RSS

New PM appointed in Japan

30 Aug

ဂျပန်ဝန်ကြီးချုပ်အသစ် ပြောင်းလဲ

ထွန်းဝေ (တိုကျို)၊ မိုးမခ၊ သြဂုတ် ၃၀၊ ၂၀၁၁

ဂျပန်မှာ ၅ နှစ် အတွင်း ၆ ယောက်မြောက်ဝန်ကြီးချုပ်နေရာကို မစ္စတာ ယိုရှီဟီကိနိုဒါက ရရှိသွားပါပြီ။ ဝန်ကြီးချုပ်အသစ် နိုဒါစံက စီးပွားရေးနှင့် နိုင်ငံရေးစာမျက်နှာများကို အများကြီး ရင်ဆိုင်ဖြေရှင်းပေးရအုံးမှာ ဖြစ်ပါတယ်။ သူက ယခင်ဝန်ကြီးချုပ် ခန်းရဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် လုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် ယိုရှီဟီကိ နိုဒါစံက ယခင် ဝန်ကြီးချုပ်များနှင့်မတူဘဲ နိုင်ငံကို တည်တည်ငြိမ်ငြိမ်နှင့် အားကိုးယုံကြည်နိုင်လောက်အောင် ဖန်တီးသွားမယ်လို့ ကတိကဝတ်များ ပေးနေပါတယ်။

လက်ရှိရွေးကောက်ပွဲအနိုင်ရပါတီ ဒီမုကရက်တစ်ပါတီ (DPJ)ဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော် ရွေးကောက်ပွဲ အဆက်ဆက်နိုင်ပြီး အာဏာရယူထားနိုင်ခဲ့တဲ့ LDP လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ အနိုင်ယူခဲ့ပေမယ့် မျက်မှောက် စီးပွားရေး အကြပ်အတည်းနဲ့ ဆူနာမီဘေးဒဏ် စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။

ဂျပန်မှာ စီးပွားရေးနှင့်ပတ်သက်ပြီး အစိုးရ ရန်ပုံငွေ များများရအောင် အခွန်တွေ ထပ်တိုးကောက်မယ်လို့ သူက ပြောထားပါတယ်။ ၂၀၁၀ မတ်လတုံးက ဆူနာမီငလျင်ကြောင့် ရပ်ဆိုင်းနေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို ပြန်လည်လည်ပတ်နိုင်အောင် သူ့အနေနဲ့ အားပေးနိုင်ပါတယ်လို့ ဆိုပါတယ်။

ဂျပန်ဝန်ကြီးချုပ်အသစ်က မြန်မာ့ဒီမိုကရေစီအရေးအတွက် အားကိုးယုံကြည်နိုင်တဲ့ သူဖြစ်လာအောင် ဂျပန်မှာရှိကြတဲ့ မြန်မာ့အရေးလှုပ်ရှားနေသူတွေ တိုက်တွန်းကြရပါလိမ့်မယ်လို့ မြန်မာမိတ်ဆွေအချို့က မှတ်ချက်ပေးပါတယ်။

 

 
Leave a comment

Posted by on August 30, 2011 in Japan Burmese News

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: