RSS

How to prose poems by Tin Moe – ebook published by MoeMaKa

09 Sep


ကဗျာဆရာ တင်မိုးရဲ့ မြန်မာကဗျာဖွဲ့နည်းစာအုပ်

မိုးမခ အီးဘုတ်စာစဉ် ၂၁ အဖြစ်ထွက်ပြီ

မိုးမခ၊ စက်တင်ဘာ ၈၊ ၂၀၁၁

မြန်မာပြည် မဆလ တပါတီအာဏာရှင်လက်ထက်မှာ ကျောင်းသုံးစာအုပ်အဖြစ် ရေးသားပြင်ဆင် ပုံနှိပ်ပြီးခါမှ ထုတ်ဝေဖြန့်ချိခြင်းမပြုလုပ်ဘဲ ဖျက်သိမ်းခံခဲ့ရတဲ့ စာအုပ်ဖြစ်ပါတယ်။ အခြေခံပညာ အထက်တန်း စိတ်ကြိုက်မြန်မာစာ ဘာသာရပ်မှာ သင်ကြားဖို့ ၁၉၈၅ ခုနှစ်က ရည်ရွယ်ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အာဏာရှင်တွေရဲ့ ကမောက်ကမ တိုင်းပြည်အုပ်ချုပ်မှုအောက်မှာ ပျောက်ဆုံးသွားတဲ့ စာပေနဲ့ ပညာရေး ရတနာသိုက်တခု ဖြစ်ပါတယ်။

ကွယ်လွန်သူ ကဗျာဆရာ တင်မိုးရဲ့ ငယ်သူငယ်ချင်း စာပေမိတ်ဆွေဖြစ်တဲ့ မောင်စွမ်းရည်က နှစ်ပေါင်းများစွာ သိမ်းဆည်းထားပြီး နှစ်ပေါင်းအစိတ်မှာမှ စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေနိုင်တာ ဖြစ်ပါတယ်။ သူ့အမှာစာကို သည်မှာ ဖတ်ပါ။ ပုံနှိပ်စာအုပ် မဖြစ်နိုင်သေးပေမယ့် ပြည်တွင်း ပြည်ပ လက်တို့ပြီး လက်ဆင့်ကမ်း ဖြန့်ချိနိုင်တဲ့ အီးဘုတ်အဖြစ် မိုးမခက စီစဉ်နိုင်ခဲ့ပါတယ်။ လက်ဆင့်ကမ်း ဖြန့်ချိကြဖို့တိုက်တွန်းပါတယ်။

မိုးမခရဲ့ စာနယ်ဇင်းအဖွဲ့ နာယကအဖြစ် ရပ်တည်ပြီး အားပေးစောင့်ရှောက်မှုပေးခဲ့သူ ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ပြီးနောက် ဆရာ့ကို ဂုဏ်ပြုအမှတ်တရ စာအုပ်ထုတ်ဝေခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ထို့အတူ ဆရာကြီး ဦးတင်မိုးရဲ့ စာပေအနုပညာလက်ရာများအားလုံးဟာ မိသားစုမူပိုင်ခွင့်ရှိတဲ့အတွက် ဆရာ့ရဲ့ ကျန်ရစ်သူမိသားစုများ ကလည်း နားလည်မှုအပြည့်နဲ့ ရပ်တည်ပေးလို့ အခုလို ထွက်ဝေခွင့်ရရှိတာ ဖြစ်ပါတယ်။ သည်စာအုပ်က စာပေအနုပညာနဲ့ မြန်မာစာပေဒါန လက်ဆောင်ဖြစ်ပါတယ်။ မိုးမခက ငွေကြေးအမြတ်အစွန်းအတွက် ရည်ရွယ်ခြင်း မရှိပါဘူး။

စာအုပ်ဖြစ်မြောက်ရေးအတွက် မိုးမခရဲ့ ကြီးတော်နွားကျောင်းသား စေတနာ့ဝန်ထမ်းများ ဝိုင်းတော်သားများကို ကျေးဇူးမှတ်တမ်းပြုပါတယ်။ သည်နေရာမှာ ဒေါင်းလုပ်ရယူပါ။
SCRIBD Download From here

 

 
Leave a comment

Posted by on September 9, 2011 in About MoeMaKa, Tin Moe

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: