RSS

Htarwaya’s Poem

13 Aug

မီးခွက်စောင့်နှင့် စကားပြောခြင်း

ထာဝရ

သြဂုတ် ၁၃၊ ၂၀၁၁

စိတ်ကူးယဉ်တယ်ပဲ ဆိုဆို
တောင်တွေးမြောက်တွေးတယ်ပဲပြောပြော
လက်တွေ့မဆန်ဘူးလို့စောဒကတက်လိုက တက်
အရူးထတာပါလို့ပဲ စွဲချက်တင်လိုကတင်
ပုထုဇဉ်မလို့ ဒီလိုဖြစ်သွားရတာပါလို့ လျှောက်လဲချက်ကလွဲပြီး တခြားပြောပြစရာမရှိပါဘူးလို့ပဲ ပြောပါရစေ …။
မနက်ဖြန်က မေတ္တာအခါတော်နေ့ဆိုတော့
ဒါနဲ့ပတ်သက်ပြီးဖြစ်လာတဲ့ စိတ်ကူးယဉ်ဆန်ဆန်အတွေးတခုမွေးဖွားလာတယ်။
ဘာလဲဆိုတော့ ……
ဒီအချိန်မှာ အာလာဒင်မီးခွက်စောင့်တဲ့သူက

မီးခွက်စောင့် …. သင်ခုချိန်မှာ ဘာများအလိုရှိပါသလဲ အလိုရှိရာတခုသာ တောင်းဆိုနိုင်ပါတယ်။ ဒါပေမယ့် တခုတော့ မေတ္တာရပ်ခံပါရစေ။
ကျွန်ုပ် …. ပြောပါ။ မေတ္တာရပ်ခံမနေပါနဲ။ သင်နဲ့ကျွန်ုပ်က စိတ်ကူးထဲမှာသာတွေ့ကြရတာ။

မီးခွက်စောင့် … ကောင်းပါပြီ။ တခုတည်းသာတောင်းဆိုပါလို့ ထပ်ဆင့်ပြောလိုပါတယ်။ ဘာလို့လဲဆိုတော့ လူတယောက်အတွက် တစ်ခုသာဖြည့်ဆည်းပေးနိုင်မှာမို့လို့ပါ။

ကျွန်ုပ် … ကောင်းပြီ။ တောင်းမယ် သင်က တခုပဲအလိုရှိရာတောင်းဆိုတော့လည်း တခုပဲေ တောင်းရတာပေါ့လေ။

 

ငါတို့နေထိုင်ရာ လောကအခန်းကြီးတခုလုံးကို မေတ္တာ ari-con တပ်ပေးကွာ။

 
Leave a comment

Posted by on August 13, 2011 in poem

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: