RSS

Author Archives: maungyit

About maungyit

MoeMaKa News Alternative

Win Pe – Win Pe Bag (99)


ဝင်းဖေလွယ်အိတ် ၉၉ – ဘီဘီစီ ပင်တိုင်ကဏ္ဍ
ဝင်းဖေ
သြဂုတ် ၄၊ ၂၀၁၀

သောတရှင်များခင်ဗျား။

ရွာစားကြီး စိန်ဗေဒါအကြောင်းအနည်းငယ်ကို တင်ပြခဲ့ရင်း စိန်ဗေဒါကြီးရဲ့ သားတပည့် မြေးတပည့်ပေါင်း အမြောက်အများ ရှိခဲ့ကြတဲ့အနက်က တမျိုးတမည်နဲ့ အလွန်တန်ဖိုးကြီးပြီး ထူးခြားတဲ့ တပည့်တဦးအကြောင်းကို တင်ပြဖို့ လိုအပ်တယ်လို့ ဝင်းဖေ စဉ်းစားမိပါတယ်။
အဲဒီပုဂ္ဂိုလ်ကတော့ မြန်မာ့ရိုးရာ မဟာဂီတလောကမှာ နေလိုလလို အလွန်ထင်ရှား ကျော်ကြားတဲ့ မြန်မာညွန့် ဦးချစ်မောင်ပါပဲ။ ဆရာကြီးဟာ မြန်မာ့ရိုးရာမဟာဂီတမှာ ခိုင်ခန့်တဲ့ ရှေးအစဉ်အလာမူတွေ ထိန်းသိမ်းဖြန့်ဖြူးရာမှာ တိကျသေချာသူ၊ စည်းကမ်းကြီးသူအဖြစ် ထင်ရှားကျော်ကြားတဲ့ ထူးခြားပညာရှင်ကြီးတယောက် ဖြစ်ပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on August 4, 2010 in Win Pe

 

10th Jan 2010 – MoeMaKa Radio



ဇန်န၀ါရီ ၁၀၊ ၂၀၁၀ – မိုးမခရေဒီယို
မေတ္တာတေးနဲ့ ဓမ္မအရေး – အရှင်ဆေကိန္ဒ၊ မေလှမြိုင်
သတင်းတိုထွာ – အပိုင်း ၁
နအဖသို့ နှစ်သစ်ဦးမေတ္တာစာ (မောင်သြ၊ ခေတ်ပြိုင်)
သတင်းတိုထွာ – အပိုင်း ၂
ဗုဒ္ဓရဲ့ ပါပီလေး ဖြစ်ချင်သူ ကျော်သူ
နာရေးကူညီမှုအသင်း ရန်ကုန် အရေးယူဆောင်ရွက်ချက်
အကြောက်လွန်ရောဂါများနဲ့ ကံကောင်းခြင်းလက်ဆောင် – ဒေါက်တာလွဏ်းဆွေ
ရယ်ခြင်း ၃ ပါး – လူအများတရားရစေမှု – သဘောင်္သားကိုမြင့်သန်း
ဒိန်းဒေါင် ရယ်စရာ လူအများ ဟားကြစေဗျား – အပိုင်း ၁
တခါက ဇာတ်လမ်းပမာ – ကာတွန်းကံချွန်၊ မောင်ဝေလင်း၊ ကြည်ပြာချမ်းမြေ့
အထူးကဏ္ဍ – ယနေ့တိုင် တန်ဖိုးကြီး၍အသုံးဝင်သော အဆိုအမိန့်များ – ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်
ခင်ညွန့်ရီရဲ့ လွတ်လပ်ရေးတေးစုများ
စီစဉ်သူများ – ဦးပန်တျာ၊ နန်းဖောဆေး၊ စောအယ်ကော
 
Leave a comment

Posted by on January 11, 2010 in Radio Program

 

Daw Aung San Suu Kyi to be sent to court in Insein Prison


ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တရားရုံးသို့ ခေါ်ထုတ်ပြီး စစ်ဆေးမည်ဟု သတင်းထွက်

ဒေါ်စုကို အမြန်ဆုံး လွှတ်ပေးရန် နိုင်ငံတကာမိသားစုများက တောင်းဆို

မိုးမခ အထောက်တော် ၀၀၄

မေ ၁၃၊ ၂၀၀၉

ရန်ကုန်အချိန် ကြာသာပတေးနံနက်တွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် အကျယ်ချုပ်ကျခံနေရသူ အင်န်အယ်ဒီပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တအိမ်တည်းအတူနေထိုင်သူ အမျိုးသမီး ၂ ဦးကို အင်းစိန်ထောင်ရှိ တရားရုံးသို့ ခေါ်ထုတ် စစ်ဆေးမည်ဟု ပြင်ဆင်နေကြောင်း ရန်ကုန်ရှိ သတင်းရပ်ကွက်တခုက ဆိုလိုက်သည်။

မေလ ၆ ရက်နေ့က အမေရိကန်နိုင်ငံသားတဦး ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ အင်းယားကန်ကို ဖြတ်ကူးပြီး ၀င်ရောက်ခဲ့သဖြင့် စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်တွင်းသတင်းစာများတွင် ဖော်ပြခဲ့သည်။ ထိုအမှုကိစ္စနှင့် ပတ်သက်ပြီး အင်းစိန်ထောင်တရားရုံးသို့ ဆင့်ခေါ်ခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းကြောင်း ၎င်းတို့က ပြောကြားသည်။

မေလ ၆ ရက်နောက်ပိုင်းတွင် ဒေါ်စု၏ ကျန်းမာရေး စစ်ဆေးခွင့်၊ ဆေးကုသခွင့်များကို စစ်အစိုးရက တားဆီးပိတ်ပင်ခဲ့သည့်အပြင် ၎င်းဆရာဝန် ဒေါက်တာ တင်မျိုးဝင်းကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ တရားရုံးထုတ်ရာတွင် အဆိုပါ ဆရာဝန်ကိုပါ ခေါ်ထုတ်စစ်ဆေးမည်ကို အတိအကျမသိရသေးပေ။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီ အင်န်အယ်ဒီက ဗဟိုအလုပ်မှုဆောင်များက ဒေါ်စုအတွက် စိုးရိမ်ပူပန်ကြောင်း၊ လွတ်လပ်စွာ ဆေးကုသခွင့်ပြုစေလိုကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ Read the rest of this entry »

 
Leave a comment

Posted by on May 14, 2009 in Local News Headlines

 

One year Before & After Nargis in the Delta


နာဂစ်အပြီး ၁ ပတ် နဲ့ ၁ နှစ်အကြာ ကွမ်းခြံကုန်းမြင်ကွင်း

ဓါတ်ပုံသတင်း – ၀င်းမြတ်

မေ ၈၊ ၂၀၀၉

နာဂစ်ဖြစ်ပွားပြီး တပတ်အကြာ နှင့် တနှစ်အကြာ ကွမ်းခြံကုန်း – နာဂစ်ဖြစ်ပြီး တနှစ်အကြာတွင် တွေ့မြင်ရသည့် မြင်ကွင်းများအရ နဂို အိမ်ယာ၊ အသက်မွေး ၀မ်းကျောင်းအခြေအနေ ပြန်လည်ရောက်ရှိဖို့ နောက်နှစ်နှင့် ချီကြာမြင့်ဦးမည့် အဓိပ္ပါယ် သက်ရောက်လျက်ရှိသည်။

နာဂစ် ဖြစ်ပြီးနောက် တပ်မ (၇၇) ကကွပ်ကဲရေး စခန်းပြုလုပ်ထားသည့် ကွမ်းခြံကုန်းမြို့လယ် ခန်းမ Read the rest of this entry »

 
Leave a comment

Posted by on May 8, 2009 in News in Photos

 

Maung Yit – Let All the Burmese Swim !!


yitCartoon Maung Yit – Let’s All Our Burmese Swim !!!

Or Else, Someone “else” will “Get” Daw Aung San Suu Kyi

May 7, 2009

 
Leave a comment

Posted by on May 8, 2009 in Cartoon Box

 

US Man arrested for entering Daw Suu’s home


ဒေါ်စုထံသို့ ဆရာဝန် သွားခွင့်မရ
မိုးမခ အထောက်တော် ၀၀၆
မေ ၇၊ ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စစ်ဆေးရန် မိသားစု ဆရာဝန်က ယနေ့ ညနေပိုင်းတွင် ဒေါ်စု၏ နေအိမ်သို့ သွားရောက်ခဲ့သော်လည်း အာဏာပိုင်တို့က ခွင့်မပြုခဲ့ကြောင်း အာဏာပိုင်တို့နှင့် နီးစပ်သည့် သတင်းရပ်ကွက်များကို ကိုးကားပြီး AFP သတင်းဌာနက ရေးသားထားသည်။

ဆရာဝန်သည် ဒေါ်စု၏ အိမ်အနီးတွင် နာရီအတော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း နောက်ဆုံးတွင် ၀င်ခွင့် ပိတ်ခံရသည်ဟု ဆိုသည်။

ဒေါ်စု၏ ခြံဝင်းအတွင်းသို့ အမေရိကန်နိုင်ငံသားတဦး မေလ ၃ ရက်နေ့ ညမှ ၅ ရက်နေ့ညအထိ ၀င်ရောက်နေထိုင်ခဲ့သည်ဟု အာဏာပိုင်တို့က ယနေ့ ကြေညာခဲ့သည်။

ဤသို့ ကြေညာပြီးနောက်တွင် ဒေါ်စု၏ ခြံဝင်းအတွင်းသို့ ယနေ့ နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ထက်မက ၀င်ရောက်သွားကြသည်ဟု မျက်မြင်သက်သေများက AFP ကို ပြောပြကြသည်။

အမည်မဖော်လိုသည့် အာဏာပိုင်များက ထိုပုဂ္ဂိုလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည် ဆိုသော အချက်ကို အတည်ပြုခဲ့သည်ဟု AFP သတင်းတွင် ရေးသားထားသည်။

ထိုပုဂ္ဂိုလ်သည် အသက် ၅၃ နှစ်အရွယ် ရှိသည် ဟု AFP သတင်းက ဆိုသည်။

ဒေါ်စုအိမ်သို့ သွားရာလမ်းတလျှောက်ကို ထူထူထပ်ထပ် ပိတ်ဆို့ထားသည်ဟု သတင်းများက ဆိုသည်။

အာဏာပိုင်များက ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်သော်လည်း ထုံးစံအတိုင်း ပြည့်စုံတိကျမှု မရှိပေ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဤဖြစ်ရပ်ကြောင့် ဒေါ်စု၏ လုံခြုံရေးကို များစွာ စိုးရိမ်စရာ ဖြစ်လာသည်ဟု သတင်းဌာနများကို ပြောလိုက်သည်။

အမေရိကန် သံတမန်များမှာ အင်းလျားကန်ဘေးတွင် နေထိုင်ကြပြီး၊ တက္ကသိုလ်ရိပ်သာ လမ်းပေါ်ရှိ အမေရိကန် သံရုံး အသစ်သည်လည်း အင်းလျားကန်အနီးတွင် တည်ရှိသည်။ ဖမ်းဆီးထားသော ပုဂ္ဂိုလ်မှာလည်း အမေရိကန် နိုင်ငံသား ဖြစ်နေသောကြောင့် ဤတိုက်ဆိုင်မှုများနှင့် ပတ်သက်ပြီး စိတ်ဝင်စားသူများက အမျိုးမျိုး သုံးသပ်နေကြသည်။

 
Leave a comment

Posted by on May 8, 2009 in Local News Headlines

 

SPDC PM in PutaU


ကလေးချစ်တဲ့ ဗိုလ်ချုပ်ကြီး
ကြေးမုံ ဓာတ်ပုံသတင်း
မေ ၇၊ ၂၀၀၉rrကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ ထူးဖောင်ဒေးရှင်း၏ သုတေသနစိုက်ခင်းတွင် ယမန်နေ့က တွေ့ရသော ၀န်ကီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်။
ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း “ထူးထရေးဒင်း ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဦးတေဇက ထူးဖောင်ဒေးရှင်း၏ ပူတာအိုမြို့နယ်တွင် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်း တင်ပြသည်” ဟု သတင်းစာတွင် ရေးသားထားသည်။

 
Leave a comment

Posted by on May 8, 2009 in News in Photos