RSS

Category Archives: USA Burmese News

Fund Rasiing for Kachin Refugee donated US$ 6000.00


ကချင် စစ်ပြေးဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၆၀၀၀ ကျော် လှူဒါန်း

အာရ်အက်အေသတင်း ကောက်နုတ်ချက်

စက်တင်ဘာ ၁၁၊ ၂၀၁၁

ကချင်စစ်ပြေးဒုက္ခသည် နှစ်သောင်းကျော်အတွက် အမေရိကန် ပြည်ထောင်စုရောက် တိုင်းရင်းသားတွေ စုပေါင်းပြီး ဒေါ်လာ ၆၀၀၀ ကျော် လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျိလိမြို့က မြန်မာတိုင်းရင်းသားတွေ၊ အဖွဲ့တွေနဲ့ ပြည်သူ့ဂုဏ်ရည် အသင်း(LA) တို့စုပေါင်းပြီး ပထမဆုံးအကြိမ် ရံပုံငွေရှာဖွေပွဲကနေ စီစဉ်လှူဒါန်းတာဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်(LA) တာဝန်ခံ ကိုဘိုဘိုက အာအက်ဖ်အေကို ပြောပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on September 13, 2011 in News in Photos, USA Burmese News

 

Buffalo Burmese demonstrate situation of political prisoners in Burma


ဘတ်ဖဲလိုးမှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု ကျင်းပ

မောင်မောင်ဝမ်း

စက်တင်ဘာ ၁၁၊ ၂၀၁၁

စက်တင်ဘာ ၁၀၊ ၂၀၁၁ ညနေ ၄ နာရီ အချိန်က အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့မှာ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်း ရပ်တည်နေထိုင်မှုများကို သရုပ်ဖော်ပြသသည့် အခမ်းအနားတရပ်ကျင်းပခဲ့ပါသည်။ ဒေသဆိုင်ရာအာဏာပိုင်များနှင့် စိတ်ဝင်စားသူများ တက်ရောက်အားပေးကြည့်ရှုခဲ့ပြီး တက်ရောက်လာသူများက သိလိုသည့်မေးခွန်းများကိုမေးမြန်းရာတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ Read the rest of this entry »

 
Leave a comment

Posted by on September 11, 2011 in USA Burmese News

 

Yadanagonyi Dhamma Class turns 3 year this month


ရတနာ့ဂုဏ်ရည်ဓမ္မသင်တန်း ၃ နှစ်ပြည့် အခမ်းအနား၊ ဖရီးမောင့်မြို့ မေတ္တာနန္ဒကျောင်းတွင် ကျင်းပ

မိုးမခ ဓာတ်ပုံသတင်း

စက်တင်ဘာ ၉၊ ၂၀၁၁

စက်တင်ဘာ ၄၊ တနင်္ဂနွေနေ့က ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒဝိဟာရကျောင်းတိုက်တွင် ရတနာ့ဂုဏ်ရည် ဓမ္မသင်တန်းအဖွဲ့၏ ၃ နှစ်ပြည့် အထိမ်းအမှတ်ကုသိုလ်ပွဲ ကျင်းပခဲ့သည်။ ဘေးဧရိယာရှိ မြန်မာဘုန်းတော်ကြီးကျောင်းများအနက် ဖရီးမောင့်မှ ကျောင်း ၂ ကျောင်း၊ ဟေးဝဒ်မှ ကျောင်း ၁ ကျောင်း၊ ဒေးလီးစီးတီးမှ ကျောင်း ၁ ကျောင်း၊ ဟတ်ဖ်မွန်းဘေးက ကျောင်း ၁ ကျောင်း၊ ဥက္ကလံမြို့က ကျောင်း ၁ ကျောင်း စုစုပေါင်း ကျောင်း ၆ ကျောင်း တို့ထံက သံဃာတော် ၁၂ ပါးကျော် တက်ရောက်ချီးမြှင့် သြဝါဒပေးကြသည်ကို တွေ့ရသည်။ Read the rest of this entry »

 
Leave a comment

Posted by on September 9, 2011 in USA Burmese News

 

Utica, NY News


ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းနှင့်မြန်မာစာသင်တန်းဆင်းပွဲ
မိုးမခ
စက်တင်ဘာ ၈၊ ၂၀၁၁

နယူးယောက်ပြည်နယ်အထက်ပိုင်း၊ ယူတီကာမြို့၊ သန္တိသုခကျောင်းတိုက်တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းနှင့် မြန်မာစာသင်တန်းဆင်းပွဲကိုစက်တင်ဘာ ၄ ရက်နေ့တွင်ကျင်းပရာ မြန်မာပြည်မှကြွရောက်လာသော ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ ကြွရောက်၍ တရားဓမ္မများ ချီးမြှင့်ပေးခဲ့ပါသည်။

နေလည် (၁) နာရီအချိန်တွင် အခမ်းအနားစတင်ကျင်းပရာ သင်တန်းသား သင်တန်းသူ ကလေးငယ်လေးများမှ ဗုဒ္ဓဘာသာယဉ်ကျေးမှု မြန်မာကဗျာများရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ ကလေးငယ်များအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် လှူဘွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခြင်းများပြုလုပ်ကာ အခမ်းအနားကိုနေ့လည် (၃) နာရီအချိန်တွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။ Read the rest of this entry »

 
Leave a comment

Posted by on September 9, 2011 in USA Burmese News

 

Dhamma AyeYeik Waso Pwe & Children Buddhist Summer Class


ဥက္ကလံ၊ ဓမ္မအေးရိပ်ကျောင်း ၀ါဆိုပွဲနှင့် ကလေးသင်တန်းဆင်းပွဲ စည်ကား
မိုးမခအထောက်တော် ၀၀၂၊ သြဂုတ် ၂၉၊ ၂၀၁၁
သြဂုတ်လ ၂၇၊ စနေနေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဘေးဧရိယာ၊ ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်း၊ တတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲနှင့် ပထမအကြိမ် ကလေးများအတွက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပခဲ့ရာ ရပ်နီး ရပ်ဝေးမှ ဧည့်ပရိသတ် ၃၀၀ ခန့် လာရောက်ခဲ့သည်ကို တွေ့ရသည်။ Read the rest of this entry »
 
Leave a comment

Posted by on August 29, 2011 in News in Photos, USA Burmese News

 

SF Burmese Demo Community issued balance sheet for 88 Event


 ဆန်ဖရန် မြန်မာဒီမိုအင်အားစု ၈၈ အခမ်းအနား ရသုံးငွေစာရင်းထုတ်ပြန်

လက်ကျန်ငွေကို ဥက္ကလံမြို့ ဘုန်းတော်ကြီးကျောင်းဝေယျဝစ္စအတွက် လှူမည်

မိုးမခအထောက်တော် ၀၀၂၊ သြဂုတ် ၂၄၊ ၂၀၁၁

ဆန်ဖရန်ဘေးဧရိယာမြန်မာတိုင်းရင်းသား ဒီမိုကရေစီအင်အားစုများ စုပေါင်းကျင်းပတဲ့ ၈လေးလုံး ၂၃ နှစ် အခမ်းအနားကျင်းပရေး အလုပ်အဖွဲ့က နောက်ဆုံး ငွေစာရင်းရှင်းတမ်းကို အများပြည်သူနဲ့ အလှူရှင်များအားလုံးကို အသိပေးထုတ်ပြန်လိုက်ပါတယ်။ အလှူခံရရှိငွေနဲ့ စုပေါင်းထည့်ဝင်ငွေ စုစုပေါင်း ၂၈၅၅ ဒေါ်လာ ရရှိပြီး လက်ကျန် ၃၇၆.၈၃ ဒေါ်လာ စာရင်းရှိကြောင်းနဲ့ လက်ကျန်ငွေကို ဥက္ကလံမြို့ မြန်မာတိုင်းရင်းသားတို့ သာရေး၊ နာရေး စုဝေးရာ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်း အထွေထွေကျောင်းစာရိတ်အတွက် လှူဒါန်းမယ်လို့ ဆုံးဖြတ်ကြပါတယ်။

အဲသည်လို လက်ကျန်ငွေထွက်လာရတာက ခမ်းမကုန်ကျစာရိတ်ထဲမှာ လုံခြုံရေးဝန်ထမ်းများအတွက် စာရိတ်ကို မပေးဆောင်ရလို့ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ အခြား လက်တင်အမေရိကန်ကွန်မြူနီတီပွဲတော်ကြီးနဲ့ တိုက်ဆိုင်နေလို့ ကျောင်းမြေနေရာရဲ့ ပရ၀ုဏ်ကို အခြားအဖွဲ့အစည်းတွေက ငှားယမ်းလိုက်ကြတာကြောင့် စာရိတ်သက်သာသွားတယ်လို့ ပြောပါတယ်။ သို့သော်ကျောင်းအာဏာပိုင်တွေက နောက်ပိုင်းမှ စာရင်းပြန်ရှင်းခိုင်းရင်လည်း အဆိုပါ ကျသင့်ငွေတွေကို ၀ိုင်းဝန်းကြတဲ့ အစုအဖွဲ့တွေက စိုက်ပေးကြမယ်၊ လက်ရှိလက်ကျန်ငွေကိုတော့ ဘုန်းတော်ကြီးကျောင်းအတွက် လှူဒါန်းလိုက်မယ်လို့ ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on August 25, 2011 in USA Burmese News

 

Dhamma Aye Yeik Summer Children Classes need your help & support


  

ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ကျောင်း ကလေးများ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာအခြေခံ သင်တန်းကျင်းပ

မိုးမခ အထောက်တော် ၀၀၂၊ သြဂုတ် ၂၂၊ ၂၀၁၁

ဆန်ဖရန်ဘေးဧရိယာ၊ ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ကျောင်း၊ ဆရာတော် ဦးအာရိယစာရ ဦးစီးတဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အခြေပြုသင်တန်းကို သြဂုတ်လ ၂၀ ရက်နေ့က ၂၆ အထိ ရက်သတ္တပတ်တာ ကလေးများအတွက် ရည်စူး ကျင်းပနေပါတယ်။ အသက် ၆ နှစ်က ၁၆ နှစ်အရွယ်အထိ ကျား မ၊ ကလေးလူငယ် ၁၇ ဦး တက်ရောက်နေကြပါတယ်။ သင်တန်းကို မြို့ခံမိသားစုများ၊ မိဘများ၊ လူငယ်များက ဝိုင်းဝန်း လုပ်အားပေး ကူညီမှုတွေ ပြုလုပ်နေကြပါတယ်။

Read the rest of this entry »

 
Leave a comment

Posted by on August 23, 2011 in USA Burmese News