RSS

Category Archives: Aung Din

Aung Din – Irrawaddy Revolution


ဧရာဝတီ တော်လှန်ရေး
အောင်ဒင်
စက်တင်ဘာ ၁၃၊ ၂၀၁၁


(၁) ဧရာဝတီကို သတ်နေသူများ၏ စိန်ခေါ်သံ

သမ္မတဦးသိန်းစိန်အစိုးရက သဘောထားပျော့ပြောင်းလိမ့်မယ်လို့ တချို့ကမျှော်လင့်နေပြီး တချို့လဲ ပြည်တော်ပြန်ကြ၊ တချို့ကလဲ ပြည် တော်ပြန်ဖို့ တိတ်တိတ်ကလေးကြိုးစားနေကြချိန်မှာပဲ ဦးသိန်းစိန်အစိုးရရဲ့ ဝန်ကြီးတပါးက မြန်မာပြည်သူများရဲ့ဆန္ဒကို လုံးဝ ဂရုမစိုက် ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်ပြီး မြန်မာပြည်သူများ မှီခိုအားထားရာဖြစ်တဲ့ မိခင်ဧရာဝတီမြစ်ကြီး ပျက်စီးပျောက်ဆုံးရမှာကို စိုးရိမ်လွန်းလို့ ဧရာဝတီမြစ်ဆုံမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများက တည်ဆောက်နေတဲ့ မြစ်ဆုံဆည်ကြီးကို ဆက်လက်မဆောက်လုပ်ပဲ ရပ်တန့်ဖို့တောင်းဆိုနေကြတဲ့ မြန်မာပြည်သူတွေကို ဦးသိန်းစိန်အစိုးရရဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီးဦးဇော်မင်းက “ဧရာဝတီရောဂါသည်များ”, “ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများ” လို့ လှောင်ပြောင် သရော်လိုက်ပြီး မြစ်ဆုံဆည်ကြီးကို ဘယ်သူကပဲကန့်ကွက်ကန့်ကွက် ဆက်ဆောက်သွားမှာဖြစ်တယ်လို့ ကြိမ်းဝါးလိုက်ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်မှာရှိတဲ့ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောဆို လိုက်တာပါ။

Read the rest of this entry »

 
Leave a comment

Posted by on September 13, 2011 in Aung Din, Op-Ed

 

Aung Din – Let’s Defend the Irrawaddy


ဧရာဝတီ ကို ကာကွယ်ကြစို့
အောင်ဒင်
သြဂုတ် ၃၊ ၂၀၁၁
(၁) ကွယ်လွန်သွားသော မြစ်ကြီးများ
မြစ်ကြီးတစင်းရဲ့ အဓိကရှင်သန်မှုက ခရီးမိုင်ပေါင်းများစွာ၊ တောင်တန်းတွေ၊ တောအုပ်တွေ၊ လျှိုမြောင်တွေ၊ လွင်ပြင်တွေ၊ မြို့ရွာတွေ၊ အကွေ့အကောက် ထောင်ပေါင်းများစွာကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ် (သို့မဟုတ်) သမုဒ္ဒရာထံ ပေါင်းစပ်ခိုလှုံရခြင်းပါ။ ပင်လယ်ထံရောက်အောင် မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေကို သေဆုံးတယ်လို့ သတ်မှတ်ကြပါတယ်၊ မြစ်ကြီးသေဆုံးသလို မြစ်ကိုအမှီပြုရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝရပ်တည်မှုတွေလည်း အကြီးအကျယ် ပျက်ဆီးကြရတာပါ။ သဘာဝတရားကြောင့်ဖြစ်စေ၊ လူတို့ရဲ့ ဖန်တီးမှုကြောင့်ဖြစ်စေ လူ့သမိုင်းတလျှောက်မှာ သေဆုံးခဲ့ရတဲ့မြစ်ကြီးတွေ အများကြီး ရှိခဲ့ပါတယ်။ လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီးတစင်းကတော့ တရုတ်ပြည်က မြစ်ဝါမြစ်ကြီး (Yellow River) ပဲဖြစ်ပါတယ်။
တရုတ်ပြည်ရဲ့ အဓိကမြစ်ကြီး သုံးစင်း (ယန်ဇီ၊ မဲခေါင် နဲ့ မြစ်ဝါ) ထဲက မြစ်ဝါမြစ်ကြီးကို တရုတ်ပြည်ရဲ့ မိခင်မြစ်ကြီးလို့ သတ်မှက်တင်စားကြပါတယ်။ နှစ်ပေါင်း ၂,၀၀၀ ကျော်သက်တမ်းရှိခဲ့ပြီး တရုတ်ပြည်မြောက်ပိုင်း တိဘက်ဒေသက ရေခဲတောင်များဆီက အစပြု၊ တရုတ်ပြည်ကြီးတခုလုံးကို မိုင်ပေါင်း ၃,၄၀၀ ကျော်ဖြတ်သန်းပြီး ဘိုဟိုင်းပင်လယ် (The Bo Hai Sea) ထံ စီးဝင်ခဲ့တာပါ။ တရုတ်နိုင်ငံသားတွေအတွက် ဒီမြစ်ကြီးဟာ အီဂျစ်နိုင်ငံ က နိုင်းမြစ်ကြီးလိုပါပဲ။ ယဉ်ကျေးမှုတို့ မွေးဖွားရှင်သန်ရာ၊ နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့တဲ့ အောင်မြင်မှုများရဲ့ အထိမ်းအမှတ်၊ ကြောက်ရွံ့ပြီး ခန့်ငြားရတဲ့ သဘာဝအင်အားစုကြီး ဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီ မြစ်ဝါမြစ်ကြီးဟာ သေဆုံးနေပါပြီ။ လူတွေဖန်တီးတဲ့ အညစ်အကြေးတွေ စွန်းထင်း၊ အမှိုက်သရိုက်တွေ ပြည့်နှက်၊ မြောက်များလှစွာသော ဆည်ကြီးများ၊ ရေကာတာကြီးများရဲ့ လည်မျိုညှစ် အနိုင်ကျင့်ခံရမှုတွေနဲ့ သူ့ရေဟာ အရင်လို မသန့်ရှင်းတော့၊ သူ့ရေစီးဟာ အရင်လို မတည်ငြိမ်တော့၊ သူ့ရေပမာဏဟာ အရင်လို မများပြားတော့၊ သူ့ရဲ့ခရီးဟာလည်း ပင်လယ်ဆီ မရောက်နိုင်တော့ ဒီနေ့မှာတော့ သေဆုံးနေတဲ့ မြစ်ဝါမြစ်ကြီးဟာ တရုတ်ပြည်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဂရုမစိုက်မှုကို အထင်အရှားပြသတဲ့ အမှတ်အသားတခုအဖြစ်နဲ့သာ ရပ်တည်နေရပါပြီ။ တရုတ်ပြည်သူများနဲ့ ကမ္ဘာတဝှမ်းက တာဝန်သိ အဖွဲ့အစည်းများ၊ အစိုးရများက အပြင်းအထန် ထောက်ပြဝေဖန်ကြလို့ အလန့်တကြားနိုးထလာတဲ့ တရုတ်အစိုးရက မြစ်ဝါမြစ် ပြန်လည်ထူထောင်ရေး စီမံကိန်းတွေ စတင်ဆောင်ရွက်နေပေမည့် အလွန်ကိုပဲ နောက်ကျခဲ့ပါပြီ။

Read the rest of this entry »

 
Leave a comment

Posted by on August 4, 2011 in Aung Din, Op-Ed

 

Aung Din – General Aung San


ဗိုလ်ချုပ်အောင်ဆန်း

အောင်ဒင်
ဇူလိုင် ၂၁၊ ၂၀၁၁

 

သူ့ကို ရရှိခဲ့လို့

မြန်မာပြည်ဟာ ကံအကောင်းဆုံးဖြစ်ခဲ့ရသလို

သူ့ကို ဆုံးရှုံးခဲ့ရလို့

မြန်မာပြည်ဟာ ကံအဆိုးဆုံးလည်း ဖြစ်ခဲ့တယ်။

သူ့လို မမြင့်မြတ်တဲ့ ခေါင်းဆောင်တွေကြောင့်

မြန်မာပြည်သူတွေ နာကျင်ခံစားနေကြရသလို

သူ့သမိုင်းကို ချိုးဖျက်ချင်တဲ့ အဓမ္မသမားတွေကြောင့်

မြန်မာပြည်သူတွေ နာကျည်းခံပြင်းကြရတယ်။

  Read the rest of this entry »

 
Leave a comment

Posted by on July 22, 2011 in Aung Din, poem

 

Aung Din – Save the Irrawaddy


ဧရာဝတီ ကို ကယ်တင်ကြစို့
အောင်ဒင်
ဇူလိုင် ၁၀၊ ၂၀၁၁
ဒီလို ခေါင်းစဉ်တပ်တော့ လွန်တယ်လို့ တချို့က ထင်ကြလိမ့်မယ်။ ဒါပေမည့် ကျနော်တို့ရဲ့မိခင် မြစ်ကြီး ဧရာဝတီဟာ စစ်အုပ်စုရဲ့ အလိုတော်ရိ ဘိန်းဘုရင် လော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီများရဲ့ စက်ယန္တယားကြီးတွေနဲ့ တူးဆွ တိုက်ခိုက်မှုအောက်မှာ အပြင်းအထန် နာကျင်နေရပါပြီ။ ကိုခင်ဝမ်းရဲ့ “မဟာ သဘာဝရှင်”၊ ကိုထူးအိမ်သင်ရဲ့ “ရာဇဝင်များရဲ့ သတို့သမီး”၊ ကျနော်တို့အားလုံးရဲ့ မိခင်ဧရာဝတီဟာ မချစ်မနှစ်သက်သောသူများရဲ့ အနိုင်ကျင့်မှုကို စတင်ခံစားနေရပါပြီ။ ဧရာဝတီကို အချိန်မီ ကယ်တင်နိုင်ကြဖို့၊ အင်နဲ့ အားနဲ့ အကာအကွယ်ပေးနိုင်ကြဖို့ ဒီစာတမ်းကို ရေးပါတယ်။ Read the rest of this entry »
 
Leave a comment

Posted by on July 10, 2011 in Aung Din, Op-Ed

 

Aung Din – News Features


ကိုယ့်ဘက်က အင်အားကောင်းမှ တန်းတူညီမျှ ဆွေးနွေးနိုင်ကြမယ်
အောင်ဒင်
ဇူလိုင် ၃၊ ၂၀၁၁

(၁)

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ကျနော်တို့နိုင်ငံမှာ ပြန်လည်ထွန်းကားဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကောင်းဆုံး နည်းလမ်းက မြန်မာစစ်အုပ်စုနဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များ
သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်းခြင်းပဲဖြစ်တယ်လို့ ကျနော်တို့ လက်ခံယုံကြည်ထားကြပါတယ်။ အဲဒီလို ယုံကြည်မှုအတိုင်း စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးဖို့၊ ဒိုင်ယာလော့ (Dialogue) လုပ်ဖို့တောင်းဆိုခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ အခုထိတော့ စစ်အုပ်စုက လုံးဝလက်မခံ ငြင်းဆန်နေဆဲပါ။

တကယ်တော့လဲ ပြဿနာတွေ၊ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊အားလုံးဟာ ဘယ်လိုက စခဲ့စခဲ့ နာက်ဆုံးအဆင့်မှာနှစ်ဖက် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အဆုံးသတ်ရတာပါ။ ဒါပေမည့် ဒိုင်ယာလော့တိုင်းဟာ ကောင်းမွန်တဲ့ရလဒ်ကို မဖန်တီးနိုင်ပါဘူး။ အထူးသဖြင့် တဘက်ရန်သူက အင်အားကြီးမားပြီး အနိုင်ရနေချိန်မှာ ဒိုင်ယာလော့ဆိုတာ ဖြစ်နိုင်ဖွယ်မရှိသလို ဖြစ်ပြန်ရင်လဲ အားနည်းတဲ့ဘက်က အရှုံးပေးလက်နက်ချရတဲ့ အခြေအနေနဲ့ အဆုံးသတ်တတ်ပါတယ်။ ကျနော်တို့နိုင်ငံကို ဗြိတိသျှကိုလိုနီအစိုးရက နယ်ချဲ့တော့ အင်္ဂလိပ်-မြန်မာစစ် သုံးကြိမ်ဖြစ်ခဲ့ပါတယ်။ အဲဒီ စစ်ပွဲသုံးခုစလုံးကို နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီး အဆုံးသတ်ခဲ့ရပေမယ့် အဲဒီဆွေးနွေးပွဲတွေက ကျ နော်တို့ ဘယ်လိုအရှုံးပေးရမယ်ဆိုတာကို ပြဋ္ဌာန်းအတည်ပြုတဲ့ပွဲတွေပဲဖြစ်ခဲ့ရပါတယ်။ ၁၉၄၇ ခုနှစ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးချုပ်အက်တလီခေါင်းဆောင်တဲ့ ဗြိတိသျှအစိုးရတို့ တွေ့ဆုံဆွေးနွေးတဲ့အချိန်ကျတော့ မြန်မာပြည်သူတွေဘက်က ခေါင်းဆောင်ကောင်းများရဲ့ ဦးဆောင်မှုအောက်မှာ ညီညွတ်အားကောင်းနေတဲ့အချိန်၊ လွတ်လပ်ရေးရယူဖို့ စိတ်ဓာတ်ထက်သန် ပြင်းထန်နေတဲ့အချိန်၊ စစ်အတွေ့အကြုံ၊ လူထုတိုက်ပွဲအတွေ့အကြုံမြင့်မားပြီး ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်လွတ်လပ် ရေးကိုအရယူဖို့ ဆုံးဖြတ်ထားတဲ့အချိန်၊ တဘက်မှာ ဗြိတိသျှအစိုးရအနေနဲ့က ဒုတိယကမ္ဘာစစ်ကြီးမှာ ဦးဆောင်တိုက်ခိုက်ခဲ့ရလို့ ပင်ပန်းပြီး စီးပွါးရေးအကြပ်အတည်း၊ နိုင်ငံရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အားနည်းနေတဲ့အချိန်ပါ၊ ဒါကြောင့်မို့လို့ အဲဒီ ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံကို တနှစ်အတွင်းလွတ်လပ်ရေးပေးမယ်ဆိုတဲ့ ကတိကဝတ်ကိုရခဲ့တာပါ၊
Read the rest of this entry »

 
Leave a comment

Posted by on July 4, 2011 in Aung Din, News Features

 

Aung Din – Stom over eastcoast Poem


အမေရိကန်နိုင်ငံ အရှေ့ဘက်ခြမ်းမှာ မုန်တိုင်းကျတဲ့ နေ့တနေ့

အောင်ဒင်
မတ် ၂၀၊ ၂၀၁၁

လေပြင်းတွေတိုက်တယ်
သစ်ပင်ကြီးတွေ ပြိုလဲတယ်
လျှပ်စစ်မီးတွေ ပြတ်တယ်
ဘဝ တခုလုံး မှောင်မဲသွားတော့တယ်။

အဲဒီလို ဆိုမိတော့
ပိုတယ် ထင်ကြမယ်
ပြန်ငဲ့ကြည့်တော့
စစ်ဆိုင်ကလုံး နဲ့ သဘာဝဆိုင်ကလုံး
မုန်တိုင်း နှစ်ခုဒါဏ် တပြိုင်ထဲ ခံစားနေရတဲ့
မြန်မာပြည်သူတွေရဲ့ နာကြည်းဖွယ်ဘဝတွေ
ဂျပန်ပြည်သူတွေရဲ့ ကြေကွဲဖွယ်အနိဋ္ဌာရုံတွေ
လစ်ဗျားပြည်သူတွေရဲ့ အံကြိတ်တက်ခေါက်သံတွေ။ Read the rest of this entry »

 
Leave a comment

Posted by on March 20, 2011 in Aung Din, poem

 

Aung Din at 2011


၂၀၁၁

အောင်ဒင်
ဇန်န၀ါရီ ၆၊ ၂၀၁၁

အဆင်မပြေလှတဲ့ အဖြစ်အပျက်တွေကို
ပြက္ခဒိန်အဟောင်းနဲ့ထုတ်ပိုးပြီး
အမှိုက်ပုံးထဲ လွှတ်ပစ်လိုက်တယ်
ဘယ်တော့မှ ပြန်မရချင်တော့တဲ့ နေ့ရက်များ၊

ပြက္ခဒိန်အသစ်ကို နံရံမှာချိတ်
ကျနော် စိတ်ကူးယဉ်မိရဲ့၊

၂၀၁၁ မှာ … Read the rest of this entry »

 
Leave a comment

Posted by on January 6, 2011 in Aung Din, poem