RSS

Yadanagonyi Dhamma Class turns 3 year this month

09 Sep

ရတနာ့ဂုဏ်ရည်ဓမ္မသင်တန်း ၃ နှစ်ပြည့် အခမ်းအနား၊ ဖရီးမောင့်မြို့ မေတ္တာနန္ဒကျောင်းတွင် ကျင်းပ

မိုးမခ ဓာတ်ပုံသတင်း

စက်တင်ဘာ ၉၊ ၂၀၁၁

စက်တင်ဘာ ၄၊ တနင်္ဂနွေနေ့က ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒဝိဟာရကျောင်းတိုက်တွင် ရတနာ့ဂုဏ်ရည် ဓမ္မသင်တန်းအဖွဲ့၏ ၃ နှစ်ပြည့် အထိမ်းအမှတ်ကုသိုလ်ပွဲ ကျင်းပခဲ့သည်။ ဘေးဧရိယာရှိ မြန်မာဘုန်းတော်ကြီးကျောင်းများအနက် ဖရီးမောင့်မှ ကျောင်း ၂ ကျောင်း၊ ဟေးဝဒ်မှ ကျောင်း ၁ ကျောင်း၊ ဒေးလီးစီးတီးမှ ကျောင်း ၁ ကျောင်း၊ ဟတ်ဖ်မွန်းဘေးက ကျောင်း ၁ ကျောင်း၊ ဥက္ကလံမြို့က ကျောင်း ၁ ကျောင်း စုစုပေါင်း ကျောင်း ၆ ကျောင်း တို့ထံက သံဃာတော် ၁၂ ပါးကျော် တက်ရောက်ချီးမြှင့် သြဝါဒပေးကြသည်ကို တွေ့ရသည်။

https://moemaka.files.wordpress.com/2011/09/yadanagonyi-001.jpg?w=300ရတနာ့ဂုဏ်ရည် ဓမ္မသင်တန်းကို ဗုဒ္ဓဘာသာဝင် မြန်မာမိသားစု လူကြီးလူငယ်များဖြင့် စုပေါင်းဖွဲ့စည်းခဲ့ကြပြီး ဘေးဧရိယာတွင် သီတင်းသုံးနေထိုင်သော ဆရာတော်များနှင့် ဖွဲ့စည်းထားသည့် သြ၀ါဒစရိယဆရာတော်များထံက သြ၀ါဒလမ်းညွှန်မှုများနှင့် ဓမ္မသင်တန်းများ၊ တရားပွဲတော်များ စဉ်ဆက်မပြတ် ကျင်းပခဲ့ကြသည်။ ထို့အပြင် ဘေးဧရိယာရှိ မြန်မာ ဘာသာရေးနှင့် လူမှုရေးစေတနာဝန်ထမ်းလုပ်ငန်းများတွင်လည်း တက်ကြွညီညွတ်စွာ ဆောင်ရွက်ကြသော လူကြီး၊ လူငယ်များ ဖြစ်ကြသည်ကို တွေ့ရှိရသည်။

https://moemaka.files.wordpress.com/2011/09/yadanagonyi-003.jpg?w=300

ဓာတ်ပုံများကို သူတို့၏ ဖေ့စ်ဘွတ်စာမျက်နှာမှာ အသေးစိတ် သွားရောက် ကြည့်ရှုနိုင်ပါသည်။ ဓာတ်ပုံများကို အဲသည်ကပဲ ကူးယူပါသည်။

http://www.facebook.com/media/set/?set=a.206748626056155.54915.100001630574405

https://moemaka.files.wordpress.com/2011/09/yadanagonyi-002.jpg?w=300

 
Leave a comment

Posted by on September 9, 2011 in USA Burmese News

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: