RSS

Monthly Archives: April 2010

Aung Htat– 120th anniversary of May Day


နှစ် (၁၂၀) ပြည့် မေဒေးနေ့ အထိမ်းအမှတ် ပို့စကဒ်

ဒီဇိုင်း – အောင်ထက်

မေ ၁၊ ၂၀၁၀

 
Leave a comment

Posted by on April 30, 2010 in Cartoon Box

 

Ludu Daw Ahmar


အမေလူထုဒေါ်အမာ

မောင်စွမ်းရည်

မေ ၁၊ ၂၀၁၀

အမေလူထု ဒေါ်အမာ ကွယ်လွန်ခဲ့တာ ဧပြီလ ၇ ရက် ဆိုရင် ၂ နှစ်ကြာသွားခဲ့ပြီဖြစ်ပေမယ့် အဝေးရောက် တူသားများဖြစ်ကြတဲ့ ကျနော်တို့အဖို့တော့ အမေ လူထု ဒေါ်အမာဟာ (ကိုယ့်ရှေ့မှာ ကွယ်လွန်ခဲ့တာမဟုတ်လို့) ကွယ်လွန်ပြီလို့ မတွေးမထင် မမြင်နိုင်သေးပါဘူး။

အမေ လူထုဒေါ်အမာလို့ လူငယ်အများက ခေါ်တွင်နေတဲ့ လူထုဒေါ်အမာကို ကျနော်တို့မျိုးဆက်တူသားတွေက တော့ ဒေါ်ဒေါ်လို့ ခေါ်ကြပါတယ်။ လူထု ဦးလှကို “ဦးလေး” “ ဦးလေးလှ” စသဖြင့် ခေါ်ကြပါတယ်။ ဒေါ်ဒေါ်ကို ၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသားသပိတ်ကြီးက ဗမာတို့ရဲ့ရှေ့တန်းခေါင်းဆောင် အမျိုးသမီးတို့ဖြစ်အောင် မွေးထုတ်လိုက်ပါတယ်။ ဒါကြောင့်လည်း သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟန်းတို့နဲ့ အတူ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက် မောင်နှမတဦး ဖြစ်ပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on April 30, 2010 in Maung Swan Yi

 

Nyane Luu -His Late Poem


ပြောင်းခင်းထဲက နေ (သို့) ရင့်မှည့်စေသော စာမျက်နှာ

ငြိမ်းလူ

မေ ၁၊ ၂၀၁၀

ထားခဲ့ညနဲ့
သွားမဲ့ည
မှောင်တာ တူတာပဲလား

ဖနောင့်မှာ
မနုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား

ထိတာနဲ့
ရုန်းဖို့လား
အနီလား
အစိမ်းလား Read the rest of this entry »

 
Leave a comment

Posted by on April 30, 2010 in poem

 

Cartoon Beruma – Informer shall be heavily sentenced (awarded)


https://i0.wp.com/2.bp.blogspot.com/_t2ujAaNeufY/S9sjzXinYBI/AAAAAAAAIWo/gr_oWNig7N4/s1600/Beruma072.jpg

ကာတွန်း ဘီရုမာ – တောင်စမုဒ်က ထောင်ထုပ် တဲ့ဟေ့ …

မေ ၁၊ ၂၀၁၀

 
Leave a comment

Posted by on April 30, 2010 in Cartoon Box

 

Moemaka Quote in April


မိုးမခ၏ ဧပြီလ စာကိုး စကားကိုး
ဧပြီ ၃၀၊ ၂၀၁၀

cho pyone (photo: mmtimes.com)
“သင်္ကြန်လေးရက်စလုံး နေပြည်တော်မှာပဲ သီချင်းတွေဆိုပြီး နေခဲ့တာပါ။ လဲလည်း မလဲဘူး၊ မူးလည်းမမူးဘူး၊ သေလည်း မသေပါဘူး။ မိုးကောင်းဘုရားကိုတော့ နှစ်တိုင်း နှစ်ဆန်းတစ်ရက်ဆို သွားနေကျမို့ ရောက်သွားတာပါ” လို့ သူ့ မူပိုင် ချိုလွင် ပီသတဲ့ စကားသံနဲ့ ဖြေကြားခဲ့ပါတယ်။ ဒီလို သေပြီရယ်လို့ ကောလာဟလထွက်တာဟာ အရင်တုန်းကလည်း ရှိခဲ့ဖူးလှပါပြီ။
Myanmar Post ဂျာနယ်၊ ဧပြီ ၂၈

ဗုံးပေါက်ကွဲသည့်ကိစ္စသည် နအဖ စစ်အစိုးရလက်ချက်ဖြစ်နေပါက သိပ်အံ့သြစရာမရှိ။ စစ်အစိုးရသည် ဤထက်မက ပိုမို၍ ပက်စက်သော ရာဇဝတ်မှု၊ ဒုစရိုက်မှုပေါင်း များစွာကို ကြိမ်ဖန်များစွာ လူသိရှင်ကြား ကျူးလွန်ခဲ့သည့် အစိုးရဖြစ်သည်။ Read the rest of this entry »

 
Leave a comment

Posted by on April 30, 2010 in Quotable Quotes

 

tight security after bomb blasts


ဗုံးကွဲမှုများအပြီး ရဲစခန်းများ ကိုယ်တိုင် လုံခြုံရေး ဂရုစိုက်ရန် အာဏာပိုင်တို့ ညွှန်ကြား
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၃၀၊ ၂၀၁၀

လွိုင်ကော်ရဲစခန်း ဗုံးကွဲအပြီး မြင်ကွင်းဓာတ်ပုံများမှာ အင်တာနက်တွင် ပျံ့နှံ့နေသည်။

သင်္ကြန်အကြတ်နေ့ ဗုံးကွဲမှုနှင့် ကချင်ပြည်နယ်မြစ်ဆုံ ဗုံးကွဲမှုနောက်ပိုင်း ရန်ကုန်မြို့ရှိ လူအများ စုဝေးရာ ကုန်တိုက် ၊ဈေးဝယ် စင်တာများတွင် သာမက ရဲစခန်းများကိုယ်တိုင် သူတို့၏ လုံခြုံရေး အတွက် စေ့စေ့ စပ်စပ် စစ်ဆေး စောင့်ကြပ် ကြရန် ညွှန်ကြားထားသည်ဟု ရန်ကုန်မြို့မှ ရဲဝန်ထမ်း တစ်ဦးက ပြောဆိုသည်။ Read the rest of this entry »

 
Leave a comment

Posted by on April 30, 2010 in Burma News Headlines

 

USDA party


ကြံ့ခိုင်ရေး ပါတီ လာပြီ
မိုးမခအထောက်တော် အမှတ် ၀၀၂
ဧပြီ ၃၀၊ ၂၀၁၀

ယမန်နေ့က ဖွင့်ပွဲတခုတွင် တွေ့ရသည့် ၀န်ကြီးချုပ် ဦးသိန်းစိန်။ ယခင်က စစ်ယူနီဖောင်းဖြင့်သာ တွေ့ရလေ့ရှိသည့် သူ့ကို ယခုအခါ အရပ်ဝတ်ဖြင့်သာ တွေ့နေရသည်။ (ဓာတ်ပုံ-SPDC)
ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် ၂၇ ဦးက နိုင်ငံရေးပါတီ ဖွဲ့ရန် ကြာသပတေးနေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်လိုက်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ရေးထားသည်။

ဝန်ကြီးချုပ်၏ ပါတီ အမည်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဖြစ်သည်။ Read the rest of this entry »

 
Leave a comment

Posted by on April 30, 2010 in Burma News Headlines

 

Yan Win (Taung Da Gar) – Pyi Taw Win


အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ

ရန်ဝင်း (တောင်တံခါး)

ဧပြီ ၃၀၊ ၂၀၁၀

“အခါတော်ရောက်ချိန် နီးလို့လာပြီလေ

ဒေါ်ဒေါ် မမ နှမ တို့ရေ အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တ ခွဲလို့နေ

မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ

အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ”

ပြည်တော်ဝင်၊ အေဝမ်း ဆရာညှာ

ပြည်တော်ဝင် သီချင်းကို အေဝမ်း ဆရာညှာရေးသည့်အချိန်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးခါစ ဖြစ်လေသည်။ ၁၉၄၅ ခုနှစ်၊ မတ်လအတွင်းက ဗိုလ်မှူးကြီးဗထူး၏ တပ်များက မန္တလေးမြို့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးသည့်နောက် စစ်ဘေးစစ်ဒဏ်သင့် မန္တလေးမြို့ကြီး အတွင်းသို့ မန္တလေးမြို့သူမြို့သားများ တဖွဲဖွဲဖြင့် ပြန်လည်ဝင်ရောက်လာချိန်ဖြစ်လေသည်။ အပျက်အစီးများကြားက မန္တလေးမြို့ကြီးကို ပြန်လည်တည်ဆောက်ကြရန် အားမာန်ပေးသော ပြည်တော်ဝင်သီချင်းကို အေဝမ်း ဆရာညှာ က မင်းကွန်း အရပ်ဒေသမှာ ရေးခဲ့လေသည်။ Read the rest of this entry »

 
Leave a comment

Posted by on April 30, 2010 in For the record

 

Maung Yit – First 4 Months in USA – conflict and confusion – left & right


၂၀၁၀ ခုနှစ် ပထမ ၄ လပတ် အမေရိကန်ပြည်တွင်းရေး ပဋိပက္ခများ

မောင်ရစ်
ဧပြီ ၃၀၊ ၂၀၁၀

https://i0.wp.com/4.bp.blogspot.com/_t2ujAaNeufY/S9oblgtJW4I/AAAAAAAAIVU/LIxw1FTDZ4o/s1600/090924_Clear.jpg

ဟဲ ဟဲ …။ ခေါင်းစဉ်ကို ကြီးကြီးကျယ်ကျယ် လျောက်ရေးတာပါဗျာ။ ပြီးတော့ စာသားတွေက မဖြစ်စလောက် ချိုမိုင်မိုင် က သလိုမျိုး အပေါစားတွေ ရေးမှာပါ။ အရေးကြီးတာက စာခေါင်းစဉ်လောက်ဖတ်ပြီး ဆက်မဖတ်ကြရင် စာဖတ်သူတွေ စိတ်ထဲမှာ အမေရိကန်ပြည်ကြီးမှာ ပြည်တွင်းရေးပြဿနာတွေ ရှိနေပြီ ပဋိပက္ခတွေ ဖြစ်နေပြီလို့ မသိစိတ်က စွဲမှတ်သွားရင် မောင်ရစ် စာရေးရတာ အောင်မြင်ပြီ။

စစ်အေးခေတ်က နှစ်ဖက်ဝါဒဖြန့်သမားတွေက ဒီလိုမျိုးနည်းတွေ သိပ်သုံးတယ်။ “အသက်မပြည့်သူ ကလေးသူငယ်များကို ရှေ့တန်းတွင် အသေခံခိုင်းနေသော သန်းရွှေ ဦးဆောင်သည့် အာဏာရှင်အစိုးရ” ဒါပဲ … စာဖတ်သူတွေက ဒီထက်ပို မဖတ်ပါဘူး။ မသိစိတ်က စွဲသွားပြီပေါ့ဗျာ။  အခုလည်းပဲ ဒီအတိုင်းပါပဲ။ မပြောင်းလဲသေးပါဘူးလို့ ပြောချင်တာပါ။ စကားကို ဆက်ပြောသွားရရင် … Read the rest of this entry »

 
Leave a comment

Posted by on April 30, 2010 in Analysis

 

30th Aprl 2010 – Burmese Journal Headlines Digest


ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုဟ် သာဂိ

ဧပြီ ၃၀၊ ၂၀၁၀

ဗုံးကွဲဖြစ်စဉ် တရားခံသတင်းပေးပါက ငွေ ၁ဝ သိန်း ချီးမြှင့်မည်

ကလေးမြို့နယ်အတွင်း ရေနံမှော်များ ထွက်နှုန်းပြောင်း

၂၀၁၀ သင်္ကြန်မဏ္ဍပ်များ ယခင်နှစ်အင်လျားကို မမီ၊ အမြတ်အစွန်းနည်း

ဂျီအက်စ်အမ်ဖုံး ခေါ်ဆိုခများ ဧပြီ ၃၀ နောက်ဆုံးထား ပေးကြရန်

တန်ဖိုးငယ် ဟောင်းနွမ်းငွေစက္ကူများကို အကန့်အသတ်မရှိ ဘဏ်မှာ လဲပေးနေပြီ

၂၀၁ဝ သင်္ကြန်မှာ ရန်ကုန်စည်ပင်အတွင်း ယာဉ်တိုက်မှုဖြင့် လူ ၅ ဦးသေ၊ ၃၃ ဦး ဒဏ်ရာရ

မြန်မာပြည်မှာ စက်မှုဇုန်ထုတ် တောင်းအေ့စ် ၂၀၀၄ မိုဒယ် အမေရိကန်ဒေါ်လာ ၂ သိန်း ပေါက်တယ်

ဆန်သီးသန့်စိုက် စံပြစိုက်ပျိုးရေး အထူးဇုန်များ ရန်ကုန်သာမက ရခိုင်ပြည်တွင်လည်း ဖော်ထုတ်

ဂျာနယ်ကာတွန်း ကောက်နုတ်ချက်များ

ပထမဦးဆုံးအကြိမ် မြန်မာအမွှာပူးများ တွေ့ဆုံပွဲ လုပ်ကြမည် – မေ ၃ သန္တိသုခ၊ လူ ၃၀၀ ကျော် စာရင်းသွင်းထားပြီ

၂၀၁၀ သင်္ကြန်ပွဲတော် ဖျော်ဖြေရေး ပုံရိပ်များ

ရန်ကုန်တိုင်းအတွင်း အိမ်ထောင်စုဝင် လူဦးရေစာရင်း ကောက်ယူ

မြန်မာပြည် ငလျင်မြေပုံ ဆွဲကြမည်

သင်္ကြန်အကြပ်က ဗုံးထိလူနာများအတွက် အီလဲဗင်းမီဒီယာက ငွေ ၂၀ သိန်း လှူဒါန်း

ပန်းချီအောင်မြင့်နှင့် တွေ့ဆုံခြင်း – မေသူကျော်

ချောင်းသာတံတားပျက်နေ၍ ငွေဆောင်လမ်းမှပတ်ပြီး ခရီးသွားနေရဆဲ

ပြင်ဦးလွင် ကန်တော်ကြီး နှစ်ဆန်းမှာ လုံခြုံရေးတွေ တိုးမြှင့်ချထား

မန္တလေး ရှင်လောင်းလှည့်ပွဲ စဉ်လာမပျက် စည်ကားစွာ ဆင်နွှဲ

ယခုနှစ် နေပြည်တော်နဲ့ မုံရွာ အပူဆုံး စံချိန်တင်ပြီ


– သည်နေရာကနေ အပြည့်အစုံ ဖတ်နိုင်ပြီ –

 
Leave a comment

Posted by on April 30, 2010 in Journal Digest