RSS

Category Archives: Kyaw Thu

Kyaw Thu – FFSS Yangon Activity (9th September 2011)


နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
စက်တင်ဘာ ၁၃၊ ၂၀၁၁
 အတည်ပြုထောက်ခံမှု

နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းအဖွဲ့ မှတ်ပုံတင်ပြန်လည်ရရှိနိုင်ရန်အတွက် ၁၁.၉.၂၀၁၁ တနင်္ဂနွေနေ့၌ သင်းလုံးကျွတ် အထူးအစည်းအဝေးပွဲ ကျင်းပကာ အသင်းသား/သူများ အများစု၏ ဆန္ဒများ ကောက်ခံအတည်ပြုခဲ့သည်။
Read the rest of this entry »

 
Leave a comment

Posted by on September 13, 2011 in Contemporary Experience, Kyaw Thu

 

Kyaw Thu – FFSS.YGN & Mr.Derek Mitchell


 Mr.Derek Mitchell နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)
ကျော်သူ
စက်တင်ဘာ ၁၂၊ ၂၀၁၁

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell နှင့်အဖွဲ့သည် ၁၁.၉.၂၀၁၁ တနင်္ဂနွေနေ့ နံနက် ၈း၃၀ နာရီအချိန်၌ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့လာရောက်ကာ အသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အလုပ်အမှုဆောင်များအား တွေ့ဆုံခဲ့ကြသည်။

Read the rest of this entry »

 
Leave a comment

Posted by on September 12, 2011 in Contemporary Experience, Kyaw Thu

 

Kyaw Thu – Equal Share


ကျွတ်ပွဲလွတ်ပွဲ စတော့မည်

ကျော်သူ

စက်တင်ဘာ ၁၀၊ ၂၀၁၁

 

ဓမ္မမိတ်ဆွေအပေါင်းတို့ ခင်ဗျား . . .

ကမ္ဘာမြေပြင်သို့ ရောက်ရှိလာပြီးသည့်နောက် လူ့ဘဝမှ ပြန်လည်ထွက်ခွာသွားသူတို့အနက် မြင့်မြတ်သော ဘုံဋ္ဌာနသို့ ရောက်ရှိသွားသူတို့သည် ကိန်းဂဏန်းအားဖြင့် အလွန်နည်းပါးလှပါသည်။ ထို့ကြောင့် ဓမ္မမိတ်ဆွေတို့သည် ဘဝသံသရာဝယ် ကြိမ်ဖန်များစွာ ကျင်လည်ကျက်စားကာ ယခု လူ့ဘဝသို့ ရောက်ရှိလာချိန်တွင် လူ့ဘဝတခုထဲတွင်သာ ပြုလုပ်နိုင်သော ကုသိုလ်ကောင်းမှုဖြစ်သည့် “အကျွတ်အလွတ်” အမျှဝေပွဲကျင်းပရန် အချိန်ကျရောက်ပြီ ဖြစ်ပါသည်။

Read the rest of this entry »

 
Leave a comment

Posted by on September 10, 2011 in Contemporary Experience, Kyaw Thu

 

Kyaw Thu – 30th Anniversary of Kyaw Thu & Myint Myint Khin Pe


စည်းခြားမရနိုင်တဲ့ သူနှစ်ယောက်
ကျော်သူ
စက်တင်ဘာ ၁၊ ၂၀၁၁

ကမ္ဘာမြေပြင်သို့ ရောက်လာခဲ့ပြီးသည့်နောက် အမျိုးမျိုးအဖုံဖုံ ဝေဖန်ရှုံ့ချ ကဲ့ရဲ့ပြစ်တင် တိုက်ခိုက်ထိုးနှက်ခြင်း လောကဓံတွေအကြား လူးလိမ်ရုန်းကန် လောင်မြိုက်ခြင်းတည်း ဟူသော သောကပင်လယ်အကြား မှတ်ကျောက်အတင်ခံပြီး ကျောခြင်းကပ် ရင်ခြင်းအပ် ကြံ့ကြံ့ခံကာ လူသားတို့အတွက် လူပီသစွာ မေတ္တာတရားကို လက်ကိုင်ပြုပြီး သီလလုံစွာ ပေးဆပ်ခဲ့သော သူမနှင့် ကျွန်တော်တို့ ဖြတ်သန်းခဲ့သော နှစ်ပေါင်း ၃၀ တိတိနေ့ (သို့) ပုလဲရတုနေ့မြတ်ကို ၃၁. ၈. ၂၀၁၁ ဗုဒ္ဓဟူးနေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကျင်းပပြု လုပ်ခဲ့သည်။
Read the rest of this entry »

 
Leave a comment

Posted by on September 2, 2011 in Contemporary Experience, Kyaw Thu

 

Kyaw Thu – FFSS Yangon Activity (29th August 2011)


နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ

ကျော်သူ

သြဂုတ် ၃၀၊ ၂၀၁၁ 

ငြိမ်းချမ်းငြိမ်သက်စွာဖြင့် ထွက်ခွာသွားလေသူ ဘဘဦးသုခ၏ မဟေသီ

ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘဦးသုခ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့သည်မှာ ၆ နှစ်တာကာလအတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ဘဘဦးသုခ သက်ရှိထင်ရှားရှိစဉ် တိုင်းပြည်အကျိုး၊ ဘာသာ သာသနာအကျိုး၊ အများပြည်သူတို့၏ နာရေးကိစ္စ အဝဝကို ချောမွတ်အဆင်ပြေရန် ဖွဲ့စည်းတည်ထောင်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်) စသည့်  လူမှုရေးစွမ်းဆောင်ချက်များကို ဘဘဦးသုခ၏ နံဘေးမှ ပါရမီဖြည့်ဆည်းပေးခဲ့သော ဘဘဦးသုခ၏ ဇနီး ဒေါ်ကျင်မေ အသက် ၈၁ နှစ်သည် ၂၇. ၈. ၂၀၁၁ စနေနေ့ နံနက် ၀၂း၀၀ နာရီအချိန်တွင် စံပြဆေးရုံကြီး၌ ကွယ်လွန်သွားပါ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင် သွားရောက်၍ မိခင်ကြီး ဒေါ်ကျင်မေ၏ ရုပ်အလောင်းအား ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် ကူညီဖေးမပေးခဲ့သည်။
Read the rest of this entry »

 
Leave a comment

Posted by on August 30, 2011 in Contemporary Experience, Kyaw Thu

 

Kyaw Thu – FFSS Yangon Activity (28th August 2011)


နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ

ကျော်သူ

သြဂုတ် ၂၉၊ ၂၀၁၁

အသွားမတော် တလှမ်း

လှိုင်မြို့နယ် ရဲစခန်းမှ အကြောင်းကြားချက်အရ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားတို့သည် လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက်ရှိ မိုးမေတ္တာဆေးခန်းတွင် ကလေးငယ် မောင်ပိုင်သိန်းခန့် အသက် ၂ နှစ်၊ ၄ လ၏ ရုပ်အလောင်းအား သွားရောက်ကာ ရန်ကုန်ပြည့်သူ့ဆေးရုံကြီးသို့ သယ်ဆောင် ကူညီပေးခဲ့ရသည်။

Read the rest of this entry »

 
Leave a comment

Posted by on August 28, 2011 in Contemporary Experience, Kyaw Thu

 

Kyaw Thu – FFSS Yangon Activity (24th August 2011)


နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
သြဂုတ် ၂၆၊ ၂၀၁၁
Cool Box ဖြင့်အပူဇော်ခံထားရှိသော ပေါက်စေတီဆရာတော်

တောင်စွန်းမြို့၊ ဓမ္မဒူတတောရကျောင်းတိုက်ဆရာတော် (ဓမ္မဒူတ အရှင်ပညာဇောတ)၏ နောင်တော်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ ပေါက်စေတီ ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အရှင်သုမိတ္တာဘိဝံသ သက်တော် (၈၇) နှစ်၊ ဝါတော် (၆၇) ဝါသည် ၂၀. ၈. ၂၀၁၁ စနေနေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့သည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရက်ရှည်ထားခံ အအေးစနစ်သုံး Cool Box ဖြင့် အပူဇော်ခံ ၅ ရက်တိုင်တိုင်ထားရှိပြီး ၂၄. ၈. ၂၀၁၁ ဗုဒ္ဓဟူးနေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ် ပေါက်စေတီကျောင်းတိုက်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဆရာတော်ကြီး၏ ပုံတော်တင်ဆောင်ရန် ရှေ့ပြေးမော်တော်ယာဉ်၊ ဆရာတော်ကြီး၏ ကျန်ရစ်သောရုပ်ကလပ်တော် အား အထူးနိဗ္ဗာန်ယာဉ်ဖြင့် ပင့်ဆောင်ကာ စည်ကားသိုက်မြိုက်စွာဖြင့် အန္တိမအဂ္ဂိ ဈာပနအခမ်းအနားအား ကူညီဖေးမ ကျင်းပပြုလုပ်ပေးခဲ့သည်။

Read the rest of this entry »

 
Leave a comment

Posted by on August 26, 2011 in Contemporary Experience, Kyaw Thu