RSS

karaoke and donation

13 Aug

မန္တလေးမှ ကာရာအိုကေအသုံးပြုပြီး အလှူခံနည်းတခု
ဓာတ်ပုံသတင်း
သြဂုတ် ၁၃၊ ၂၀၁၁


အရင်တုန်းကတော့ ဝါတွင်းဆိုရင် မောင်းဆိုင်းတွေ ဗုံတွေ ပါတဲ့ အာရုံခံ အဖွဲ့တွေ လှည်ကြတယ်၊ အခုမှ LCD နဲ့ karaoke နဲ့ Sound System တွေ Mixer တွေ Amp တွေ နဲ့ ဖြစ်ကုန်ကြတာ။

ဆိုတဲ့သူတွေက ပျော်ရွင်စွာဆိုတယ်၊ ဘယ်သူမှ ရဲ ကို ဖုန်းဆက်မတိုင်ဘဲ ကြည့်သူတွေက အလှူငွေပါထည့် အားပေးတယ်။ သီချင်း တောင်းတယ်။ အဆင်ကို ပြေလို့။ အဲဒီအချိန်ဖုန်းလာရင်သာ ဆူလို့ ဘာမှမကြားရတာ။ တကယ်တော့ ဒီဖက်က ရိုးရာပါ သုံးတဲ့ ပစ္စည်းတွေ ပြောင်းသွားလို့ မှတ်တမ်းတင်ထားတာ Digital wave ရဲ့ ရိုက်ခတ်မှု သဘောကျလို့။

တကယ်တော့ အလှူခံအဖွဲ့ပါ။ သို့သော် အဖွဲ့က အလှူခံလိုသူ တစ်ခုထက်ပိုပြီး အလှူခံပေးလို့ စီးပွားဖြစ်လုပ်တယ် ဆိုနိုင်​သလို၊ ပါဝင်သူတွေက ဝါသနာအလျောက် ကူညီကြတာတွေ ရှိလို့ လူမှုရေး လှုပ်ရှားမှုလို့ လည်း ခေါ်နိုင်ပါတယ်။ ဒီလိုအဖွဲ့လေးတွေကို ရပ်ကွက် သာရေးနာရေး လူမှုရေး အသင်းတွေနဲ့ ဆက်စပ်ပြီး ပေါ်ပေါက်စေတာဖြစ်လို့ လူမှုရေးလုပ်ငန်း လည်းဆန်ပါတယ်။ အာရုံခံအဖွဲ့တွေဟာ မန္တလေးလိုနေရာမျိုးမှာ နှစ်ရာချီကတည်းက ရှိခဲ့ကြပြီး အဖွဲလည်း ရာချီနိုင်မယ်လို့ ခန့်မှန်းပါတယ်။ ရိုးရာ တခု စာရင်းထဲ သွင်းတတ်ရင် ဝင်နိုင်တာ တခုပေါ့။

အစုံဆိုကြတယ် လှူလည်း လှူကြတယ်။ ဆိုင်းဘုတ်တွေက ပါတာ များတယ်။ ဒီပုံက မပါတာ ရွေးရိုက်တာ။ လူပုံလည်း သိပ်မပေါ်တာ တင်ထားတာ ပရိုက်ဗစ်စီကြောင့်။ အဖွဲ့တွေကတော့ မျိုးစုံပဲ။ ဘာသာရေး အခြေခံသလို လူမှုရေးလည်း အခြေခံတယ်။

စပီကာကြီးတွေ မီးစက်ကြီးတွေကလည်း အခန့်သားပါ


mixer ကိုင်တဲ့ DJ ကလည်း ပါပါသေးတယ်


စုံတွဲလည်း ဆိုကြပါတယ်


ဆိုရင်းနဲ့ ရှေ့ဆက်လျှောက်သွားကြတာပါ။

(Ye Myat Thu/facebook မှ ပုံနှင့် စာများကို ကူးယူဖော်ပြသည်။ ဓမ္မာရုံကို လှူထားတဲ့ အလှူရှင်နာမည် စာတမ်းနဲ့ ဓမ္မာရုံနာမည် ပါတယ်။ သီချင်း ဆိုနေတဲ့လူရဲ့ ရင်ဘတ်​မှာ ကပ်ပြား ချိတ်ထားတာတွေ့တယ်ဗျ​…”
ဟု တဦးက မှတ်ချက်ပြုထားသည်။
)

 
Leave a comment

Posted by on August 13, 2011 in News in Photos

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: