RSS

Karen Marty’s Day in Japan

16 Aug

၆၁ နှစ်မြောက် ကရင့်အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပ
မိုင်ကျော်ဦး၊ ထွန်းဝေ
သြဂုတ် ၁၅၊ ၂၀၁၁


(၆၁)နှစ်မြောက် ကရင် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်ရောက် ကရင်တိုင်းရင်းသား အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ပြီး ဂျပန်ရောက် ကရင်အမျိုးသားများ အဖွဲ့(ဂျပန်) OKO (Japan)မှ ဦးစီး၍ တိုကျို Toshima-ku Nishi Ikebukuro, Kinkoo Fukushi Kaikan 6F ၌ ယနေ့ ၁၄ ရက်နေ့ နေလည် ၁၂း၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်တွင် ကရင်အမျိုးသား အလံတော်အား အလေးပြုခြင်း ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့် အာဇာနည် များအား ဂါရ၀ပြုခြင်း လွမ်းသူ့ ပန်းခွေချခြင်း အစီစဉ်များ ပြုလုပ်ပြီးသည့်နောက်မှာ အာဇာနည်ခေါင်းဆောင်များအား ဂုဏ်ပြုဦးညွတ်နေရုံမျှ မဟုတ်ပဲ အာဇာနည်ကြီးများ လျောက်ခဲ့သည့် မပြီးပြတ်သေးသည့် တော်လှန်ရေး ခရီးကြမ်းကို ဆက်လက် တာဝန်ယူ လျောက်လှမ်းရန် ယနေ့ ကရင်များအားလုံး၏ သမိုင်းတာဝန်ဖြစ်ပြီး ရောက်သည့်နေရာ ကျသည့်တာဝန်ကို အကောင်းဆုံး လုပ်ဆောင် ပူးပေါင်း ပါဝင်ကြဖို့ အဖွင့်အမှာစကားမှာ စသောင်းစိန်မှ ပြောကြားသွားပါသည်။

ဆက်လက်ပြီး ကရင် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ ကိုယ်ရေးရာဇ၀င် အကျဉ်းချုပ်နှင့် “ထာဝရ တည်စေ ကော်သူးလေး” ရုပ်သံအစီအစဉ်များကို ပရိုဂျက်တာဖြင့် ပြသသွားခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံ ဥက္ကဌ စောတာမလာဘော ၏ (၆၁) ကြိမ်မြောက် ကရင်အာဇာနည်နေ့သို့ ပြောကြားသောမိန့်ခွန်းအား မြန်မာဘာသာ၊ စကောကရင်ဘာသာ၊ ပိုးကရင်ဘာသာတို့ဖြစ် ဖတ်ကြားသွားခဲ့ပါသည်။

ထိုနောက် တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူတိုက (၆၁)ကြိမ်မြောက် ကရင်အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြ့ပီး အခမ်းအနားကို ညနေ ၄း၀၀ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၆၁ ကြိမ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
Photo – Lian Khan Sum




ဓာတ်ပုံများအား ပိုမိုကြည့်ရှုလိုပါလျှင် ဤနေရာတွင် ကြည့်နိုင်ပါသည်။

 
Leave a comment

Posted by on August 16, 2011 in Overseas News Headlines

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: