RSS

Monthly Archives: March 2010

Rangoon Blackout worst ever in 2010


ရန်ကုန်မြို့တွင် တနှစ်တာ အတွင်း အဆိုးဝါးဆုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်

မိုးမခ အထောက်တော်၊ ရန်ကုန်

မတ် ၃၁၊ ၂၀၁၀

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားလျက်ရှိသည့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် လွန်ခဲ့သည့် တနှစ်တာ အတွင်း အဆိုးရွားဆုံးဖြစ်သည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုကြသည်။

ယခုရက်ပိုင်း အတွင်း ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ပေးဝေရာတွင် မိနစ်ပိုင်းမျှသာ ပေးဝေပြီး နာရီနှင့်ချီ ဖြတ်တောက်လျက် ရှိကာ၊ လျှပ်စစ်ဓာတ်အားဖြင့် သုံးရေ စုပ်ခြင်း၊ အိမ်သုံး အင်ဗာတာ ဖြင့်ဘက်ထရီအား ပြန်လည် ဖြည့်သွင်းခြင်း၊ မိုဘိုင်းဖုန်းကဲ့သို့သော တကိုယ်ရေသုံး လျှပ်စစ်ပစ္စည်းများ အားဖြည့်ခြင်းတို့ကို ပြုလုပ်၍ မရလောက်သည့် အခြေအနေသို့ ရောက်ရှိနေပြီး လျှပ်စစ်ဓာတ်အား မရရှိခြင်းကြောင့် သာမန်နှစ်ထက် ပူပြင်းသည့် ရာသီဥတုဒဏ်ကိုလည်း ပိုမိုခံစားနေရသည်ဟု မြို့ခံများက ပြောဆိုကြသည်။

Read the rest of this entry »

 
Leave a comment

Posted by on March 31, 2010 in Local News Headlines

 

Than Khe – The Origin of Live and Let Die


“သူသေ ကိုယ်ရှင် တိုက်ပွဲဝင်” ရဲ့ စကားလုံး သခင်သို့

သံခဲ

မတ် ၃၁၊ ၂၀၁၀

သူသေကိုယ်ရှင် တိုက်ပွဲဝင် ။

ကျနော့်ဘဝမှာ ဒီစကားလုံး ပထမဆုံး စပြောတာက ဆရာကြီး ဦးတင်မိုး(ဆရာဂျမ်း)။

ပြောတဲ့နေရာက ဆရာသာမည ခေါ် ကိုခင်မောင်စိုး၏ ချင်းမိုင် နေမာဟေမင်၊ ဆရာဂျမ်းအခေါ် ဟေမာနေဝင်း လမ်းရဲ့ တိုက်ခန်းမှာ။ အချိန်က ၂ဝဝ၆ ခုနှစ်ထဲက နေ့တနေ့ရဲ့ ညနေ ၇း၃ဝ၊ ၈းဝဝနာရီလောက်ဖြစ်မည်။

Read the rest of this entry »

 
Leave a comment

Posted by on March 31, 2010 in Memories

 

Maung Swan Yi – Remembering BaKaTha Zaw Win


ဗကသဇော်ဝင်း

မောင်စွမ်းရည်

မတ် ၂၄၊ ၂၀၁၀

ကျနော် မကြာခဏ သတိရ လွမ်းဆွတ်မိသူတွေထဲမှာ ဗကသဇော်ဝင်းလို့ ကျောင်းသား လှုပ်ရှားမှုသမိုင်းမှာ နာမည်ကျော်တဲ့ ကိုဇော်ဝင်းလဲပါဝင်ပါတယ်။ သူက ရန်ကုန်တက္ကသိုလ်၊ ကျနော်က မန္တလေးတက္ကသိုလ်ဆိုတော့ ကျောင်းနေဖက်မဟုတ်ပါဘူး။ “ငယ်ပေါင်း” မဟုတ် “ကြီးဖေါ်” ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တက္ကသိုလ်ရောက်လို့ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ဒွေးရောယှက်တင် ဖြစ်လာတဲ့အခါ “ဇော်ဝင်း” ဆိုတဲ့ နာမည်က မကြားမဖြစ် ကြားလာရပါတယ်။ ကျနော်က တကသ အမှုဆောင်ထဲသာ ပါဖူးပြီး ဗကသ အမှုဆောင်ထဲမှာ မပါဘူးလို့ သူနဲ့ စောစောစီးစီး မရင်းနှီးခဲ့ရဘူး။ Read the rest of this entry »

 
Leave a comment

Posted by on March 31, 2010 in Maung Swan Yi

 

Cartoon Saw Ngo -2010 Game Plan


ကာတွန်းစောငို – ၂၀၁၀ ဖဲချပ်များ

မတ် ၃၁၊ ၂၀၁၀

 
Leave a comment

Posted by on March 31, 2010 in Cartoon Box, Saw Ngo

 

NUP re-registers


တစည ပါတီ ပြန်လည်မှတ်ပုံတင်ပြီ

ဓာတ်ပုံသတင်း

မတ် ၃၁၊ ၂၀၁၀

တည်ဆဲပါတီ ၁၀ ခုအနက် တစည ခေါ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ပြန်လည် မှတ်ပုံတင်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းတွင် ဖော်ပြထားသည်။ NLD က မှတ်ပုံတင်မည် မဟုတ်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။ ကျန် ၈ ပါတီက မည်သို့ စီစဉ်ကြမည်ကို ကြေညာခြင်း မရှိကြသေးပေ။ တစည သည် ဦးနေ၀င်းနှင့် စစ်ဗိုလ်ချုပ်များ တည်ထောင်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (၁၉၆၂-၁၉၈၈) ကို အမည်ပြောင်းထားခြင်း ဖြစ်သည်။

