RSS

Monthly Archives: April 2011

Daw Suu finally mentioned SPDC failed to keep the promise of dialogue


ဒီပဲယင်းလုပ်ကြံမှုကြီးအပြီး ဆွေးနွေးပွဲကတိတွေလိုက်နာဖို့ စစ်အစိုးရဘက်က ပျက်ကွက်ခဲ့ဟု

ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြောပြီ

ဧပြီ ၂၉၊ ၂၀၁၁ – အာရ်အက်ဖ်အေရေဒီယို ကောက်နုတ်ချက်

၂၀၀၃ မေလ(၃၀)ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ အဲဒီအရေးအခင်း နောက်ပိုင်း၊ ၂၀၀၄ ခုနှစ် မေလ အမျိုးသားညီလာခံ ပြန်မစမီကာလအတွင်း စစ်အစိုးရအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေး ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပထမဦးဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီပဲယင်းအဖြစ်အပျက်အပြီး စစ်အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NLD ခေါင်းဆောင်တွေအကြား  လျှို့ဝှက် ဆွေးနွေးပွဲတွေ အကြိမ်တော်တော်များများ ရှိခဲ့ပါတယ်။ ထိခိုက်နစ်နာသူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရေး အပါအဝင် အချက်(၄)ချက်ကို အာဏာပိုင်တွေက သဘောတူညီခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

  “ ဒီပဲယင်း ကိစ္စအပြီးမှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစကားပြော သဘောတူညီမှုယူခဲ့တဲ့ အချက်တွေက  – Read the rest of this entry »

 
Leave a comment

Posted by on April 29, 2011 in Aung San Suu Kyi, Interview

 

Mar Mar Aye (377)


“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် -၃၇၇
သပျစ်သီးလေးတွေ ချိုပါတယ် …
မာမာအေး
ဧပြီ ၂၉၊ ၂၀၁၁
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ….

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ နှစ်သစ်ဦးမှာ ဆုထူးလဲချွေ၊ ကာင်းမှုတွေလုပ်၊ ဘိုးတော်သိကြားပုရပိုဒ်မှာ မရှုပ် ရအောင်ဆောင် ရွက်ပြီးခဲ့ပြီမို့ ကိုယ့်ရဲ့ရှေ့သို့တွေဆီ ချီတက်ရပေဦးမယ်ပေါ့ရှင်။ မာအေးတို့ အမိနိုင်ငံက ၀န်ထမ်းတော်များလဲ သင်္ကြန်နားရက် တာကထွက်ရတော့မှာကိုး။ သူတို့သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်တွေ ဆယ်ရက်တိုးလာပါလား …. တို့များတုန်းက ဘယ်ကြားဖူးလို့လဲ။ သင်္ကြန်အကြပ် နှစ်ရက်ထပ်ရင်ကို ဘဲ ပျော်လှပြီ။ ငယ်သေးရင် အလုပ်တောင် ပြန်ဝင်ဖို့ကောင်းပါရဲ့။ Read the rest of this entry »

 
Leave a comment

Posted by on April 29, 2011 in Mar Mar Aye

 

Aung Tha Nge’s poem – 22


လွဲမှား တိမ်တိုက်များ …
အောင်သာငယ်
ဧပြီ ၂၉၊ ၂၀၁၁

ငါတို့ဟာ
ဘဝရဲ့ အဓိပ္ပာယ်မရှိမှုတွေ ကြားထဲမှာ
လွဲမှားမှုတွေရဲ့ အဓိပ္ပာယ်ကို အဓိပ္ပာယ်ရှိရှိ ရှာခဲ့ရ …

နင်ရော ငါရော …
လွှင့်ချင်ရာကို လွှင့်ရင်း … က …
လွင့်ချင်ရာကို လွင့်ခဲ့ရတဲ့ … ကြိုးပြတ် စွန် နှစ်ကောင် …

ဒဏ်ရာ တထောင်ကို ထမ်းပိုးထားတဲ့ စာမျက်နှာတခုစီသာ …
မရီမောနိုင်သော စိုထိုင်းဆတွေ အကြီးကြီးနဲ့ …
ငါတို့ရင်မှာ သိပ်သည်းနေတော့တယ် … Read the rest of this entry »

 
Leave a comment

Posted by on April 29, 2011 in Aung Tha Nge, poem

 

Maung Yit – Unity in Diversity


ကာတွန်းမောင်ရစ် – တူတိုင်းလည်း မကောင်းဘူး …

ဧပြီ ၂၉၊ ၂၀၁၁

 
Leave a comment

Posted by on April 29, 2011 in Cartoon Box, Maung Yit

 

Myo Myo May – Today is a new day


https://moemaka.files.wordpress.com/2011/04/candle-aids-ribbon1.jpg?w=300

ဒီနေ့ဟာ အစဖြစ်တယ်

မျိုးမျိုးမေ

(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)

မိုးမခ၊ ဧပြီ ၂၉၊ ၂၀၁၁

         ကျမဘဝကို ပြောပြရရင် နည်းနည်းရှည်ပါလိမ့်မယ်။ သည်းခံပြီး ဖတ်ပေးပါလို့ အနူးအညွတ် တောင်းပန် ပါရစေရှင်။ ကျမနာမည် မျိုးမျိုးပါ၊ အသက် ၃၃နှစ် ရှိပါပြီ… ကျမအမျိုးသားနာမည်က ကိုစောထွန်းပါ… ကျမက …….သူ၊ သူက …….သားပါ၊ သူ့အကိုဆီမှာနေပြီး ပန်းတိမ်လုပ်ငန်းလုပ်ပါတယ်။ ကျမက ကွမ်းယာရောင်း တယ်၊ ကွမ်းယာလာစားရင်းတွေ့ပြီး ကျမတို့ယူလိုက်ကြပါတယ်…

ကိုနဲ့လက်ထပ်ပြီးတော့ ကျမတို့ ရန်ကုန်ကို ပြောင်းခဲ့ကြတယ်။ ရန်ကုန်မှာ ဗွီဒီယိုဖြန့်ချီရေးလုပ်ငန်း လုပ်ပါတယ်။ နယ်တွေဆင်းပြီး ခွေဖြန့်ရပါတယ်။ ဒီလိုနဲ့ပဲ သမီးဦးလေးကို မွေးခဲ့ပြီး၊ ဒီအချိန်ထိ ကျမတို့ မိသားစုလေးဟာ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုလေးပေါ့။ ကျမဘဝမှာ ကျမသိပ်ချစ်တဲ့ကိုရယ်၊ သမီးလေးရယ် ဘာမှ မလိုအပ်တော့လောက်အောင်ပဲ  ပြီးပြည့်စုံသလို အရမ်းကို စိတ်ချမ်းသာ ပျော်ရွှင်ခဲ့ ပါတယ်။

ရန်ကုန်မှာ ၅ နှစ်နေထိုင်ပြီး ကို့ဇာတိဖြစ်တဲ့ မကွေးမြို့မှာပဲ အပြီးတိုင်အခြေချမယ်ဆိုပြီး မကွေးကို ပြောင်းရွေ့ ခဲ့တယ်။ မကွေးမှာပဲ သားငယ်လေးကို မွေးဖွားခဲ့တယ်။ ကလေးဆက်သွားတဲ့အတွက် သမီးနဲ့သားလေးဟာ ၁-နှစ်ပဲကွာလိုက်တယ်။ ကိုဟာ ပန်းတိမ်လုပ်ငန်းကို ပြန်လုပ်ခဲ့ပါတယ်။ ကျမရယ် ကိုရယ်၊ သမီးလေးရယ်၊ သားလေးရယ်၊ မိသားစု ၄ ယောက်ဟာ ဘာမှပြဿနာမရှိ၊ အေးချမ်းစွာပဲ ပျော်ရွှင်ခြင်းတွေနဲ့ နေထိုင် လာခဲ့ ကြတုန်း ကျမရဲ့ကို ခဏခဏ ဖျားလာပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on April 29, 2011 in Contemporary Experience

 

Translated by May Ka on “Twilight over Burma by Inge Sargent ” # 8


https://lh6.googleusercontent.com/-06LMsqreU8g/TW7SHTs2U7I/AAAAAAAAVaY/vk9O4gcIqc4/s1600/Prince%2526Princess.jpg

မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး – ၈

မေခ

ဧပြီ  ၂၁၊ ၂၀၁၁

မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု

(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)

နေ့စဉ်ပင် သုစန္ဒာအဖို့ အံ့သြစရာတွေ ချည်းတွေ့နေရလေသည်။ ခံစားချက်အသစ်များကို ရင်ထဲသိမ်းဆည်းထားပြီး အံ့သြဖွယ် ညနေခင်းကျတော့မှ ၀ရံတာမှာထွက်ထိုင်ရင်း စ၀်ကိုပြောပြလေသည်။ သူတို့နှစ်ယောက် ယခုတိုင် အင်္ဂလိပ်လိုပင်ပြောကြသည်။ သူတို့စတွေ့ကြကတည်းက အင်္ဂလိပ်လိုပြောသည်။ နောက်ပိုင်းကျတော့မှ တိုးတက်လာပြီး သုစန္ဒာသည်တရားဝင်စကားဖြစ်သော  မြန်မာစကား တိုင်းယိုင်စကားတို့ကိုပါပြောလာနိုင်လေသည်။

စ၀်က သုစန္ဒာကို တိုင်းယိုင်စကား၏ အဓိက အသံ ၅မျိုးကို စိတ်ရှည်လက်ရှည်ဖြင့် လေ့ကျင့် သင်ပေးခဲ့သည့်အတွက် စ၀်ကို သူမ ကျေးဇူးတင်ရသည်။ စကားလုံး၏အဓိပ္ပါယ်ပေါ်မူတည်ပြီး အသံအနိမ့်အမြင့် ကိုရွေးပြောရသည်။ အသက်ကြီးသောသူ နှင့် လေးလေးစားစားပြောရသောသူတို့ကိုပြောသည့်အခါ သူမ အသံ အနိမ့်အမြင့်ကို သတိထားပြောရသည်။

အသံနိမ့်မြင့်ကိုမှားပြောမိလျှင် စော်ကားသလို ဖြစ်နေလေသည်။  မား   ဟူသော စကားလုံးသည် လာပါ ဟုအဓိပ္ပါယ်ရပြီး မာ  ဟူသောစကားလုံးသည် ခွေး ဟု အဓိပ္ပါယ်ရလေရာ အသံ အနိမ့်အမြင့်ပြောင်းလိုက်တာနှင့် ဒုက္ခများနိုင်လေသည်။

သူမသည် သူ့အိမ်က လူတွေဆွေမျိုးတွေနှင့် ပြင်းပြင်းထန်ထန်လေ့ကျင့်ပြောဆိုပြီးနောက်မှပင် သူမသည် သူတို့ အပေါ်အသံထွက်မှားပြီး အကြိမ်ပေါင်း မည်မျှများ စော်ကားနေမိပါလိမ့် ဟုတွေးမိရတော့သည်။ သူတို့သည် သူမ၏ စိတ်ပျက်စရာကောင်းသော အမှားများကို အလွန်ကြင်နာစွာလက်ခံပေးပြီး သူမ၏ အလေးထားမှုကို ခံယူကြလေသည်။  Read the rest of this entry »

 
Leave a comment

Posted by on April 29, 2011 in May Ka, Serial Translation

 

Local Burmese Journalists raised and donate charity to support political prisoners through NLD


ပြည်တွင်း သတင်းသမားများလည်း နိုင်ငံရေး အကျဉ်းသားများအတွက် ငွေလှူ

ခင်နှင်းလွင် ၊ ရန်ကုန်

ဧပြီ ၂၈၊ ၂၀၁၁

        ပြည်တွင်းသတင်းသမားများက နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများအတွက် ကူညီထောက်ပံ့ငွေ ကျပ် ၂ သိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တဆင့်လှူဒါန်းခဲ့သည်။

ပြည်တွင်းသတင်းသမားများ အနေဖြင့်  နိုင်ငံရေးအကျဉ်းသားများအား စိတ်ဓါတ်ရေးအရ ထောက်ခံအားပေးခြင်း၊ ခံစားနေရသည့် ဒုက္ခများအား ဝေမျှစေလိုသည့် ဆန္ဒဖြင့် မိမိတို့ တတ်နိုင်သရွေ့ ထည့်ဝင်ကြပြီး ပေးလှူခဲ့ကြခြင်းဖြစ်သည်ဟု သွားရောက်လှူဒါန်းသည့်အထဲ ပါဝင်သူ ကိုမြင့်ကျော်က ပြောသည်။ Read the rest of this entry »

 
Leave a comment

Posted by on April 29, 2011 in Local News Headlines

 

Choe Lin Pyar is now on the internet – flying


https://moemaka.files.wordpress.com/2011/04/cholinpyar.gif?w=300

ချိုးလင်းပြာ အင်တာနက် လေဟာပြင်ထဲ ပျံဝဲပြီ

မိုးမခရွာဆော်ကြီး၊ ဧပြီ ၂၉၊ ၂၀၁၁

လက်ခံရရှိတဲ့ အီးမေးကတော့ သည်လိုပါ …

လေးစားရပါသော မိတ်ဆွေများရှင် …

မြန်မာ့အမျိုးသမီးသမဂ္ဂမှ ၂ လတစ်ကြိမ် ပုံမှန်ထုတ်ဝေခဲ့သော ချိုးလင်းပြာ အမျိုးသမီးစာစောင်၏ အွန်လိုင်းစာမျက်နှာကို ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အွန်လိုင်းစာမျက်နှာသို့ ဤလင့်ခ်- http://www.choelinpyar.com/ မှတဆင့် ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ။

အွန်လိုင်းစာဖတ်ပရိသတ်များ၊ အင်တာနက်သုံးသော ပြည်တွင်း ပြည်ပ စာဖတ်ပရိသတ်များ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် အွန်လိုင်းစာမျက်နှာကို စီစဉ်ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ ချိုးလင်းပြာအမျိုးသမီးစာစောင်ပါ အကြောင်းအရာများ အပေါ် ဝေဖန်အကြံပြုချက်များ၊ ဆွေးနွေးမှုများကိုလည်း ကြိုဆိုပါသည်။ Read the rest of this entry »

 
Leave a comment

Posted by on April 29, 2011 in Burmese on the Move

 

Reader from Rangoon – Signature Campaign of Burma by the People for the People


ပြည်သူလူထုကို ကိုယ်စားပြုသော လက်မှတ်ထိုးပန်ကြားလွှာ

မိုးမခစာဖတ်သူတဦး (ရန်ကုန်)

ဧပြီ ၂၈၊ ၂၀၁၁

မြန်မာပြည်က ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့ ရွာတွေမှာ အထက်ပါလှုပ်ရှားမှုတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ယခု သတင်းကြားသိသလောက်က စင်္ကာပူက မြန်မာတွေစုရပ် ပလာဇာမှာ၊ မလေးရှားက မြန်မာတွေအချင်းချင်းကြားထဲမှာ လက်မှတ်ထိုးပန်ကြားလွှာ လှုပ်ရှားမှုတွေ စတင်နေပြီလို့ ဆိုပါတယ်။ အခုမိုးမခသတင်းအရ အမေရိကန်ပြည်ထောင်စုက မြို့နယ်တွေကလည်း နီးစပ်ရာ စတင်လုပ်ဆောင်နေတယ်၊ တိုင်ပင်နေကြပြီ ဆိုတော့ အလွန်ဝမ်းသာမိပါတယ်။

ဆရာကြီး ဦးဝင်းတင်နဲ့ ဒီနေ့မနက် စကားပြောဖြစ်တော့ ဆရာက ၀မ်းသာကြောင်း ပြောပါတယ်။ နှစ်ဆန်းတရက်နေ့က လက်မှတ်ထိုးထားတဲ့ စာရင်းမိတ္တူတွေ အင်တာနက်ပေါ်ရောက်နေပြီဆိုတော့ သူ အံ့သြသွားပါတယ်။ ဖေ့စ်ဘွတ်တွေ ဘာတွေက တဆင့် ရောက်တာနဲ့ တူတယ်လို့ သူက မှတ်ချက်ပေးပါတယ်။ မြန်မာပြည်သူတွေ အားလုံးက ၀ိုင်းပြီး အများကြီး တက်တက်ကြွကြွ ၀ိုင်းကြရမယ်၊ သူတို့တွေကိုယ်တိုင်လည်း အားပေး ထောက်ခံကြတဲ့ လှုပ်ရှားမှုပဲလို့ သူက ပြောပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on April 29, 2011 in Letter from readers

 

Than Win Hlaing – Dr. Ba Maw


မြန်မာ့သမိုင်းတကွေ့မှ အဓိပတိကြီး ဒေါက်တာဘမော်

သန်းဝင်းလှိုင်

ဧပြီ ၂၈၊ ၂၀၁၁

ဒေါက်တာဘမော်သည် ကိုလိုနီခေတ်၊ ဂျပန်ခေတ်၌ ထင်ရှားခဲ့သော ပထမဆုံး ပါရဂူဘွဲ့ရ နိုင်ငံရေးသမားနှင့် ခေါင်းဆောင်တဦးဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ နိုင်ငံရေးတွင် ကျင်လည်၍ နိုင်ငံရေးပါး ဝသည်။ ထို့ပြင် မြန်မာတိုင်းရင်းသားများထဲမှ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် ပထမဆုံးသော ကထိကရာထူးရခဲ့သူဖြစ်ပြီး၊ လန်ဒန် ဂရေးအင်းဥပဒေကျောင်းမှ (Bar of Law) ဝတ်လုံဘွဲ့နှင့် ပြင်သစ်နိုင်ငံ ဘောလ်ဒိုးတက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (ပါရဂူ)ဘွဲ့ကို ပထမဆုံးရခဲ့သူဖြစ်သည်။ သူသည် ကိုလိုနီခေတ် ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေးကာလတွင် ပညာရေးဝန်ကြီးချုပ်၊ နန်းရင်းဝန် (ဝန်ကြီးချုပ်)၊ ဂျပန်ခေတ်တွင် နိုင်ငံတော်အကြီးအကဲ (အဓိပတိ) တာဝန်များကိုထမ်းရွက်ခဲ့သူ ဖြစ်သည်။

Read the rest of this entry »