RSS

Category Archives: Op-Ed

Aung Din – Irrawaddy Revolution


ဧရာဝတီ တော်လှန်ရေး
အောင်ဒင်
စက်တင်ဘာ ၁၃၊ ၂၀၁၁


(၁) ဧရာဝတီကို သတ်နေသူများ၏ စိန်ခေါ်သံ

သမ္မတဦးသိန်းစိန်အစိုးရက သဘောထားပျော့ပြောင်းလိမ့်မယ်လို့ တချို့ကမျှော်လင့်နေပြီး တချို့လဲ ပြည်တော်ပြန်ကြ၊ တချို့ကလဲ ပြည် တော်ပြန်ဖို့ တိတ်တိတ်ကလေးကြိုးစားနေကြချိန်မှာပဲ ဦးသိန်းစိန်အစိုးရရဲ့ ဝန်ကြီးတပါးက မြန်မာပြည်သူများရဲ့ဆန္ဒကို လုံးဝ ဂရုမစိုက် ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်ပြီး မြန်မာပြည်သူများ မှီခိုအားထားရာဖြစ်တဲ့ မိခင်ဧရာဝတီမြစ်ကြီး ပျက်စီးပျောက်ဆုံးရမှာကို စိုးရိမ်လွန်းလို့ ဧရာဝတီမြစ်ဆုံမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများက တည်ဆောက်နေတဲ့ မြစ်ဆုံဆည်ကြီးကို ဆက်လက်မဆောက်လုပ်ပဲ ရပ်တန့်ဖို့တောင်းဆိုနေကြတဲ့ မြန်မာပြည်သူတွေကို ဦးသိန်းစိန်အစိုးရရဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီးဦးဇော်မင်းက “ဧရာဝတီရောဂါသည်များ”, “ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများ” လို့ လှောင်ပြောင် သရော်လိုက်ပြီး မြစ်ဆုံဆည်ကြီးကို ဘယ်သူကပဲကန့်ကွက်ကန့်ကွက် ဆက်ဆောက်သွားမှာဖြစ်တယ်လို့ ကြိမ်းဝါးလိုက်ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်မှာရှိတဲ့ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောဆို လိုက်တာပါ။

Read the rest of this entry »

 
Leave a comment

Posted by on September 13, 2011 in Aung Din, Op-Ed

 

Tu Maung Nyo – U Thein Nyunt ask for answer


ဦးသိန်းညွန့် နဲ့ သူ၏ မေးခွန်း

တူမောင်ညို

စက်တင်ဘာ ၁၁၊ ၂၀၁၁

“ဦးသိန်းညွန့်” ကို အကဲဖြတ်မလို့ မဟုတ်ပါဘူး။ ထူးခြားတယ်လို့ပြောရမှာလား။ ဆန်းကြယ်တယ်လို့ဆိုရမှာလား။ နှစ်ခု စလုံးပဲလား။ ရောထွေးနေပါတယ်။ ဒီတော့ စာဖတ်သူများကပဲ ဘယ်စကားလုံးနဲ့သင့်တော်မယ်ဆိုတာကို ရွေးလိုက်ကြပါတော့။

ဦးသိန်းညွန့်ပတ်သက်ပြီး အပေါ်ယံ တွေ့ထားတာလေးတွေ ရေးပြပါရစေ။

ဦးသိန်းညွန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကဖြစ်ပါတယ်။

(NLD)ကနေ ပဲ့ ထွက်ပြီးနောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှာခေါင်းဆောင်ပိုင်းကပါခဲ့တယ်။ အဲဒီကနေ တစ်ခါ ကွဲကြခွါကြပြီး  အခုနောက်ဆုံး အမျိုးသားဒီမိုကရေစီပါတီသစ် (New National Democracy Party )ဖွဲ့ပါတယ်။

အဲဒီ အမျိုးသားဒီမိုကရေစီပါတီသစ် (New National Democracy Party ) မှာ  ဦးသိန်းညွန့်က ဥက္ကဋ္ဌ ဖြစ်ပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on September 11, 2011 in Op-Ed, Tu Maung Nyo

 

Maung Yit – Hand Written Notes from the editor


အယ်ဒီတာ့လက်ရေး

မောင်ရစ်

စက်တင်ဘာ ၁၀၊ ၂၀၁၁

မိုးမခက အယ်ဒီတာတွေ၊ ၀ိုင်းတော်သားတွေအတွက် စာရေးရင်းနဲ့ မိတ်ဆွေတွေ၊ ပရိသတ်တွေအတွက်ပါ သည်စာကို ရေးလိုက်တယ်။ သဘောတခုကတော့ အဆိုင်းမင်းတွေ၊ ပရိုဂရက်စ်တွေ၊ အပ္ဗဒိတ်တွေကို ကိုယ်လည်း မရေးနိုင်၊ သူများတွေလည်း မခိုင်းနိုင်နဲ့ စာမူတွေ၊ သတင်းတွေ၊ အိုင်ဒီယာအကြွေးတွေ ပိနေတာတွေကို ထွက်ပေါက်ရှာတဲ့သဘော၊ မနေနိုင်တဲ့သူတွေက ၀င်ရေးအောင်၊ ကိုယ့်ဆီမရေးကြရင်လည်း သူတို့မီဒီယာတွေမှာ သွား ရေးကြလည်း အလုပ်သက်သာတယ်ဆိုတဲ့ သဘောနဲ့ သည်ကဏ္ဍကို စမ်းရေးတာ ဖြစ်တယ်။

 

စာမူရှင်တွေကို ဖိတ်ခေါ်ပါတယ် – စာမူတွေ၊ သတင်းတွေကို အားလုံးထံက ဖိတ်ခေါ်ပါတယ်။ သတင်းပေးတာမဟုတ်ဘဲ သတင်းရေးတာ လုပ်ကြစေချင်တယ်။ သတင်းကို စာ ၁၅ ကြောင်းလောက် ရေးပါ။ ဓာတ်ပုံလည်း ရိုက်ထည့်နိုင်ရင်ကောင်းတယ်။ လက်ရေးနဲ့ မရေးပေးကြပါနဲ့၊ ကြိုက်တဲ့ဖောင့်နဲ့ စာရိုက်ပြီး ပေးကြပါ။ စာလုံးပေါင်း သတ်ပုံကတော့ တတ်သလောက်စစ်ပေးပါ။ ကျနော်တို့လည်း သိသလောက်တော့ စစ်ပါတယ်။ စာကြောင်းတွေမှာ နှစ်ချောင်းပုဒ် “။” ချပြီး အဆုံးသတ်ပါ။ “.” တွေ “…” တွေ သိပ်မလုပ်ကြနဲ့။ အောက်ကမြင့် ၂မျိုး ရိုက်လေ့ရှိပါတယ်။ shift Y က (နဲ့) ရှေ့ကိုထွက်နေတဲ့ အောက်ကမြင့်ကလေး။ (h) ကတော့ (တော့) လို့မျိုး အောက်မှာကျနေတဲ့ အောက်ကမြင့်ကို ခွဲခြားပြီး ရိုက်ကြစေလိုပါတယ်။ သတင်းရေးနည်း၊ စာရေးနည်းကတော့ မောင်ဝံသတို့၊ လူထုစိန်ဝင်း၊ ကြေးမုံဦးသောင်းနဲ့ ဟံသာဝတီဦးဝင်းတင်တို့ရဲ့ စာအုပ်တွေ ဖတ်ပြီး ရေး၊ နီးစပ်ရာ သင်တန်းတွေ တက်ပြီးရေးလို့ ရမယ် ထင်တာပဲ။ ကျနော်လည်း ဒါလောက်ပဲ ဖတ်ဖူးတာ။ Read the rest of this entry »

 
Leave a comment

Posted by on September 11, 2011 in Maung Yit, Op-Ed

 

Pan Tha Ku Shin Nge – Fighting fire with both fire & water


လှံကိုင် ခွေးခေါ်နည်း

ပံသုကူရှင်ငယ် (ဥတ္တရ ဒီပ)

စက်တင်ဘာ ၇၊ ၂၀၁၁

မြန်မာ့နိုင်ငံရေးအခြေအနေကို ၈၈ ကနေ လက်ရှိအနေထားအထိ ကိုယ်ပိုင်ကောက်ကြောင်း ဆွဲကြည့်မိတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြောင့် ‘ဖွတ်ကျောပြာစု ခရုဆံကျွတ်’ ဘဝရောက်ကြရတဲ့ ပြည်သူတွေဟာ သည်းခံနိုင်မှုအတိုင်းအတာ ကုန်ဆုံးသွားပြီးနောက် အုံကြွတော်လှန်ခဲ့ကြတယ်။ ဖိနှိပ်မှုတွေကို တဖြည်ဖြည်း အံတု ရုန်းကြွခဲ့ကြတယ်။ ကိုဖုန်းမော်တို့လို့ ပညာတတ်လူငယ်လေးတွေရဲ့ အသက်တွေကို စတေးခံပြီး စီးဆင်းလာတဲ့ တော်လှန်ရေးစီးကြောင်းကြီးဟာ တစတစ အားကောင်းလာခဲ့တာ အာဏာရှင်တွေ ထိန်းမနိုင် သိမ်းမရဖြစ်ခဲ့ရတာ တိုင်းသိ ပြည်သိ ကမ္ဘာသိ။

အဲဒီ တော်လှန်ရေးလှိုင်းကြီးကြောင့် မဆလ အစိုးရနဲ့ အာဏာရှင်တွေဖြစ်တဲ့ ဦးနေဝင်း၊ ဦးစိန်လွင်၊ ဦးမောင်မောင်တို့ ဆက်တိုက် ပြုတ်ကျသွားခဲ့ရတယ်။ ဒါပေမယ့် အဲဒီအခါကစပြီး ‘ပြည်သူ့တပ်မတော်’ ဆိုတဲ့ စစ်တပ်ကြီးဟာလည်း အာဏာရှင်တွေရဲ့လက်ပါးစေအဖြစ် ဘဝပြောင်းသွားတော့တာပါပဲ။ သူတို့ သစ္စာခံတဲ့ အာဏာရှင် အဟောင်းအသစ်တွေကိုကာကွယ်ဖို့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ် အာဏာသိမ်းပေးခဲ့ကြတော့တယ်လေ။ ပြည်သူတွေ သေကြေခဲ့ကြရတာများ မနည်းမနော၊ စစ်အစိုးရ အပြောက တစ်ရာ့ငါးဆယ်ကျော်၊ ကမ္ဘာမီဒီယာတွေအပြောက သုံးထောင် မက။

အဲဒီမှာ “စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး တည့်တည့်ပစ်တယ်” ဆိုတဲ့ အာဏာရှင်ရဲ့ စကားကို လက်တွေ့ အကောင်အထည်ဖော်ပေးကြလေတော့ ‘ပြည်ချစ်တပ်မတော်’ ကနေ ‘ပြည့်ချဉ်ဖက် တပ်မတော်’ ဖြစ်ခဲ့ရတာ ယနေ့အထိပါပဲ။ ဒီလိုနဲ့ ပြည်သူတို့ရဲ့ တံတွေးခွက်မှာ ပတ်လက်မြောခဲ့တာကို အဖတ်ဆယ်ဖို့ ‘တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ’ လို့ သေနတ်နဲ့ထောက်ပြီး ကြွေးကြော်ခိုင်းရင်း မလွှဲသာ မရှောင်သာ ရွေးကောက်ပွဲကြီး ကျင်းပပေးခဲ့ရတယ်။

သူ့တို့အထင်က ပါတီတွေများလို့ မဲတွေပြန့်မယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပယ်ထားလို့ အနိုင်မရလောက်ဘူး၊ မဆလ ပါတီကတော့ ပါတီဝင်တွေကလည်းများ၊ ပြည်သူပိုင်ငွေတွေကို အပိုင်စီးထားလို့ ရန်ပုံငွေကလည်း တောင့်တင်းလို့ မရှုံးနိုင်၊ တကယ်လို့ ရှုံးဦးတော့ ညွန့်ပေါင်းအစိုးရသာ ဖွဲ့ရမယ်လို့ ကျိန်းသေပေါက်တွက်ပြီး ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးမယ်၊ ပြီးရင် စစ်တန်းလျားကိုပြန်မယ်၊ ဘာမယ် ညာမယ်နဲ့ ကမ္ဘာသိကြေငြာပြီး ကျင်းပပေးလိုက်တာ ခွက်ခွက်လှန်အောင် ရှုံးတော့တာပဲ။ ရှုံးတာမှ သူတို့ စစ်သားတွေချည်းနေတဲ့ ကိုးကိုကျွန်းလိုနေရာမှာတောင် အန်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရတယ်လေ။ Read the rest of this entry »

 
Leave a comment

Posted by on September 8, 2011 in Op-Ed

 

Tu Maung Nyo – Kyaw San & Peace


ဦးကျော်ဆန်းနဲ့ ငြိမ်းချမ်းရေး

တူမောင်ညို

စက်တင်ဘာ ၅၊ ၂၀၁၁

ကိုလိုနီခေတ်က ကျေးလက်မှာ သူကြီးဆိုတာအာဏာအရှိဆုံးမဟုတ်လား။ အဲဒီလိုသူကြီးတွေထဲမှာ“နှစ်လုံးပြူးသေနတ်” ရထားတဲ့သူကြီးက ပိုပြီးအာဏာရှိတာပေါ့။

ဦးသိန်းစိန်အစိုးရအဖွဲ့ထဲမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဟာ“နှစ်လုံးပြူး” ရ ထားတဲ့ သူကြီးဖြစ်တယ်။ သူပြောနေတဲ့ စကားတွေနဲ့သူပြောနေတဲ့ အကြောင်းအရာတွေကို ကြည့်ရင် သူဟာ အခြားသော ဝန်ကြီးတွေလို မဟုတ်ဘဲ၊ “နှစ်လုံးပြူး” ရ ထားသူဖြစ်တယ်ဆိုတာ သိသိသာရှိလှတယ်။

သူဟာအခြားသော ပြည်ထောင်စုဝန်ကြီးတွေအားလုံးထက် ပြောနိုင်ဆိုနိုင်သူဖြစ်တယ်။ (နအဖ)စစ်အစိုးရ လက်ထက် ကလည်း ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့ခေါင်းဆောင်၊ ယခု ဦးသိန်းစိန် အစိုးရအဖွဲ့မှာလည်း ပြောရေးဆိုခွင့် အဖွဲ့ခေါင်းဆောင်ဖြစ် တယ်။

အမျိုးသားလွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်၁၂  မှ ဦးဆွေအောင်မေးတဲ့ “မေးခွန်းနဲ့ အဆို”  ကို ဖြေကြားပြောဆိုရာမှာ သူ့ ပါဝါကိုပြသွားတယ်။

အဲဒီလို ပါဝါပြရင်း “ငြိမ်းချမ်းရေးဖခင်ဟုပြော၍ရသည့် သခင်ကိုယ်တော်မှိုင်း” ဆိုပြီး “ဝှေ့” သွားသေးတယ်။ Read the rest of this entry »

 
Leave a comment

Posted by on September 5, 2011 in Op-Ed, Tu Maung Nyo

 

Maung Yit – In solidarity with Burmese Community


မြန်မာတိုင်းရင်းသား ကွန်မြူနီတီနဲ့ စိတ်ဝမ်းမကွဲ အတူလက်တွဲကြဖို့

မောင်ရစ်၊ စက်တင်ဘာ ၁၊ ၂၀၁၁

တပါတီ အာဏာရှင်တွေ၊ စစ်အာဏာရှင်တွေနဲ့ အလိုတော်ရိတွေ၊ ထောက်လှမ်းရေးတွေ၊ တန်ပြန်ထောက်လှမ်းရေးတွေ၊ အပေါင်းအပါတွေက အတိုက်အခံတွေ၊ သာမန်ပြည်သူတွေကို သွေးခွဲအုပ်ချူပ်တယ်၊ အကြောက်တရား၊ သံသယတွေ၊ သတင်းမှားတွေ သွတ်သွင်းထားတယ်။ မျှော်လင့်ချက်အလွဲတွေ၊ ကောလဟာလတွေကို အမြဲ ဖြန့်ချိလေ့ရှိတယ်။ အခြေခံ လူထု လူတန်းစားတွေဟာ အမြဲတစေမှာ တစုနဲ့ တစု တဦးနဲ့ တဦး မတူကွဲပြားတဲ့ အမြင်တွေ အထင်တွေနဲ့ နီးနီးစပ်စပ် မနေဖြစ်ကြဘဲ ခပ်ခွာခွာ သီးသန့်နေထိုင်ကြတဲ့ အလေ့က အရိုးစွဲနေတော့တာပဲ။

ဒါကို ဘာကြောင့် ပြောနေတာလဲဆိုတော့ ကိုယ်တွေ့၊ ကိုယ်တွေ့လို့ ပြောချင်လို့ ဖြစ်တယ်။ ၂၀၀၇ မှာ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ကျနော်နဲ့ အနီးဆုံးအရပ်ဒေသ ဆန်ဖရန်စစ္စကိုဘေးဧရိယာမှာ မြန်မာတိုင်းရင်းသားတွေ အားလုံးနီးပါး ကျောချင်းကပ်မိကြတော့တာပဲ။ မြန်မာပြည်က သံဃာတော်တွေကို ကူညီဖို့၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အားပေးဖို့ လှုပ်ရှားမှုတွေ တက်ကြွလှုပ်ရှားလာခဲ့တယ်။ သို့သော်လည်း စစ်အစိုးရရဲ့ အကြမ်းဖက် သတ်ဖြတ် ဖမ်းဆီးနှိမ်နှင်းမှုတွေအပြင် ပြည်တွင်း၊ ပြည်ပက အုံကြွလှုပ်ရှားသူတွေ၊ ကူညီအားပေးသူတွေကြားထဲမှာ ကောလဟာလတွေ၊ သတင်းမှား၊ အမြင်မှားတွေ ဖြန့်ချိသွတ်သွင်းမှုတွေနဲ့ လူထုနိုးကြားမှုတွေကို အားနည်းသွားစေခဲ့တယ်။

အနီးဆုံး ကြုံတွေ့ရတဲ့ ဥပမာတွေကတော့ မြန်မာပြည်ကို ပြန်ကြမယ့်သူတွေကို လေဆိပ်မှာ ဖမ်းတယ်၊ ဆီးတယ်ဆိုတဲ့ ကောလဟာလ၊ မြန်မာပြည်တွင်းကို ကူညီလှူဒါန်းကြတဲ့ ငွေကြေး အလှူဒါနတွေ အလွဲသုံးစားလုပ်နေတယ်၊ အဟောသိကံဖြစ်နေတယ်ဆိုတဲ့ အတင်းအဖျင်းတွေ၊ မြန်မာတိုင်းရင်းသား ကွန်မြူနီတီတွေအချင်းချင်းထဲက တက်ကြွလှုပ်ရှားသူတွေနဲ့ နီးစပ်သူတွေကို ထောက်လှမ်းရေး၊ သတင်းပေးတွေအဖြစ် တံဆိပ်ကပ် သတင်းမှား ထုတ်လွှင့်တာတွေကို ကြုံတွေ့ခဲ့ရလို့ ဖြစ်ပါတယ်။

၂၀၀၈ နာဂစ်မုန်တိုင်းအလွန်ကာလ ပြည်သူလူထုရဲ့ တက်ကြွလှုပ်ရှားမှုတွေ၊ စေတနာ့ဝန်ထမ်းလှုပ်ရှားမှုတွေဟာလည်း အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး ဖြိုခွဲခြင်း ခံခဲ့ရသလို၊ တံဆိပ်ဆိုး အမျိုးမျိုးကပ်ပြီး စေတနာဝန်ထမ်းလှုပ်ရှားသူတွေ၊ ပြည်သူ့လူထုလှုပ်ရှားမှုတွေကို အရှိန်လျော့ အားပျော့သွားအောင် စစ်အာဏာပိုင်တွေဖက်က လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောချင်တယ်။

Read the rest of this entry »

 
Leave a comment

Posted by on September 2, 2011 in Maung Yit, Op-Ed

 

Nay Myo Zin received troture and imprisonment


ကိုနေမျိုးဇင် နှိပ်စက်၊ ထောင်ချခံရမှုအပေါ် တုံ့ပြန်ချက်များ
facebook
သြဂုတ် ၂၈၊ ၂၀၁၁

 

မှတ်ချက် – facebook မှာ တွေ့ရတဲ့ သတင်း၊ ဓာတ်ပုံ နဲ့ တုံ့ပြန်ချက်တချို့ကို ကူးယူ ဖော်ပြပါတယ်

(ဓာတ်ပုံမှာ… ယမန်နှစ် အာဇာနည်နေ့က သူ့သားလေးနှင့်အတူ အာဇာနည်ကုန်းသို့ လာရောက်စဉ် ရုတ်တရက်လှမ်းရိုက်မိလိုက်သော ပုံဖြစ်ပါသည်။)

အသက် ၃၆ နှစ် အရွယ်ရှိ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်သည် တောင်ကြီးမြို့ တပ်ထိန်းအဖြစ် တိုင်းမှူးလုံခြုံရေး တာဝန်ယူကာ ဆောင်ရွက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်။ ယနေ့တွင် သူ့ကို ထောင်ဒဏ်ဆယ်နှစ်ချမှတ်လိုက်ကြောင်း သိရသည့်အတွက်… ၀မ်းနည်းမိပါသည်။

သူဘာတွေလုပ်နေသလဲ ကျနော်မသိပါ။ အွန်လိုင်းမှာ သာမန်မိတ်ဆွေအဖြစ်သာ ဆက်ဆံခဲ့ကြပါသည်။ သူပျောက်နေတာကြာပြီဟု သတိထားမိတဲ့အချိန်မှာ သူက ထောင်တွင်းဝင်ရပါတော့မည်။
နောက်ဆုံးအကြိမ် အပြင်မှာတွေ့ခဲ့စဉ်က ရွှေဂုံတိုင် အန်အယ်ဒီရုံးနားမှာဖြစ်ပါသည်။ ကားတစ်စီးကို ကိုယ်တိုင်မောင်းနှင်လာပြီး ကျနော့်ကို လာနှုတ်ဆက်ပါသည်။ အောင်ဆန်းစုကြည်ပုံရင်ထိုးတစ်ခု ပေးခဲ့ကာ ရုံးချုပ်ထဲဝင်သွားပါသည်။ ထိုနေ့မှစပြီး ထပ်မံမတွေ့ရတော့ပါ။
Read the rest of this entry »

 
Leave a comment

Posted by on August 28, 2011 in Op-Ed