RSS

Category Archives: Book Shelf

Save Irrawaddy Initiatives from collective community


ဧရာဝတီကို မလွမ်းချင်သူတို့က စာအုပ်ထုတ်ဝေ

မိုးမခ စာအုပ်စင်

စက်တင်ဘာ ၁၃၊ ၂၀၁၁

“ဧရာဝတီ ကို မလွမ်းချင်ပါ “စာအုပ် ကို ဖတ်ရှုပါ – ဦးအုန်း၊ လူထုစိန်ဝင်း၊ ဇော်ဂျီ၊ ရွှေဥဒေါင်း၊ ပါရဂူ၊ မောင်ဝဏ္ဏ၊ နေဝင်းမြင့်၊ လေးဖြူ အစရှိသော အနုပညာ၊ အတတ်ပညာရှင်များစုစည်းမူ မြစ်တစ်စင်းရဲ့ အတိတ်၊ ပစ္စပ္ပန်၊ အနာဂတ် အကြောင်းများ တစုစည်းထဲ ဖတ်နိုင်ဖို့ စီစဉ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on September 13, 2011 in Book Shelf

 

Aung San Suu Kyi, Democracy Icon of Burma published


ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်းစုကြည် အမည်ရှိစာအုပ် မေတ္တာဖြင့် ဖြန့်ပြီ

မိုးမခအထောက်တော် မဲဆောက်၊ သြဂုတ် ၂၇၊ ၂၀၁၁

 ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် BMC စောနေမင်း က ထုတ်ဝေပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတန်ဖိုးထားသူတိုင်းကို အခမဲ့ ဖြန့်ချိသွားမည်လည်း ဆိုသည်။ Read the rest of this entry »

 
Leave a comment

Posted by on August 27, 2011 in Book Shelf

 

Daung Taman email Newsletter published again 2 time



မြန်မာပြည်တွင်းပရိသတ်များအတွက် ဒေါင်းတမန် ဒုတိယစာစောင်ထွက်ပြီ

မိုးမခစာအုပ်စင်၊ သြဂုတ် ၂၃၊ ၂၀၁၁

အီးဘုတ်ကို ပီဒီအက်ဖ်ဖော်မက်နဲ့ အီးမေးဖြင့် ဖြန့်ချိရန် ထွက်ဝေလိုက်ပြီ ဖြစ်ပါတယ်။ ဒုတိယအကြိမ်မြောက် စာစောင်ဖြစ်ပါတယ်။ စာမျက်နှာ ၂၄ ကျော် ရှိပါတယ်။ သည်နေရာမှာ ရယူပါ။ 
For Scribd User – Get it from here – http://www.scribd.com/doc/62882982/Daung-Taman-Jounral-2nd-Volune 

 

 
Leave a comment

Posted by on August 25, 2011 in Book Shelf

 

Shwe O Daung


မြန်မာလူမျိုးတို့၏ စိတ်နေစိတ်ထားနှင့် ညံ့ဖျင်းသောအချက်များ …
ကောင်းမြတ်သောအချက်များ …အကြောင်း ရေးသားတင်ပြပုံနှိပ်ထုတ်ဝေခဲ့သည်တို့ကို စုဆောင်းတင်ဆက်ရန်
မိုးမခက စီစဉ်ထားလေရာ …
ဆရာကြီး ရွှေဥဒေါင်း ‘‘စာရေးဆရာမဂ္ဂဇင်း’’တွင် ဂျပန်ခေတ်ကာလ (၁၉၄၃ ခုနှစ်) ၌ ရေးသားခဲ့သော ဆောင်းပါးတပုဒ်ကို တင်ဆက်လိုက်ရပါသည်။
မိုးမခ
………………. ………………. ……………….

မြန်မာလူမျိုးနှင့် အကျင့်ဆိုး
(မြန်မာကို မြန်မာက ရှုတ်ချထိုက်သလော)
ရွှေဥဒေါင်း
သြဂုတ် ၁၆၊ ၂၀၁၁


“ဗမာလုပ်လိုကမှဖြင့် ဒီလိုချည်းပဲ”၊ “ဗမာတွေကိုက ဘယ်နေရာမှမကောင်းပါဘူး”၊ “ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ် တာကိုး”၊ “ရွှေဗမာတွေကိုက ဘာတစ်ခုမှဖြစ်အောင်လုပ်နိုင်တာမရှိပါဘူး” အစရှိသော နှိပ်နယ်စကား၊ ချိုးဖဲ့စကား၊ ကဲ့ရဲ့စကား၊ ရှုတ်ချစကားများသည် မကြာခဏဖြစ်ပေါ်လျက်ရှိသည်ကို ကြားမိကြပေလိမ့်မည်။ ထိုသို့သော အသုံး အနှုန်းသည် အင်္ဂလိပ်တို့လက်ထက်တွင် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့၍ အင်္ဂလိပ်တို့ပြေးခါနီး ကာလအပိုင်း အခြားတွင် အထွတ်အထိပ်သို့ ရောက်သဖြင့် အများဆုံးသုံးနှုန်းပြောဆိုကြသည်ဟု ဆိုရပေမည်။

ဝမ်းနည်းဖွယ်ကောင်းသောအချက်မှာ ထိုစကားကို သုံးနှုန်းပြောဆိုနေကြသော သူများသည် တရုတ်လူများ လည်းမဟုတ်။ ကုလားလူမျိုးများလည်းမဟုတ်။ တရုတ်နှင့် ကုလားကပြားများလည်းမဟုတ်။ မြန်မာစစ်စစ်ဆိုသော လူများ၏ပါးစပ်မှ ထွက်လာလေ့ရှိသည်အတွက်ကြောင့် သာ၍ ၀မ်းနည်းဖို့ကောင်းလှ၏။ အချို့သောသူတို့သည် ထို စကားမျိုးကို သုံးနှုန်းကြသောအခါတွင် ၀မ်းနည်းသောလေသံမျိုးလည်းမပါ။ ထိုကဲ့သို့ နှိပ်နယ်ချိုးဖဲ့ရခြင်းကိုပင် အရ သာရှိဟန်လက္ခဏာနှင့် လေးလေးနက်နက်ပက်ပက်စက်စက် ချိုးဖဲ့ပြောဆိုရက်သည်ကိုတွေ့ရပကား မြန်မာအစစ်ပင် ဟုတ်ပါလေ၏လောဟု ယုံမှားခြင်းပင် ဖြစ်ရလောက်ပေ၏။ တရုတ်လူးမျိုးက မြန်မာအားထိုမျှလောက် ချိုးချိုးဖဲ့ဖဲ့ပြော ဆိုခြင်းကို ကြားရဖူးသည်မရှိ။ ပြောလျှင်လည်း မြန်မာက ခံမည်မဟုတ်။ ကုလားလူးမျိုးက ဤမျှအထိ ရှုတ်ချခြင်းကို ကြားရဖူးသည်မရှိ။ ကြားရလျှင်လည်းမြန်မာက ခံမည်မဟုတ်။ အင်္ဂလိပ်က ပြောလျှင် ခံနိုင်ကြမည်မဟုတ်။ Read the rest of this entry »

 
Leave a comment

Posted by on August 16, 2011 in Book Shelf

 

Biographies of Burmese Presients and PM (1948-1988)


နိုင်ငံတော် သမ္မတနှင့် ဝန်ကြီးချုပ်များ အတ္ထုပ္ပတ္တိ (၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ) အီးဘုတ် ရနိုင်ပြီ

မြန်မာအိုင်အက်စ်ပီ၊ သြဂုတ် ၁၀၊ ၂၀၁၁

လွတ်လပ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ ပထမဆုံး သမ္မတကြီး ဖြစ်တဲ့ စဝ်ရွှေသိုက် (၁၈၉၆-၁၉၆၂) ကနေ ၁၉၈၈ ခုနှစ်မှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အမည်နဲ့ စစ်အာဏာသိမ်းပြီး နိုင်ငံတော် သမ္မတ အဖြစ် မိမိကိုယ့်ကို ခန့်အပ်ကြေညာခဲ့သူ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး (နောင်-ဗိုလ်ချုပ်မှူးကြီး) ဦးစောမောင် (၁၉၂၈-၁၉၉၇) အထိ နိုင်ငံတော် သမ္မတတွေရဲ့ အကြောင်းကို ဖော်ထုတ်ရေးသားထားပါတယ်

ဒါ့အပြင် ပထမဆုံး ဝန်ကြီးချုပ် ဖြစ်တဲ့ ဦးနု (၁၉ဝ၇-၁၉၉၅) ကနေ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှာ မဆလရဲ့ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးက နောက်ဆုံးခန့်အပ် တာဝန်ပေးခဲ့တဲ့ သူရဦးထွန်းတင် (၁၉၂၃) အထိ နိုင်ငံတော် ဝန်ကြီးချုပ်တွေရဲ့ အတ္ထုပ္ပတ္တိတွေ (၁၉၄၈ မှ ၁၉၈၈ ခုနှစ်ထိ) တွေ ပါဝင်တဲ့ ကျမ်းစာဖြစ်ပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on August 12, 2011 in Book Shelf

 

64th Anniversary of Burma’s Martyrs’ Day – Special Book comes out


သန်းဝင်းလှိုင်ရဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့ အထူးစာအုပ် ထွက်ရှိ

မိုးမခစာအုပ်စင်

ဇူလိုင် ၁၈၊ ၂၀၁၁

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် စစ်အစိုးရထိန်းချူပ်ထားတဲ့ အာဇာနည်ဗိမာန်ကို ကိုယ်တိုင်သွားရောက် အလေးပြုမယ်လို့ သတင်းထွက်နေချိန်၊ ပြည်တွင်းပြည်ပကလည်း အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနေချိန်၊ စီစဉ်နေချိန်မှာ ထိုင်းနိုင်ငံ၊ နယ်စပ်ဒေသရောက် မြန်မာမိသားစုများရဲ့ အာဇာနည်နေ့အခမ်းအနားနဲ့ နယ်စပ်က စာသင်ကျောင်းများမှာ ဖြန့်ဝေမယ့် အထူးစာစောင်တအုပ် ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on July 18, 2011 in Book Shelf

 

Daung Taman email Newsletter published bi-monthly


https://i0.wp.com/3.bp.blogspot.com/-DHyUV1aD3nY/TiDwNDKQesI/AAAAAAAAaS8/o7qp3LtwJpM/s1600/Screen+shot+2011-07-15+at+6.56.46+PM.png

ပြည်တွင်းက မြန်မာစာဖတ်သူတွေအတွက် ဒေါင်းတမန် အီးမေးသတင်းလွှာ ထွက်ပြီ

မိုးမခ၊ ဇူလိုင် ၁၅၊ ၂၀၁၁

ဒီနေ့နေ့စွဲနဲ့ ဒေါင်းတမန် အီးမေးသတင်းလွှာ အတွဲ ၁၊ အမှတ် ၁ ထွက်လာပါတယ်။ ၂ ပတ် တကြိမ် ထုတ်မယ်လို့ ရေးထားပါတယ်။ ပြည်တွင်းက ၀က်ဆိုက်ကြည့်၊ ရေဒီယိုနားထောင်တဲ့ ပရိသတ်ထက် အီးမေးကတဆင့်လက်ဆင့်ကမ်းစာဖတ်သူ ပရိသတ်တွေအတွက် အဓိကရည်ရွယ်တယ်လို့ ပြောပါတယ်။  ဒီနေရာကနေ ရယူပါ။ လက်ဆင့်ကမ်း ကြပါ။

သတင်းတွေထက် ဆောင်းပါးတွေ၊ ပြည်တွင်း ပြည်ပ အတွေးအမြင် ဆန်းစစ်တာတွေ ပါတဲ့အတွက် ဗဟုသုတဦးစားပေးတဲ့ ဂျာနယ်စာစောင်ဖြစ်ပါတယ်။ ရေရှည် တည်တံ့အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မိုးမခက နေ့စဉ်ထုတ်ပေးတဲ့ အီးမေးသတင်းလွှာမှာ တွဲပြီးလည်း ဖြန့်ပေးပါ့မယ်။

 
Leave a comment

Posted by on July 18, 2011 in Book Shelf