တည်ဆဲပါတီ ၁၀ ခု အမည်စာရင်းကို ဤနေရာတွင် ကြည့်ပါ။

 
Leave a comment

Posted by on March 31, 2010 in News in Photos

 

Burmese Censorship Board added its opinion on NLD’s news


NLD ပါတီ မှတ်ပုံမတင်မည့် သတင်းတွင် စိစစ်ရေး၏အာဘော်ကို ထည့်သွင်းပြီးမှ ဖော်ပြခွင့်ရ

မိုးမခ အထောက်တော်၊ ရန်ကုန်
မတ် ၃၀၊ ၂၀၁၀
ယနေ့ထုတ် အပတ်စဉ် သတင်းဂျာနယ် အချို့တွင် ယမန်နေ့က NLD ပါတီ၏ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ချက် ဖေါ်ပြထားသည့် သတင်းတွင် စာပေစိစစ်ရေးမှ သူတို့သဘောဖြင့် စာပိုဒ် တပိုဒ်ဖြည့်သွင်းပြီးမှ ဖေါ်ပြရန် ခွင့်ပြုစေခဲ့သည်ဟု မီဒီယာလောကမှ ပြောဆိုချက်အရ သိရသည်။
ယနေ့ ထုတ်ပြည်မြန်မာ ဂျာနယ်တွင် ဖေါ်ပြထားသည့် အဆိုပါ NLD သတင်း အဆုံးပိုဒ်တွင် Read the rest of this entry »
 
Leave a comment

Posted by on March 30, 2010 in Local News Headlines

 

Naing Win Swe’s book


နိုင်ဝင်းဆွေ၏ မဟူရာမေတ္တာ ကို ဂျာနယ်တစောင်တွင် အခန်းဆက် ဖော်ပြမည်
မိုးမခအထောက်တော် အမှတ် ၀၀၄

မတ် ၃၀၊ ၂၀၁၀

စာရေးဆရာ နိုင်ဝင်းဆွေ၏ မဟူရာမေတ္တာ ဝတ္ထုကို ရန်ကုန်တွင် ထုတ်ဝေသည့် လျှပ်တစ်ပြက် ဂျာနယ်က အခန်းဆက် ဖော်ပြသွားမည်ဟု သိရသည်။

သောကြာနေ့ထုတ် လျှပ်တစ်ပြက် ဂျာနယ် http://www.snapshot-news.com/ တွင် စတင် ဖော်ပြထားကြောင်း တွေ့ရသည်။ Read the rest of this entry »

 
Leave a comment

Posted by on March 30, 2010 in Burma News Headlines

 

views in NPD


နေပြည်တော် မြင်ကွင်းများ
ဓာတ်ပုံသတင်း (daylife.com)
မတ် ၃၀၊ ၂၀၁၀

မတ်လ ၂၇ ရက်နေ့ ၀န်းကျင်တွင် နေပြည်တော်မြို့တော်သို့ ရောက်ရှိခဲ့သည့် စာနယ်ဇင်းသမားတို့ မှတ်တမ်းတင်ခဲ့သည့် ဓာတ်ပုံများ ဖြစ်သည်။

သနပ်ခါးအဖွေးသားနှင့် တွေ့ရသည့် အလုပ်သမားတဦး Read the rest of this entry »

 
Leave a comment

Posted by on March 30, 2010 in News in Photos

 

Reactions on NLD’s decision


NLD ပါတီ၏ ဆုံးဖြတ်ချက် အပေါ် တုံ့ပြန်ချက်များ
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ်၃၀၊ ၂၀၁၀

သမိုင်းဝင် အစည်းအဝေး ပြုလုပ်စဉ် NLD ရုံးအနီး စုဝေးနေကြသော NLD အဖွဲ့ဝင်တချို့(ဓာတ်ပုံ – မိုးမခ)


NLD က ဆုံးဖြတ်လိုက်သည့် ပါတီ မှတ်ပုံ မတင်ရေး ဆုံးဖြတ်ချက် အပေါ် နိုင်ငံရေး စိတ်ဝင်စားသူ အများစုက ထောက်ခံပြီး အချို့သော သူများကမူ နအဖ ကြိုးဆွဲပါတီများကို ဆန့်ကျင်ရာတွင် အတိုက်အခံ ဘက်မှ ၀င်ရွေးမည့်သူ မရှိမည့် အဖြစ်ကို စိုးရိမ်ကာ ဆန့်ကျင်သည့် အမြင် ရှိသည်ကို ကြားသိရသည်။ Read the rest of this entry »

 
Leave a comment

Posted by on March 30, 2010 in Burma News Headlines

 

Swan Zarny banned for 3 yrs


ဇာတ်မင်းသား စွမ်းဇာနည် ၃ နှစ် အပိတ်ခံရ
မိုးမခအထောက်တော် အမှတ် ၀၀၅

မတ် ၃၀၊ ၂၀၁၀

ဒဏ်ခတ်ပိတ်ပင်မှုကို လိုက်နာခြင်းမရှိသည့် စွမ်းဇာနည်အား ဇာတ်ကခွင့်၂ နှစ် ထပ်မံ ပိတ်ပင်လိုက်ကြောင်း သဘင်အစည်းအရုံး တာဝန်ခံတဦးဖြစ်သည့် ဦးနန်းဝင်းက ပြောကြားသည်ဟု ယမန်နေ့ကရက်စွဲဖြင့် ထုတ်ဝေသည့် အလင်းတန်းဂျာနယ်တွင် ဖော်ပြထားသည်။ Read the rest of this entry »

 
Leave a comment

Posted by on March 30, 2010 in Burma News Headlines