RSS

Category Archives: Tin Moe

treasure of my life, poems from my heart – 30



ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၀)
တင်မိုး
စက်တင်ဘာ ၁၂၊ ၂၀၁၁

ဓာတ်ပုံ – shwemawkunn.com

“—ထုတ်ဝေခွင့်မပြုလို့ အခုထက်ထိ ထုတ်ဝေခွင့်မရပါဘူး။ ကျွန်တော် ၁၉၉၈ ခုနှစ်မှာ ရေးမိတာကလေးကို မြည်းနိုင်အောင် တင်ပြလိုက်ပါတယ်—“



Read the rest of this entry »

Advertisements
 
Leave a comment

Posted by on September 13, 2011 in Tin Moe

 

How to prose poems by Tin Moe – ebook published by MoeMaKa



ကဗျာဆရာ တင်မိုးရဲ့ မြန်မာကဗျာဖွဲ့နည်းစာအုပ်

မိုးမခ အီးဘုတ်စာစဉ် ၂၁ အဖြစ်ထွက်ပြီ

မိုးမခ၊ စက်တင်ဘာ ၈၊ ၂၀၁၁

မြန်မာပြည် မဆလ တပါတီအာဏာရှင်လက်ထက်မှာ ကျောင်းသုံးစာအုပ်အဖြစ် ရေးသားပြင်ဆင် ပုံနှိပ်ပြီးခါမှ ထုတ်ဝေဖြန့်ချိခြင်းမပြုလုပ်ဘဲ ဖျက်သိမ်းခံခဲ့ရတဲ့ စာအုပ်ဖြစ်ပါတယ်။ အခြေခံပညာ အထက်တန်း စိတ်ကြိုက်မြန်မာစာ ဘာသာရပ်မှာ သင်ကြားဖို့ ၁၉၈၅ ခုနှစ်က ရည်ရွယ်ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အာဏာရှင်တွေရဲ့ ကမောက်ကမ တိုင်းပြည်အုပ်ချုပ်မှုအောက်မှာ ပျောက်ဆုံးသွားတဲ့ စာပေနဲ့ ပညာရေး ရတနာသိုက်တခု ဖြစ်ပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on September 9, 2011 in About MoeMaKa, Tin Moe

 

treasure of my life, poems from my heart – 29



ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၉)
တင်မိုး
သြဂုတ် ၂၁၊ ၂၀၁၁

ဘန်ကောက်မြို့ နံနက်ခင်း မြင်ကွင်းတခု (ဓာတ်ပုံ- buddhistchannel.tv)

၁။
ရွှေလိုဝင်းဝါ မိမြန်မာဟု
ကိုယ့်ရွာရနံ့၊ တပျံ့ပျံ့ကို
ရှုအံ့သောငှာ၊ ငါရောက်လာခဲ့”


Read the rest of this entry »

 
Leave a comment

Posted by on August 21, 2011 in Tin Moe

 

treasure of my life, poems from my heart – 28


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၈)
တင်မိုး
သြဂုတ် ၇၊ ၂၀၁၁

“—–ဦးနေ၀င်းမျိုးချခဲ့တဲ့ စစ်ဝါဒတည်းဟူသော သမိုင်းအပုပ် အရိုင်းယုတ်ကို (တပ်မတော်ရော ပြည်သူပါ) ၀ိုင်းနုတ်ဖို့ လိုအပ်လှပြီ—-“

Read the rest of this entry »

 
Leave a comment

Posted by on August 7, 2011 in Tin Moe

 

treasure of my life, poems from my heart – 27


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၇)
တင်မိုး
သြဂုတ် ၇၊ ၂၀၁၁



၁။
ကဗျာကလေးတပုဒ်ရေးမယ်လို့ စိတ်ကူးထုတ်တယ်။ စီးကရက်တဖွာ ကဗျာတပိုဒ် တရှိုက်ရှိုက် ခုံခုံမင်မင် နဲ့ အသံစဉ် ကာရန်အစဉ်ကလေးတွေကို စဉ်းစားတယ်။ စိတ်ထဲက တီးတိုးတီးတိုး ကဗျာစောင်းကြိုး ကလေး တို့ခတ်ပြီး အသံညှိကြည့်နေတယ်။

အရေးထဲ စီးကရက်မီးခိုးကလေးတွေနောက် အာရုံရောက်ရောက်သွားလို့ အတွေးလမ်းစ ပျောက်ပျောက် သွားလေရဲ့။
ဟယ် … ဒီဆေးလိပ်ကလဲ တမှောင့်။

ဒီဆေးလိပ်၊ ဒီစီးကရက်ကလဲ ကဗျာအတွေးကို အားပေးသလိုလိုနဲ့ အတွေးလမ်းကြောင်းပျက်အောင် နှောင့်ယှက်နေတယ်။

ဒီဆေးလိပ်နဲ့ မိတ်ဖွဲ့ဖြစ်ခဲ့တာက တက္ကသိုလ်ရောက်မှ ဆိုပါတော့။ အထက်တန်းကျောင်းသားဘ၀ ရေစကြိုမှာနေစဉ်က သူငယ်ချင်းကိုတင်အောင် ယူယူလာလို့ သူ့အိမ်ပွဲရုံက ကိုယ်စားလှယ်ယူထားတဲ့ ပခုက္ကူ “မြို့တော်သုံး” ဆေးလိပ်ကို ဆေးလိပ်သောက်ကျင့်အဖြစ် နှစ်ယောက်သားသောက်ခဲ့ပါရဲ့။
Read the rest of this entry »

 
Leave a comment

Posted by on August 7, 2011 in Tin Moe

 

treasure of my life, poems from my heart – 26


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၆)
တင်မိုး
သြဂုတ် ၁၊ ၂၀၁၁


၁။
မေရီလင်းပြည်နယ်မှာ အကြမ်းဖက်သေနတ်သမား သောင်းကျန်းနေတယ်။ ကိုယ်ပျောက် သေနတ်သမားမို့ ရဲတွေ မြင်နိုင်စွမ်းမရှိ။ အလစ်မှာ သေနတ်စွမ်းပြပြန်ပြီ။ ဟော … တယောက်၊ ဟော … တယောက်။

သေနတ်သမားကိုမုန်းမိတယ်။ အပြစ်မဲ့သူတွေကို ဇီဝိန်ခြွေပြီး လူတွေချောက်ချားအောင် ဖန်တီးနေတယ်။ အပြစ်မဲ့လူသားတွေကို ဓားစာခံထားပြီး နိုင်ငံရေးကစားနေတာဖြစ်မယ်။ သူရဲဘောကြောင်လိုက်တဲ့ လုပ်ရပ်။ ဒီလို ခိုးကြောင်ခိုးဝှက် သေနတ်စွမ်းပြနေတာကို အဟုတ်ကြီးမှတ်ပြီး လူတွေအထိတ်တလန့် နေရတဲ့ဘ၀ကို အရသာခံနေဟန်တူပါရဲ့။ ဖြစ်မှဖြစ်ရပလေ။
ရဲတွေကတော့ ရုပ်ရှင်ထဲကအတိုင်းပါပဲ။ လူဆိုးတွေ မရှိတော့ဘူးဆိုရင် သူတို့ရောက်လာကြစမြဲ။ နိုင်ငံတကာရဲတွေလဲ မြန်မာရဲနဲ့အတူတူပါလား။ မရိုးနိုင်တဲ့ ရဲစရိုက်ပါ။

Read the rest of this entry »

 
Leave a comment

Posted by on August 1, 2011 in Tin Moe

 

Tin Moe – The Bronze Statue Hidden under the wild grass


မြက်ရိုင်းထဲကကြေးရုပ်
တင်မိုး

ဇူလိုင် ၁၈၊ ၂၀၁၁

မြက်ရိုင်းထဲတွင်
ထိုင်ဆဲမလှုပ်၊ ဆန်းကြေးရုပ်။
သမိုင်းများစွာ
ဖြတ်သန်းလာတော့
ငါသည်မြက်ရိုင်း
နေရာတိုင်းကို
သမိုင်းပြရုပ်
ဆန်းကြေးရုပ်ကို
ကျွန်ုပ်တို့ မေ့ခဲ့ကြပြီ။
ဆန်း၏လမ်းစဉ် တို့မမြင်တော့
ကျေးဇူးရှင်မှန်း မသိစွမ်းတော့
ဆန်း၏ဂုဏ်ပုဒ် ဆန်းကြေးရုပ်က
တိမ်မြုပ်ခဲ့ပြီ အတိတ်ဆီ။ Read the rest of this entry »

 
Leave a comment

Posted by on July 20, 2011 in poem, Tin Moe