်ဆက်ခဲ့တယ်။ မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ မှာ အင်တာနက် အီးမေးတွေက တဆင့် အီးဘုတ်အုပ် ထုတ်လုပ်ဖြန့်ချိခဲ့တယ်။ ယခု ကတိပေးထားတဲ့အတိုင်း စာမူရှင်တွေနဲ့ ဝိုင်းတော်သားတွေကို ကျေးဇူးလက်ဆောင်ပေးဖို့ အထူးပုံနှိပ်စာအုပ် ထွက်လာပါပြီ။

ထိုင်းနိုင်ငံရောက် မိုးမခစာမူရှင်နဲ့ ဝိုင်းတော်သားများ – ချင်းမိုင်တွင် ကိုဇာနည်ဝင်း၊ မဲဆောက်တွင် ကိုအောင်ထက် ကို ဆက်သွယ်ပါ။ ကျန်နိုင်ငံကသူတွေ (မြန်မာပြည် မပါ) ကတော့ အမေရိကန်က မောင်ရစ်နဲ့ ကိုဦးကို ဆက်သွယ်ပါ။ စာမူရှင်နဲ့ ဝိုင်းတော်သားများ အမည်စာရင်းနဲ့ သတ်မှတ်ပြီး စာတိုက်ကနေ ပို့ပေးမှာ ဖြစ်ပါတယ်။ အဲဒါကတော့ အခမဲ့၊ မေတ္တာလက်ဆောင်ပါ။ စာတိုက်ခကိုပါ မိုးမခက စိုက်မယ် ဖြစ်ပါတယ်။

အမှတ်တရ ဝယ်ယူအားပေးလိုသူများအတွက်ကတော့ မိုးမခက ရန်ပုံငွေရအောင်လို့ ရောင်းပေးပါ့မယ်။ ဝိုင်းတော်သားတွေထဲက ကူညီပြီး ရောင်းပေးချင်သူများလည်း ကြိုတင်ဆက်သွယ်ပါ။ စာအုပ်က အရင်း ၅ ဒေါ်လာ၊ ပို့ခ စာတိုက်ဖိုးက ၅ ဒေါ်လာ (ပိုပိုမိုမိုတွက်ထားတာ) ပြီးတော့ မိုးမခ ရန်ပုံငွေနဲ့ မွေးနေ့အလှူအဖြစ် သက်ဆိုင်ရာကို ပေးအပ်မယ်လို့ စဉ်းစားပါတယ်။ မိုးမခကို ၅ ဒေါ်လာ၊ မွေးနေ့အလှူ သက်ဆိုင်ရာသို့ ၅ ဒေါ်လာ သတ်မှတ်မယ်လို့ စဉ်းစားထားတော့ စာအုပ် ၁ အုပ်ကို အမေရိကန်ဒေါ်လာ ၂၀ နဲ့ အမှတ်တရ သိမ်းဆည်းနိုင်ပါတယ်။

သည်နေရာမှာ မှာယူနိုင်ပါပြီ။ ကျေးဇူးတင်ပါတယ်။

 
Leave a comment

Posted by on July 22, 2011 in About MoeMaKa

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: