RSS

May Hnin Lei Mon – Collectvie Progress in Burma

08 Sep

အိနြ္ဒိယပစ္စယော – အများကြီးတိုးတက်သွားပြီ

မေနှင်းလဲ့မွန်

စက်တင်ဘာ ၈၊ ၂၀၁၁

ဓမ္မဘေရီဆရာတော်သည် ဆန်ဖရန်စစ္စကိုဘေး ဧရိယာတွင် လူတိုင်းအတွက်ပဋ္ဌာန်း သင်တန်းပို့ချနေသည်မှာ အိနြ္ဒိယပစ္စည်းအကြောင်း ရှင်းပြသောနေ့က ဖြစ်လေသည်။ အိနြ္ဒိယပစ္စည်းသည် အဓိပတိပစ္စည်းကဲ့သို့ အကုန်လုံးကို အစိုးရခြင်းမဟုတ်ဘဲ ဆိုင်ရာဆိုင်ရာ အပိုင်းလိုက်သာ အစိုးရခြင်းဖြစ်ကြောင်း။ အပိုင်းလိုက် အစိုးရခြင်းကို ဥပမာ ဥပမေယျများ ထုတ်ပြလေသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီညီလာခံများ ကျင်းပစဉ်အခါတုန်းက ဖြစ်သည်။

ပါတီညီလာခံသို့ တက်ရောက်ရန်အတွက် ချင်းပြည်နယ်မှ ကိုယ်စားလှယ်တဦးသည် မန္တလေး-ရန်ကုန်ရထားကို စီးနင်းလိုက်ပါလာသည်။ ၄င်းကိုယ်စားလှယ်အနီးတွင် ကဗျာဆရာ တင်မိုးနှင့် စာရေးဆရာ မောင်ထင်တို့သည်လည်း စီးနင်းလိုက်ပါလာကြရာ စကားစမြည်ပြောဖြစ်ကြလေသည်။

ဆရာတင်မိုးက –

“နောင်ကြီးက ဘယ်သွားမလို့တုန်း”

“ပါတီညီလာခံတက်မလို့”

“အော်   ဒါနဲ့ နောင်ကြီးတို့ ချင်းပြည်နယ် အခြေအနေ ဘယ်လိုနေတုန်း”

“ဟာ အများကြီးတိုးတက်သွားပြီ”

“ဟင် တယ်ဟုတ်ပါလား။ ပြောပြစမ်းပါအုံး”

ဆရာမောင်ထင်သည် ကဗျာကယာ စာအုပ်နှင့် ဖောင်တိန်ထုတ်ကာ ရေးမှတ်ရန် ပြင်လေသည်။

“တိုးတက်သွားပြီ အများကြီးတိုးတက်သွားပြီ”

“ဟုတ်လား။ လမ်းပမ်းဆက်သွယ်ရေးတွေရော”

“အင်း   အရင်တုန်းက အတိုင်းပဲ”

“ဟို စိုက်ပျိုးရေးတွေရော”

“အဲ   အရင်တုန်းက အတိုင်းပဲ”

“ဟို   ဟို  ရေတို့ မီးတို့ရော”

“အဲဒါလဲ အရင်တုန်းက အတိုင်းပဲ”

“ဟင် ဒါဆိုရင် ဘာတွေ တိုးတက်သွားတာတုန်း”

“တိုးတက်သွားတာပေါ့။ ကျုပ်တို့ အခု အစည်းအဝေးလုပ်တတ်သွားပြီလေ။ အရင်တုန်းကဆိုရင် အစည်းအဝေးမရှိဘူး။ လမ်းပြင်မယ်ဆိုရင် ဒီအတိုင်းပဲ ပေါက်တူးကိုင်ပြီး တအိမ် တယောက်ထွက် သွားလိုက်တာပဲ။ အခုဆိုရင် ဒီအတိုင်းမသွားဘူး။ အစည်းအဝေး လုပ်တယ်၊ (တင်ပြတယ်၊ ထောက်ခံတယ်၊ အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာတယ်) ပြီးမှသွားတယ်။ ကျုပ်တို့ အစည်းအဝေး ကောင်းကောင်း လုပ်တတ်သွားပြီ။ အများကြီးတိုးတက်သွားပြီ”

မြတ်စွာဘုရား။ ကျမတို့လည်း ဂျီးတော်နိုင်ငံတွင် အသင်းကောင်းကောင်း ဖွဲ့တတ်သွားကြလေပြီ။ အလုပ်ကော်မီတီဖွဲ့ကာ ရာထူးယူတတ်သွားကြလေပြီ။

ဘယ်အသင်းမှ community ၏ leadership အဖြစ် ကြီးထွားဖွံ့ဖြိုး စည်ပင်မလာဘဲ အသစ်အသစ်သော အသင်းများမှိုလိုပေါက်လာလေသည်။

အော် အိနြ္ဒိယပစ္စည်းနှင့် ရွှေမြန်မာများ။ အပိုင်းလိုက်သာလျှင် အစိုးရကြပါလားနော်။

(စက်တင်ဘာ ၄၊ ၂၀၁၁ – သူ့ဘလောက်က ကြိုက်လို့ ယူသုံးပါတယ်။ ခွင့်မတောင်းမိ )

 

 
Leave a comment

Posted by on September 8, 2011 in Satire

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: