RSS

Buffalo Burmese demonstrate situation of political prisoners in Burma

11 Sep

ဘတ်ဖဲလိုးမှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု ကျင်းပ

မောင်မောင်ဝမ်း

စက်တင်ဘာ ၁၁၊ ၂၀၁၁

စက်တင်ဘာ ၁၀၊ ၂၀၁၁ ညနေ ၄ နာရီ အချိန်က အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့မှာ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်း ရပ်တည်နေထိုင်မှုများကို သရုပ်ဖော်ပြသသည့် အခမ်းအနားတရပ်ကျင်းပခဲ့ပါသည်။ ဒေသဆိုင်ရာအာဏာပိုင်များနှင့် စိတ်ဝင်စားသူများ တက်ရောက်အားပေးကြည့်ရှုခဲ့ပြီး တက်ရောက်လာသူများက သိလိုသည့်မေးခွန်းများကိုမေးမြန်းရာတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

ယင်းသရုပ်ဖော် တင်ဆက်သည့် အခမ်းအနားတင်ဆက်ရခြင်း၏ ရည်ရွယ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ အမေရိကန်ဌာနခွဲ) ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်က ရှင်းလင်းပြောကြားရာတွင် – မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ရှိကြောင်း၊ ၎င်းနိုင်ငံရေးအကျဉ်းသားများမှာ နေ့စဉ်နဲ့အမျှ ဒုက္ခဆိုးများနဲ့ ရင်ဆိုင်နေရကြောင်း၊ ၎င်းတို့လွတ်မြောက်ရေးအတွက် အားလုံး ဝိုင်းဝန်းကူညီကြရန်၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ အမှန်တကယ်ရှိကြောင်း ကမ္ဘာကသိရှိရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 
Leave a comment

Posted by on September 11, 2011 in USA Burmese News

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: