RSS

Monthly Archives: August 2011

Thu Rain Htet – Lie


ကာတွန်းသူရိန်ထက် – အချင်းချင်း လှည့်စားခြင်း

စက်တင်ဘာ ၁၊ ၂၀၁၁

 

 
Leave a comment

Posted by on August 31, 2011 in Cartoon Box, Thurain Htet

 

Translated by May Ka on “Twilight over Burma by Inge Sargent ” # 12


 https://moemaka.files.wordpress.com/2011/08/sawpor1.jpg?w=225

မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး – ၁၂

မေခ

သြဂုတ် ၃၁၊ ၂၀၁၁

မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု

(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)

အခန်း၇ အပိုင်း၂

စက်တင်ဘာနေ့ရက်များ ကုန်လွန်သောအခါ အရှေ့စံအိမ်တော်တခုလုံး စိတ်လှုပ်ရှားစွာဖြင့် ဆူညံနေကြတော့သည်။ ဗေဒင်ဆရာ  ဆရာဘဟန်က ၁၁လပိုင်းလဆန်း ၁၁ရက်နေ့သည် မင်္ဂလာပွဲပြုလုပ်ဖို့အသင့်တော်ဆုံးနေ့ဟု သတ်မှတ်ပေးသည်။ စ၀်က သူမ၏မွေးနေ့နှင့် နက္ခတ်တာရာများကိုအသေအချာ တွက်ချက်ပြီး မင်္ဂလာနေ့ရက်ကို ဆုံးဖြတ်ခိုင်းလေသည်။

အသေးစိတ်ပြင်ဆင်ချိန်မှာ၂လမျှသာကျန်ရှိတော့လေသည်။ အခမ်းအနားအတွက် အပြင်လူများ ၀င်ရောက်လာလျှင် ကြိုတင် အကြောင်းကြားထားဖို့ လိုအပ်ကြောင်းဆုံးဖြတ်ထားခဲ့သည်။ သူ၏ ပွဲဖြစ်မြောက်ရေးဝန်ကြီးများကို သူက ယုံကြည်စိတ်ချစွာ အပ်နှံထားလေသည်။

မန္တလေးမှလာကြသော ရတနာကုန်သည် ၊ ပိုးရက်ကန်းသည်၊ အပ်ချုပ်သမ၊ ဒီဇိုင်းဆရာ တို့သည် သုစန္ဒာ ကိုပြင်ဆင်ပေးဖို့ အရှေ့စံအိမ်တော်ကို ရောက်ရှိလာကြတော့သည်။ ဧည့်ခန်းသည် ကာလာရောင်စုံဖြင့် အ၀တ်အစားပြပွဲလိုဖြစ်နေတော့သည်။ မြန်မာလက်မှုပညာသည်များသည် သူတို့၏ တောက်တောက်ပြောင်ပြောင်ပိုးထည်နမူနာများ နှင့် လက်ဖြင့်ထိုးထားသော ပြင်သစ်ဝိုင် ဘာဂန်ဒီရောင်ကောဇောများကိုပြကြသည်။

အရပ်ရှည်ရှည် ကုလားရတနာကုန်သည်က ကတ္တီပါလင်ပန်းပေါ်တင်ထားသည့် လင်းလက်တောက်ပနေသော စိန်များ ပတ္တမြားများ ကို အလင်းရောင်ကောင်းကောင်းရသောနေရာတွင် ပြသနေကြသည်။ သုစန္ဒာယောင်းမ ချယ်ရီက သိမ်မွေ့လှပ ယဉ်ကျေးမည့် အမျိုးမျိုးသော ရတနာ ပိုးထည် ကတ္တီပါစ တို့ကို ကူရွေးချယ်ပေးသည်။ မန္တလေးပိုးချိတ်များသည် တိုင်းယိုင်ပိုးချိတ်ထက်ပိုမိုလေးလံပြီး ရှုပ်ထွေးလှပသော ဒီဇိုင်းများဖြင့် တရက်လျှင် နှစ်လက်မ မျှသာ ရက်လုပ်နိုင်လေသည်။

Read the rest of this entry »

 
Leave a comment

Posted by on August 31, 2011 in May Ka, Serial Translation

 

The Geek – Gadafi Days are Over


ကဒါဖီ နေ၀င်ပြီ

နိုင်ငံတကာသာဂိ

သြဂုတ် ၃၁၊ ၂၀၁၁

၂၀၁၁ နှစ်ဆန်းက အာရပ်နွေဦး လှုပ်ရှားမှုမှာ ရှေ့တန်းရောက်လာတဲ့ လစ်ဗျားပြည်သူတွေရဲ့ ကဒါဖီအာဏာရှင်လက်အောက်က လွတ်မြောက်ရေးလှုပ်ရှားမှုဟာ ၆ လ ကျော်ကြာမှ တော်လှန်ရေးသမားတွေအတွက် နေရောင်မြင်ရတယ်။ အာဏာရှင်ကဒါဖီအတွက် နေ၀င်ချိန် အခုမှ စတယ်။ လွန်ခဲ့တဲ့ သြဂုတ်လ နောက်ဆုံးအပတ်မှာ သူပုန်တပ်တွေက မြို့တော် ထရီပိုလီကို သိမ်းနိုင်တယ်။ ကဒါဖီနဲ့ စစ်အာဏာရှင်နောက်လိုက်များဟာ သူတို့ရဲ့ နောက်ဆုံး ခံတုတ် ဆာဖ်မြို့မှာ ချောင်ပိတ်မိနေပြီး၊ သူ့မိသားစုက အာဏာရှင်မိတ်ဆွေ အယ်ဂျီရီးယားနိုင်ငံထဲကို ထွက်ပြေးလွတ်မြောက်သွားပြီလို့ ဆိုတယ်။

လစ်ဗျားပြည်ရဲ့ တော်လှန်ရေးက အာရပ်နွေဦးရဲ့ ဟိုမှာဘက်က အင်တာနက်တွေ၊ ဖေ့စ်ဘွတ်ခ်တွေ၊ ဘလောဂ်တွေ၊ စမတ်ဖုန်းတွေနဲ့ လှုပ်ရှားလှုံဆော်တဲ့ အခြားနိုင်ငံတွေက သူပုန်ထမှုတွေနဲ့ မတူဘူး။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ကျောင်းဆရာတွေကိုယ်တိုင်က အေကေ ၄၇ မောင်းပြန်ကို ကိုင်စွဲပြီး တမြို့ဝင် တမြို့ထွက် စစ်အကြမ်းဖက်သမားတွေရဲ့ ဗုံး၊ လက်နက်၊ တင့်ကား၊ လောင်ချာနဲ့ စနိုင်ပါတွေကို ကြံ့ကြံ့ခံပြီး တိုက်ခိုက်ရတဲ့ သူသေ ကိုယ်သေ၊ သွေးချောင်းစီး တော်လှန်ရေးဖြစ်တယ်။ Read the rest of this entry »

 
Leave a comment

Posted by on August 31, 2011 in News Features, TheGeek

 

Shwe Pyi Soe – Suu is not that stupid


ဒေါ်စု မညံ့ပါ

ရွှေပြည်စိုး

သြဂုတ် ၃၁၊ ၂၀၁၁

ဒီတလော ဒေါ်အောင်ဆန်းစုကြည် နဲ့  ကြံ့ဖွတ်အစိုးရ တို့  “နိုင်ငံရေးစကားဝိုင်း”  ထဲ ရောက်နေကြတာ အားလုံးအသိပါ။

ဒီလို “နိုင်ငံရေးစကားဝိုင်း” ထဲ ရောက်လာဖို့အကြောင်းက လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ တိုင်းရင်းသားလူမျိုးစုအရေး … စတဲ့ အကျပ်အတည်းတွေ တွေ့နေရာကနေ လျော့ပါးလွတ်မြောက်အောင် “ဟန်ဆောင်စကားဝိုင်း”  ဖွဲ့တယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်လောက်ပါတယ်။

ဒီအာဏာရှင်တွေဟာ နိုင်ငံမှာ အကျပ်အတည်းတွေ့တိုင်း ဒီလိုလုပ်လေ့ရှိတယ်ဆိုတာလည်း အားလုံးသိပြီး လောက်ပါပြီ။ ပြီးရင်  အရင်အတိုင်း လူ့အခွင့်အရေးကို ဆက်လက်ချိုးဖောက်တာပါပဲ။ အထင်ရှားဆုံးကတော့ ၂၀၀၃ ခုနှစ်၊ မေလ – ၃၀ ရက် ည  ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦး တို့အဖွဲ့ကို လုပ်ကြံတာဖြစ်တယ်။ ဒေါ်စု၊ ဦးတင်ဦး တို့ အသက်မသေခဲ့ပေမယ့် အကျယ်ချုပ်ချထားခြင်း ခံလိုက်ရပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on August 31, 2011 in Analysis, Shwe Pyi Soe

 

Min Kaung Chit – Article


အဂတိတရားနဲ့ မိုးခါးရေ
မင်းကောင်းချစ်
သြဂုတ် ၃၁၊ ၂၀၁၁

အိန္ဒိယနိုင်ငံမှာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က အသက် ၇၄ နှစ်အရွယ် “အဲန်နာဟာဇာရီ”လို့ အမည်ရှိတဲ့ လူမှုရေးလှုပ်ရှားသူတဦးရဲ့ အစာငတ်ခံ ဆန္ဒပြမှုက စတင်တခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုဟာ အခုဆို အရှိန်အဟုတ်အတော်ကြီးမားနေပြီ။ ဖောက်ပြန်တဲ့ နိုင်ငံရေးသမားတွေနဲ့ ၀ိသမ စီးပွားရေးသမားတွေ၊ အကျင့်ပျက်ခြစားနေတဲ့ ဗျူရိုကရက်အရာရှိဝန်ထမ်းတွေရဲ့ အဂတိလိုက်စားမှုဒဏ်ကို နှစ်ပေါင်းများစွာ အလူးအလိမ့်ခံစားခဲ့ရတဲ့ အိန္ဒိယပြည်သူတွေဟာ အဲန်နာဟာဇာရီရဲ့ နောက်မှာ တညီတညာထဲ စုရုံးထောက်ခံနေခဲ့ကြပြီ။

အဲ့ဒီလို ဘာကြောင့်ဖြစ်ခဲ့တာလဲ။ အဖြေက ရှင်းရှင်းလေးပါ။ တိုင်းပြည်တခု ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ မရှိမဖြစစ်လိုအပ်တဲ့ အခြေခံ ဒေါက်တိုင်ကြီး တွေထဲက စာရိတ္တမဏ္ဍိုင်ကြီး ယိမ်းယိုင်ချိနဲ့လာခဲ့လို့ပါဘဲ။ မျက်လုံးပေါ်မှာ အ၀တ်စီးပြီး ညီမျှတဲ့ချိတ်ခွင်ကိုကိုင်ထားတဲ့ Goddess of Justice အမှန်တရားစောင့် နတ်ဘုရားမပုံတွေကို တွေ့ဘူးလိမ့်မယ် ထင်ပါတယ်။ အမှန်တရားကိုစောင့်ရှောက်ရာမှာ ကျောသား၊ ရင်သားမခွဲခြား၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ မျှတစွာ ဆုံးဖြတ်စောင့်ရှောက်မဲ့ အဓိပ္ပါယ်ဆိုလိုရင်းဖြစ်တယ်။ အဂတိတရားဟာ အဲဒီနတ်ဘုရားမနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ပါဠိစားဖြစ်တယ်။ အင်္ဂလိပ်လိုတော့ Partiality (Particularly in the dispensation of Justice) အမှန်တရားနှင့် ဥပဒေကို မျက်ကွယ်ပြုလျှက် မျက်နှာလိုက်ခွဲခြား စီမံဆောင်ရွက်ခြင်းဟု မြန်မာပြန်လို့ရမယ်ထင်ပါတယ်။

Read the rest of this entry »

 
Leave a comment

Posted by on August 31, 2011 in Min Kaung Chit

 

One Day of Phyu Phyu Thin with HIV/AIDS Shelter


မဖြူဖြူသင်းရဲ့ တနေ့တာ (ဖေ့စ်ဘွတ်အယ်လဘန်)

မိုးမခ၊ သြဂုတ် ၃၁၊ ၂၀၁၁

https://moemaka.files.wordpress.com/2011/08/ppt-album02.gif?w=300[[ မနက်မိုးလင်းလို့ ရောင်နီသမ်းပြီဆိုတာနဲ့ သူမဟာ ဖုန်းတလုံးနဲ့ အလုပ် စတင်လုပ်ရပါတော့တယ်။ ဒီနောက်မှာတော့ သူ့ဆီလာရောက်ဆက်သွယ်ကြတဲ့ လူနာများကို လုပ်ငန်းစဉ်အလိုက် သက်ဆိုင်ရာ လုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ စီစဉ်ညွှန်ကြားရပါတယ်။ ကျွန်တော် သူမကို တွေ့လိုက်ချိန်မှာ သူမ မျက်နှာမှာ အမြဲတန်း အပြုံးပန်းလေးကို ပန်ဆင်ထားတာကို တွေ့ရပါတယ်။ သူမဟာ လူနာတွေနဲ့တွေ့တဲ့အချိန်မှာဆိုရင် ပိုပြီးတော့ ကျက်သရေရှိလှပါတယ်။ ]] Read the rest of this entry »

 
Leave a comment

Posted by on August 31, 2011 in News in Photos

 

Shwe Chinthe Articles on PLHA – When my son cries hungry


https://i0.wp.com/www.aidforafrica.org/wp-content/uploads/2009/08/mothers2mothers-logo.png

ကျွန်မသားလေး ဆာလို့ ငိုတဲ့အချိန်

မစိမ့်၊ သြဂုတ် ၃၀၊ ၂၁၁

(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)

ကျွန်မ စစခြင်းတုန်းက ကျွန်မဒီရောဂါ ဖြစ်တယ်ဆိုတာ ကိုယ်ကိုယ်တိုင် မသိခဲ့ပါဘူး။ ကျွန်မ ချောင်းတွေ အရမ်းဆိုးလာတယ်။ ကိုယ့်ကိုယ်ကိုယ် မသင်္ကာဖြစ်ခဲ့တယ်။ အဲဒီကနေပြီး ရွှေခြင်္သေ့ကို လိုက်ပို့ပေးဖို့ ကျွန်မသူငယ်ချင်းကို အကူအညီတောင်းခဲ့တယ်။ သူက အဲဒီကိုသွားနေတဲ့ ရောဂါသည်ပါ၊   ဒါပေမယ့် လိုက်မပို့ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ကြက်ခြေနီအသင်းရဲ့ အကူအညီနဲ့ ပြည်သူ့ဆေးရုံကြီးကို သွားရောက်ပြီး သွေးစစ်လိုက်တော့ ကျွန်မမှာ ကူးစက်ရောဂါ ရှိတယ်လို့ ဆရာဝန်ကြီးက ပြောပါတယ်။ ကူးစက်ရောဂါ ရှိတယ်လို့ ပြောလိုက်တော့ ကျွန်မ အရမ်းကိုပဲ တုန်လှုပ်ခြောက်ချားသွားခဲ့တယ်။ ဆရာဝန်ကြီးက နင်ဒီရောဂါ ရှိလို့ တုန်လှုပ်သွားသလား၊ စိတ်ဓာတ်ကျသွားသလားလို့ မေးတော့ ကျွန်မစိတ်ဓာတ်မကျဘူးလို့ ပြောလိုက်ပါ တယ်။ အဲဒီ အချိန်မှာ ကျွန်မ ဆရာဝန်နဲ့ တိုင်ပင်ပါတယ်။ နောက်ပြီး ဓာတ်မှန်ရိုက်ကြည့်လိုက်တော့ တီဘီ ရောဂါရှိမှန်း သိလိုက်ရပြန်တယ်။ ကျွန်မမှာ ရောဂါ (၂) မျိုးပေါ့နော်။

ကျွန်မသွေးတွေအန်တယ်။ အစကတော့ ပတ်ဝန်းကျင်က ဝိုင်းဝန်းကူညီ ပေးခဲ့ကြပါတယ်။  ဒါပေမယ့် နောက်တော့ HIV ရောဂါရှိမှန်းသိပြီး ကျွန်မကို ရှောင်လာကြတယ်။ ရှုံ့ချကြတယ်။ ခွဲခြားလာကြတာပေါ့နော်။ သောက်ရေခွက်တောင်မှ စတီးခွက်နဲ့ ချမပေးဘူး။ ပလတ်စတစ်ခွက်နဲ့ ချပေးခဲ့ပါတယ်။ အော် ကိုယ်က ရောဂါသည်မို့ သူတို့တစ်တွေ ခွဲခြား ဆက်ဆံကြတာပဲလို့ ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့ရပါတယ်။ ကျွန်မဟာ ကျန်းမာရေး ချို့တဲ့နေတဲ့အတွက် ဘာ အလုပ်အကိုင်မှလည်း မလုပ်နိုင်တဲ့ အချိန်ဆိုတော့ ငွေကြေးအခက်အခဲ စားရေးသောက်တာ အခက်အခဲ ဖြစ်လာခဲ့ပါတယ်။ မန္တလေးဆေးရုံကြီး ဆေးသွားပြချိန်ဆိုရင် ငွေကြေး အဆင်မပြေလို့ အရမ်းစိတ်ဆင်းရဲရပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on August 30, 2011 in PLHA