RSS

Messenger Jounral purnished for Suu’s picture

08 Sep

ဒေါ်စုဓာတ်ပုံ ဆိုက်ကြီး၍ မက်ဆင်ဂျာဂျာနယ်အား ကန့်သတ်ပြစ်ဒဏ်ခတ်

စက်တင်ဘာ ၈၊ ၂၀၁၁

ခင်နှင်းလွင် ၊ ရန်ကုန်

ယခုပတ် တနင်္ဂနွေနေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏  ဓာတ်ပုံအား ခွင့်ပြုသည့် အရွယ်အစားထက် ချဲ့ပြီး ဖော်ပြခဲ့ခြင်းနှင့် အင်တာဗျူးစာမူအား အတွင်းစာမျက်နှာတွင် ဖော်ပြရမည့်အစား မျက်နှာဖုံးသဖွယ် ဖော်ပြခဲ့ခြင်းတို့အတွက် စာပေစိစစ်ရေးမှ ကန့်သတ်ပြစ်ဒဏ်ပေးလိုက်ကြောင်း ယနေ့နံနက်တွင် အကြောင်းကြားခဲ့သည်။

ယခုလို စာပေစိစစ်ရေးမှ ကန့်သတ် ပြစ်ဒဏ်ပေးခဲ့ခြင်းကြောင့် မက်ဆင်ဂျာ (Messenger News) ဂျာနယ် အနေဖြင့် နောက်ဆက်တွဲ သတင်းရုံးတင်ခွင့်နှင့် မျက်နှာဖုံးတွင် နောက်ဆုံးရ သတင်းဦးများ ဖော်ပြခွင့်ကို တပတ် ပိတ်ပင်လိုက်သည်ဟု သိရသည်။

စက်တင်ဘာ ၄ ရက်နေ့တွင် ဖြန့်ချိသည့် မက်ဆင်ဂျာ ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းစာမူ၌ စိစစ်ရေးမှ ဖော်ပြခွင့်ပြုသည့် ဓာတ်ပုံအရွယ်အစားထက် ကြီးမားပြီး ဖော်ပြခဲ့ခြင်း၊ စာစောင်၏ အတွင်းစာမျက်နှာတွင် ဖော်ပြခွင့်ပြုသည်ကို အချပ်ပိုအဖြစ်နှင့် မျက်နှာဖုံးသဖွယ်ဖော်ပြခဲ့ခြင်းတို့ကို ထောက်ပြပြီး စိစစ်ရေးမှ ယခုသီတင်းပတ် နောက်ဆက်တွဲ တင်ပြခွင့်မပေးကြောင်း နံနက် ၁၀ နာရီတွင် ဖုန်းဆက် အကြောင်းကြားခဲ့သည်ဟု ဂျာနယ်နှင့်နီးစပ်သူက ပြောသည်။

စာပေစိစစ်ရေး၏မူအရ မျက်နှာဖုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖော်ပြလျှင်ထည့်လျှင် ၃ လက်မ သို့မဟုတ် လေးလက်မ ပတ်လည်သာ ခွင့်ပြုလေ့ရှိသည်ဟု  မော်နီတာဂျာနယ်မှာ ဖော်ပြဖူးကြောင်း  ပြည်တွင်း သတင်း အယ်ဒီတာတဦးက ပြောသည်။

“ တပတ်ပဲပိတ်တာပါ။ ဘာကြောင့်လဲဆိုတာ မသိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ပုံကို နောက်မျက်နှာဖုန်းမှာ အပြည့်ဖော်ပြခဲ့လို့လို့ သိရတယ်။  ခု ဖော်ပြတဲ့ ဓာတ်ပုံ အရွယ်အစားက ခွင့်ပြုတဲ့ အတိုင်းမဟုတ်ဘဲ ပိုကြီးတာဖော်ပြတာ ကြောင့်လို့ ထင်တယ်” ဟု မက်ဆင်ဂျာဂျာနယ်နှင့် နီးစပ်သူတဦးက ပြောသည်။

ယခုသီတင်းပတ် ထွက်ရှိသည့် သတင်း ဂျာနယ်များအနက်  မက်ဆင်ဂျာဂျာနယ်နှင့် ပြည်သူ့ခေတ်ဂျာနယ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးနှင့် အင်တာဗျူးတို့ ဖော်ပြခွင့်ရပြီး ရက်ပိုင်းအကြာ  ယခုကဲ့သို့ မက်ဆင်ဂျာ ဂျာနယ် နောက်ဆက်တွဲတင်ပြခွင့် တပတ် အပိတ်ခံရခြင်းဖြစ်သည်။

 

 
Leave a comment

Posted by on September 8, 2011 in Rangoon News

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: