RSS

Maung Maung One – The Irrawaddy

04 Aug

ချစ်သော ဧရာဝတီ
မောင်မောင်ဝမ်း
သြဂုတ် ၃၊ ၂၀၁၁
ဧရာဝတီဟာ တခါက ကျနော့်အပေါ် အငြိုးဒေါသကြီးခဲ့ဖူးတယ် … ဒါကလည်း ကျနော်က ရန်သွားစတာကိုး … တကယ်တော့ … သူဟာ စိတ်ရင်းအလွန်ကောင်းပြီး .. သဘောထားမြင့်မြတ်သူပါ … ကျနော် ၁၂ နှစ်သားလောက် ကျနော့်အဖေဇာတိ မိုးညိုမြို့နယ်အပိုင် ထိန်တောရွာလေးကို အလည်လိုက်သွားရာက … ဧရာဝတီမြစ်ထဲကို ရေဆင်းကူးတော့ .. သူက ကျနော့်ကို ဒေါသတကြီးနဲ့ ဆုံးမလွှတ်လိုက်တယ် … ကျနော့်ကို သူ မသတ်ဘူး … ကတိတခုတော့ တောင်းတယ် … မင်းအသက်ကို ငါ ကယ်လိုက်ပြီတဲ့ … ငါ့ကိုလည်း ရန်ရှာနေတဲ့သူတွေ ရှိတယ် … ငါ့ကိုလည်း ပြန်ကယ်ပါတဲ့ … အော် ဧရာဝတီရယ် … သင်ဟာ လူများစွာကို ကယ်တင်နေတဲ့သူ … လူများစွာရဲ့ အကျိုးစီးပွားကို သယ်ပိုးနေတဲ့ သူ … သင့် ကို ဘယ်သူမှ ပစ်မထားဘူး … ( ကျေးဇူးမသိတတ်သူများက လွဲရင်ပေါ့)။

ဒါပေမယ့် ဧရာဝတီ … ခွင့်လွှတ်ပါ .. ကျနော့်ကို ခွင့်လွှတ်ပါ … ကျနော် သင့်ကိုမေ့နေတာ ကြာသွားပြီ .. တနေ့ကမှ ညီငယ် ဗမာ့သွေးက အထိတ်တလန့် တီးတိုးရေရွတ်သံနဲ့ လှမ်းပြောရှာတယ် …
“အကို … ဧရာဝတီ အခြေနေမကောင်းဘူး … ဝိုင်းကယ်ကြဦး” တဲ့။
ကျနော် ကြက်သီးတွေ ထသွားတယ် … သတင်းတွေထဲမှာ ဖတ်ရတယ်… ဒါပေမယ့် .. အာရုံက အဲဒီဘက် သိပ်မရောက်မိတော့ မေ့မေ့လျှော့လျှော့ ဖြစ်သွားတယ် … တကယ်တော့ … ဧရာဝတီဟာ ကျနော်ရဲ့ကျေးဇူးရှင် … အမိမြန်မာနိုင်ငံသားတွေရဲ့ အားထားရာ … ပင်မသွေးကြောကြီး … … ရင်နှင့်အမျှ ခံစားရပါတယ် …. ယန်စီ (တရုတ်နိုင်ငံရဲ့မြစ်ကြီး) ကိုတော့ အလှအပပျက်မှာ စိုးလို့ … အရိပ်တကြည့်ကြည့်နဲ့ထားပြီး … တို့ .. မိခင် ဧရာဝတီကိုမှ ရန်လာရှာရသလားဗျာ … ကိုချိုတူးဇော် ရေးတဲ့ စာလေးကို သွားသတိရတယ် … အကျိုးအမြတ်ရတိုင်း လုပ်သင့်သလားတဲ့ … အကျိုးအမြတ်ရလို့ ရွှေတိဂုံဘုရားကြီးကို ထုတ်ရောင်းမယ်ဆို သင့်တော်ပါ့မလားတဲ့ … သိပ်မှန်လိုက်တဲ့ စကား …
အမေရိကန်ပြည်ထောင်စုရဲ့ မြေလွှာအောက်မှာ သယံဇာတတွေ အများကြီးရှိတယ် … ရေနံတွေ ရှိတယ် … ဒါပေမယ့် သူတို့မိခင် မြေကြီးကိုတူးဆွဖို့ အခွင့်အရေးမပေးဘူး … သဘာဝအရင်းအမြစ်တွေ ပျက်သုဉ်းပြီး .. လူသားတွေ ထိခိုက်နစ်နာမှာ စိုးလို့တဲ့ … ထိုင်းနိုင်ငံမှာ မျက်စိတဆုံး ကျွန်းသစ် စိုက်ခင်းကြီးတွေ ရှိတယ် … ဘယ်သူမှ မခုတ်ဘူး … တို့ပြည်တွင်းထဲက ကျွန်းတွေကိုတော့ ခုတ်ယူသွားတယ် … ခုတ်ခွင့်ပေးတဲ့သူတွေကလည်း ပေးနေတာကိုး … … အတွေးအခေါ် အမြှော်အမြင်ရှိသူများက .. ပညာကိုရောင်းစားပြီး တိုင်းပြည်ကို ထူထောင်တယ် … အတွေးအခေါ် အမြှော်အမြင်မဲ့သူများက … သဘာဝအရင်းအမြစ်တွေကို ရောင်းစားပြီး ကိုယ်ကျိုးအတွက် အလုပ်လုပ်တယ် … ဒီတခါက … မိခင် ဧရာဝတီရဲ့အလှည့်များလား။
တခါက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်မှာ … အစ္စရေးပညာရှင်တဦးက ပြောခဲ့ဖူးတယ် … ခင်ဗျားတို့နိုင်ငံရဲ့ အလယ်တည့်တည့်မှာ … ဧရာဝတီဆိုတဲ့ မြစ်ကြီးက ဖြတ်စီးနေတာ … ခင်ဗျားတို့ ချမ်းသာအောင် မလုပ်နိုင်ဘူးလားတဲ့ … ဧရာဝတီရဲ့တန်ဖိုးဟာ အဲသလောက် ကြီးပါတယ် … …
စာရေးဆရာ မောင်သိန်းဆိုင်ရဲ့ နှလုံးသားထဲက — ဧရာဝတီ
အဆိုတော် ရီရီသန့် ရဲ့ —————————– ဧရာဝတီ
ထူးအိမ်သင်ရဲ့ ရာဇဝင်ထဲက သတို့သမီး ———- ဧရာဝတီ
တို့အားလုံးရဲ့ ————————————- ဧရာဝတီ
ကိုယ်ကျိုးရှာ စစ်အာဏာရှင်တွေနဲ့ ကွန်မြူနစ်ဇာတ်ပျက် တရုတ်အစိုးရတို့ပေါင်းပြီး အသေသတ်ကြတော့မယ်… တို့ဘာလုပ်ကြမလဲ … … …
ဧရာဝတီကို ကာကွယ်ကြမလား … ဧရာဝတီဟာ ရန်သူ့လက်ထဲမှာ လူးလွန့်ပြီး .. အသင်တငင်ငင်နဲ့ ရှိနေတာကို … လက်ပိုက်ကြည့်နေကြမှာလား … …
ဧရာဝတီရဲ့ကျေးဇူး ဒို့ ဘယ်လိုတုံ့ပြန်ကြမလဲ … … … …

အားလုံးကို လေးစားစွာဖြင့်
မောင်မောင်ဝမ်း
 
Leave a comment

Posted by on August 4, 2011 in Maung Maung One, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: