RSS

Suu, Democracy Mother to publish on 31st August

16 Aug

ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်းစုကြည် အမည်ရှိစာအုပ် မေတ္တာဖြင့် ဖြန့်ချိမည်

မိုးမခအထောက်တော် မဲဆောက်၊

သြဂုတ် ၁၅၊ ၂၀၁၁

ဆရာ သန်းဝင်းလှိုင် ပြုစုထားသော ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည် စာအုပ်ကို သြဂုတ်လ (၃၁)ရက်နေ့တွင် စတင် ဖြန့် ချိမည်ဟု သိရှိရသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် BMC စောနေမင်း က ထုတ်ဝေပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတန်ဖိုးထားသူတိုင်းကို အခမဲ့ ဖြန့်ချိသွားမည်လည်း ဆိုသည်။

ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည် ဟု အမည်ပေးထားသော ယခုစာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည် ဘ၀မှတ်တမ်းနှင့် နိုင်ငံရေး ဖြတ်သန်းမှု ဘ၀အဖုံဖုံကို အသေးစိတ် ပြုစုထားသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော နိုဘယ်လ် ငြိမ်းချမ်းရေးဆုနှင့် အခြားရရှိခဲ့သော ဆုစာရင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်မှာချက်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဖြစ်စဉ် ရက်စွဲ သမိုင်းကိုလည်း ထည့်သွင်းဖေါ်ပြထားသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ဘွဲ့ ကဗျာများလည်း ပါဝင်သည်။

ဆယ်ချိုးဆိုက်အရွက် စာမျက်နှာ ၂၉၆ ရှိပြီးNLD (LA) မှ ဥက္ကဌ ဦးဗိုလ်သောင်းက အမှာစာ ရေးပေးထားပြီး မျက်နှာဖုံးဒီဇိုင်းကို သီဟမောင်မောင်က ဖန်တီးရေးဆွဲထားသည်။

 

 
Leave a comment

Posted by on August 16, 2011 in Local News Headlines

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: