RSS

Gyaw Dee – regime’s poverty project

07 Aug

သမတကြီးရဲ့ စီမံကိန်း -၂
ဂျော်ဒီး
သြဂုတ် ၆၊ ၂၀၁၁



ထူးထူးဆန်းဆန်း …ဒီနေ့ .. ဈေးကပြန်လာတဲ့ ဂျီးဒေါ်ရဲ့  လက်ဆွဲခြင်းထဲမှာ ..ဟင်းလျာတွေ အပြည့် ..။ ကြက်တကောင်ရဲ့ ခြေထောက် တစုံကလည်း..မိုးပေါ်ကိုထောင်လို့။ ကြက်သားထုပ်နဲ့အတူ အာလူး၊ ဗူးသီး၊ ငရုပ်၊ ကြက်သွန်အထုပ်တွေ စုံစီနဖာနဲ့။ စုစုပေါင်း ခြောက်ထောင် ရှစ်ရာ ကိုးဆယ့်ငါးကျပ်ဖိုးကျသင့်သော်လည်း ..အကြွေမရှိ၍ ခုနစ်ထောင် ပေးခဲ့ရတာတော့ ဂျီးဒေါ်ရင်ထဲ ခိုးလိုးခုလု။ ထားပါတော့လေ။ ထိုစဉ်..

‘‘ဟိုင်း … ဘော့စိ ဂျီးဒေါ်။ ရေလျှံနေပါလား။ ကြက်ကောင်လုံးတွေ ဘာတွေဆွဲလို့။ ကျနော်တောင် ထမင်း ၀င်စားချင်လာပြီ…ဂလု’’

အော် … သာဂိ..သာဂိ..။ အရာရာသိသလိုလိုနဲ့  ဘာ ..ဘာ ..ဘာမှ မသိရှာတဲ့ ..အာပလာသာဂိပါလားလို့ ဂျီးဒေါ်စိတ်ထဲက ရေရွတ်နေတုံး

‘‘ဘာလဲ ဂျီးဒေါ်က ရေလျှံနေလို့ မာနကြီးတခွဲသားနဲ့ပေါ့လေ။ မကျွေးချင်လဲနေဗျာ’’
‘‘ဟဲ့ … သာဂိ။ ဘာဘာညာညာမသိ.. ထင်တာတွေ စွတ်ပြောမနေနဲ့။ ရေလျှံနေတာ..ငါမဟုတ်ဖူး။ မြို့စွန်ကွက်သစ်ကလူတွေ.. ရေလျှံနေတာ’’


‘‘ဟင် .. ဟုတ်လား..။ ဘာခွင်တွေ့လို့ ရေလျှံသွားတာလဲ တောက်တဲ့တွေဈေးကောင်းရလို့လား’’
‘‘ဘာခွင်တွေ့လို့မှ မဟုတ်ဖူးဟေ့ ..။ ခုတလော မိုးတွေဆက်ရွာတော့ တို့မြို့အထက်ကဆည်တွေ ရေလျှံမှတ်ရောက်နေတာ မထိန်းနိုင် တော့လို့  ရေတွေဖောက်ချလိုက်တာ အနိမ့်ပိုင်း မြို့သစ်တွေ ရေလျှံပြီး ရေကြီးနေပြီလေ။ လယ်သမားတွေရဲ့ စိုက်ပြီးစ စပါးပင်တွေ ရေ လျှံလို့  ကောက်ပင်တွေအကုန်လုံး ရေမြှုပ်ကုန်ပြီ။ ခုချိန်မှ နောက်ထပ်လဲ ပျိုးပင်ရှာရခက်၊ စိုက်ပြီးသားတွေ ပျိုးတွေလဲဆုံးရှုံး။ ဒီကြားထဲ အိမ်တွေလဲ ရေမြှုပ်ကုန်၊ ရေဘေးဒုက္ခသည်တွေဖြစ်ကုန်ပြီ။ အခု ရေဘေးဒုက္ခသည်တွေကို ထမင်းထုပ်တွေပို့မလို့ ဟဲ့ …’’

‘‘ဟင်..ဟုတ်လား ….’’
‘‘အဲဒါ .. တို့တွေ မရှိရှိတာလေးတွေ ပေါင်နှံရောင်းချပြီး ငွေစုပြီး စားစရာတွေ ပို့မယ်..။ ခုနေ သူတို့ချက်ပြုတ်စားစရာ နေရာကို မရှိသေးလို့ ထမင်းထုပ်ကမ်းမယ်။ နင်လဲ ပိုက်ဆံလေး ဘာလေးဖြစ်ဖြစ် ထဲ့ကူဦး’’

‘‘ဗျာ’’
သာဂိက သူ့အင်္ကျီအိပ်ကပ် ပြားချပ်ချပ်ကလေးကိုလက်နှင့် အသာစမ်းရင်း ရေရွတ်ရှာဧ။်။ ပြီးမှ ‘‘အေးပါဗျာ။ မရှိအတူ ရှိအတူပေါ့။ ကိုယ့် အချင်းချင်းဒုက္ခရောက်နေတုံး ကူညီရမှာပေါ့။ ဟင်း …တောက် …ရေလျှံပုံချင်းကတော့ မတူပါလားဗျာ’’

‘‘ဟေ ..ဘယ်မှာရေလျှံနေပြန်ပြီလဲ..သာဂိရဲ့”
‘‘အော် …ချမ်းသားတဲ့သူတွေ ပိုက်ဆံတွေ ထားစရာမရှိအောင်ကို အလျှံအပယ် ဖြစ်နေတာကို ရေလျှံတယ်လို့ ဘန်းစကားအနေနဲ့ ပြောတာပါဗျ။ ဝေးလိုက်တဲ့ ဂျီးဒေါ်။ ဟို လွှတ်တော်အမတ်သူဌေးကြီးတယောက်ဆို မဲဆွယ်ပွဲတွေတုန်းက သူ့မှာငွေတွေ ဘယ်လောက် ချမ်းသာမှန်းတောင် မသိအောင် ချမ်းသာသတဲ့ဗျာ။ နောက်နိုင်ငံတော် ဇောတိကဘွဲ့ရ သူခိုး …အဲလေ သူဌေးကြီးတွေ ၀ယ်လိုက်ကြတဲ့ လေယာဉ်ပျံတွေများ …၊ ပုစဉ်းတွေ ဖမ်းထားသလို မှတ်တယ်။ ထောင်လိုက်ကြတဲ့ ဘောလုံးအသင်းကြီးတွေ၊ ဖီဖာဆိုလား ဘာဖာဆိုလား အဲ့ဒီ ဖာတွေကိုတောင် အိတ်ထဲထည့်ထားနိုင်အောင်ကို ချမ်းသာရှာတာတဲ့။ နောက်ပြီး ပေါက်စီလို ဖြူဖြူအထုပ်လေးတွေရောင်းတဲ့ ပေါက်ဖော်တကောင်ဆို ဆိပ်ကမ်းကြီးတွေ ဆောက်ချင်သလို ဆောက်နိုင်ရုံမက အခု မြစ်ကြီးလေးစင်း စလုံးတောင် ပိုင်နေပြီဆိုလား။ အားကျလိုက်တာဗျာ’’

‘‘ဟုတ်ပါရဲ့ဟယ်။ တို့ဆင်းရဲသားတွေမှာတော့ ဆင်းရဲသထက် ဆင်းရဲ၊ မွဲသထက် မွဲလို့၊ ဘာလို့များ အဲဒီလောက် ဆင်းရဲချမ်းသား ကွာဟ လွန်းရတာပါလိ့မ်။ အကုန်လုံး ဒီရေ ဒီမြေကို ပိုင်ဆိုင်ကြတာချင်း အတူတူ’’

‘‘မတူဘူးလေ ဂျီးဒေါ်ရဲ့။ တော်ပုံချင်း မတူဘူးလေ။ ဥပမာ ဆွေမျိုးတော်ပုံချင်း၊ ကပ်ဖားရပ်ဖား တော်ပုံချင်း၊ ဘနဖူး သိုက်တူတာ တော်ပုံချင်း၊ ဘယ်သူသေသေ ငတေမာတဲ့နေရာမှာ တော်ပုံချင်း။ ပြောရရင် အဲ့ဒါတွေ ကွာတာပေါ့ဗျ။ ဒါပေမယ့် စိတ်မပူပါနဲ့ ဂျီးဒေါ်။ ကျနော်တို့ သမတကြီးမှာ စီမံကိန်းတွေရှိပါတယ်။

‘‘တော်စမ်းပါ သာဂိရယ်။ ဘာ ဆင်းရဲသားပပျောက်ရေး စီမံကိန်း ဟုတ်လား။ အဲ့ဒါကြောင့် ဆင်းရဲသားတွေ ငတ်သေ၊ ရေလွှမ်းသေပြီး ပပျောက်အောင် စီမံကိန်းတွေ ချနေတာများ’’

‘‘အပစ်တင်မစောပါနဲ့ ဂျီးဒေါ်။ အဲဒါကြောင့် မပြီးခင် ဗမာမမြင်စေနဲ့လို့ ရှေးလူကြီးတွေ ပြောခဲ့တာ။ အခု ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး စီမံချက်ကို အကြီးအကျယ် အကောင်အထည်ဖော်ဖို့ နောက်ထပ် စီမံကိန်းတခု ထပ်ဆွဲထားပြီ။ ဘုရားစူးအောင်ကို အကောင်အထည်ဖော် တော့မယ်။ အဲဒါဆို တိုင်းပြည်မှာ ဆင်းရဲချမ်းသာကွာဟမှုတွေလဲ လျှော့ချပြီးသားဖြစ်မယ်’’

‘‘ဟယ် ၀မ်းသာလိုက်တာ သာဂိရယ်။ သတင်းကောင်းပါလား။ ပြောပါဦး ဒီတခါ ဘာစီမံကိန်းတဲ့လဲ’’
‘‘နောက်စီမံကိန်းက … ချမ်းသာမှု ပပျောက်ရေး စီမံကိန်းတဲ့”

“ဘယ်လို သာဂိ’’
‘‘ဆင်းရဲသား ပပျောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်တဲ့အနေနဲ့ ပထမဆုံး နဲနဲချမ်းသားတဲ့ ကုန်သည်ကြီးတွေဆီက ပိုက်ဆံကောက် ပြီး ဆင်းရဲသားတွေကို ဝေမယ်။ ကိုက်ကိုက် မကိုက်ကိုက် အနစ်နာခံပြီး အလုပ်တွေ ရှာကြံပေးရမယ်။ လိုရင် ကုန်သည်ကြီးတွေက တိုင်းချစ် ပြည်ချစ်စိတ်အပြည့်နဲ့ လူသားချင်းစာနာစိတ်အပြည့်နဲ့ ကိုယ့်အိတ်ထဲကကိုယ် စိုက်ထုပ်ရမယ်။ အဲဒီလိုဆိုရင် သူထေးကြီးတွေ မချမ်းသာတော့ဘူ။ အဲဒါ ချမ်းသာမှု ပပျောက်ရေးစီမံကိန်းဘဲ။ တခုနဲ့တခုဆက်စပ်နေတယ်။ စီမံကိုန်းတခု အကောင်အထည်ပေါ်တာနဲ့ နောက် စီမံကိန်းက အောင်မြင်ပြီးသားဘဲ။ အခု စစ်ကိုင်းတိုင်းဒေသကြီးမှာ စတင်အကောင်အထည်ဖော်နေပြီ။ ကုန်စည်ဒိုင်အဖွဲ့ဝင် ကုန်သည်တွေ တယောက် (၂) သိန်းစီ စုပေးရမယ်တဲ့’’

‘‘တယ်ပိုင်တဲ့ အကြံတွေပါလား။ ဘယ်က ဘယ်သူပေးတာတဲ့လဲ’’
‘‘အဲဒါတွေကို နေပူတော်မှာလုပ်တဲ့ ၀ပ်ရှော့တွေ၊ ကားဘော်ဒီတွေထုရင်း အကျန်တွေစားရင် ဆွဲထားတဲ့ စီမံကိန်းတွေဗျ’’

‘‘အဲဒီစီမံကိန်းတွေမှာ နိုင်ငံတော် သူဌေးကြီးတွေကကော ပူးပေါင်းပါဝင်မှာတဲ့လား’’
‘‘ပါဝင်မှာ ပါဝင်မှာ။ ဟို ဘောလုံးဥက္ကဌ သူထေးကြီးဆို တိုင်းသူပြည်သားတွေကို ကတိပေးထားတယ်။ ဖီဖာဆိုလား၊ ဘာဖာဆိုလား အဲ့ဒီကို ဒဏ်ကြေားတွေ မပေးပါရစေနဲ့လို့ ကူညီဆုတောင်းပေးကြပါတဲ့။ အဲဒီငွေတွေကို မပေးရရင် ချမ်းသာမှုပပျောက်ရေးစီမံကိန်းမှာ ရှေ့တန်းက ပါဝင်ပါ့မယ်တဲ့။ လံကွတ်တီဘဲ ၀တ်ရပါစေ။ ရှိတာတွေ အကုန် ဆင်းရဲသားတွေကို ပေးလိုက်တော့မယ်တဲ့။ လယ်သမားတွေဆီက မတရား လယ်ယာမြေတွေ၊ သိမ်းထားတဲ့ ဖွတ်အမတ် သူထေးကြီးတွေနဲ့ ကျန်တဲ့ နိုင်ငံတော်သူထေးကြီးတွေကလည်း သူတို့ပိုင်ဆိုင်သမျှ ပစ္စည်းတွေ ဟာ ပြည်သူတွေဆီက မတရားရထားတဲ့ နိုင်ငံပိုင်ပစ္စည်းတွေမို့ ဆင်းရဲသား ပြည်သူတွေကိုဘဲ ပြန်လည် မျှဝေပါတော့မယ်တဲ့’’

‘‘သာဓု… သာဓု ..နိုင်ငံတော် သမတကြီးကြားရင် သူ့စီမံကိန်ေးတွ အောင်မြင်လို့ ၀မ်းသာမှာပေါ့နော်’’
‘‘နိုင်ငံတော် သမတကြီးနဲ့ အစိုးရတဖွဲ့လုံးကလည်း သိန်း ၅၀၊ ၆၀ လခတွေ လုံးဝ လုံးဝ မယူတော့ဘူးတဲ့။ နောက်ပြီး …’’

သာဂိစကားမဆုံးခင် ဂျီဒေါ်တယောက် ကိုယ့်နားတောင် ကိုယ်မယုံတော့ဘဲ အိပ်မက်လား တကယ်လား သေချာစေရန် ကိုယ့်အသားကို ပြန်ဆိတ်ကြည့်လိုက်ရာ နာကျင်လွန်း၍ အိပ်ရာမှ လန့်နိုးသွားလေသည်။

သရုပ်ဖော် – ကာတွန်းစောငို
 
Leave a comment

Posted by on August 7, 2011 in Gyaw Dee, Satire

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: