RSS

Monthly Archives: March 2009

Eain Thi’s poem 02


အမိမြေ
အိမ်သီ (သာယာဝတီ)
မတ် ၂၉၊ ၂၀၀၉


ရင်ထဲ
အမြဲ ထာဝရ
သိမ်းဆည်းထား
မွန်းကြပ်လာတိုင်း
ပို ပို သတိတရ နဲ့  လွမ်း ..

တခါ တရံ
မတူတဲ့သူတွေကြား
ကြိုးစား ပမ်းစား
ထုတ် ထုတ်ပြီး ကြွား ..

တပါးသူ ရဲ့
သယံဇာတတွေထဲ
စီးမျောနေပေမယ့်
ဒီနေ့အထိ
သူနဲ့ကြီးပြင်းနေတုန်းပဲ……….။

 
Leave a comment

Posted by on March 29, 2009 in poem

 

Arsenic in drinking water


မြန်မာ နဲ့ အာရှရဲ့ ရေအဆိပ်သင့်မှု
ကျော်ကျော်
မတ် ၂၈၊ ၂ဝဝ၉

တောင်အာရှဒေသက လူသန်းပေါင်း ၁၄ဝ ကျော်တို့ဟာ arsenic ခေါ် ဓာတုစိန် အဆိပ် သင့်နေတဲ့ ရေကို နေ့စဉ် သောက်သုံးနေကြပြီး ဘင်္ဂလားဒေ့ရှ်၊ ကမ္ဗောဒီးယား၊ အိန္ဒိယ၊ မြန်မာ နဲ့ ဗီယက်နမ် နိုင်ငံတို့မှ လူထောင်ပေါင်းများစွာဟာ ဓာတုစိန် အဆိပ်သင့်ပြီး ကင်ဆာရောဂါနဲ့ သေဆုံးနေရပါတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း(WHO) က ထုတ်ဖော်ထားပါတယ်။ သမိုင်းမှာ အကြီးမားဆုံးသော အဆိပ်သင့်မှုလို့ ကျန်းမာရေး ပညာရှင်များက သတ်မှတ်ကြပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on March 29, 2009 in News Features

 

Mar Mar Aye – 270


ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂၇ဝ)
ရွှေပြည်အေးရဲ့ ရွှေမန်းမေ
မာမာအေး
မတ် ၂၉၊ ၂၀၀၉

” – – – – ဆရာအေးဟာ ငယ်တုန်းက အဆိုကောင်းတဲ့ အကြောင်း ကြားဖူးတယ်၊ လိုအပ်ရင်မှ ဆိုတော့တာလို့ ပြောမိတယ်မို့လား။ ရွှေမန်းမေ မူရင်းသီချင်းရဲ့ တာထွက်မှာ ဆရာနဲ့ စန္ဒရားဦးအောင်သန်းတို့ ဆိုပေးတယ်ရှင့် – – – – -” Read the rest of this entry »
 
Leave a comment

Posted by on March 29, 2009 in Mar Mar Aye

 

Aung Way, Maung Lun Ni & Thit Kaung Eain – Tribute to Kyi Aung


ကျားဖမ်းသူ ရွှေဘိုမြင်း ဦးညွတ်ခြင်း

အောင်ဝေး၊ မောင်လွမ်းဏီ၊ သစ်ကောင်းအိမ်

မတ် ၂၈၊ ၂၀၀၉

ကျားဖမ်းသူသို့ တမ်းချင်း
အောင်ဝေး

ကိုလွမ်းဏီရေ…
ငို စမ်း ဒီနွေ

အို…လွမ်းပြီလေ။ Read the rest of this entry »

 
Leave a comment

Posted by on March 29, 2009 in Poems

 

Stamps in Jap colonial period


ဂျပန်ခေတ် တံဆိပ်ခေါင်းများ
ဦးအုန်းကျော်
မတ် ၂၈၊ ၂၀၀၉

“ဂျပန်တွေ တို့ပြည်ကို ၁၉၄၂ ကနေ ၁၉၄၅ အထိ ၃ နှစ်လောက် အုပ်ချုပ်သွားခဲ့တယ်။ အဲဒီ ၃ နှစ်အတွင်း ထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်းတွေအကြောင်း မင်းကို ဦးလေး ပြောပြရဦးမယ်”

“အခုလက မတ်လ ဆိုတော့ ဂျပန်တော်လှန်ရေးကို သတိရစရာပေါ့နော်” Read the rest of this entry »

 
Leave a comment

Posted by on March 29, 2009 in For the record, History

 

stupa in old and new Bagan


ပုဂံလက်သစ် ဘုရားစေတီအထွတ်များ
ရန်ဝင်း (တောင်တံခါး)
မတ် ၂၈၊ ၂၀၀၉

ပုဂံဘုရားတွေရဲ့ ထိပ်ဆုံးမှာ မူလက ဘာရှိခဲ့သလဲ။ ထီးလား အထွတ်လား၊ ကွန်းတောင်ရဲ့ အထက်စေတီက ဘယ်လိုပုံစံများ ရှိခဲ့မလဲလို့ သိချင်တဲ့သူ တော်တော်ပဲ များလိမ့်မယ်။

ဒီနေ့ ပုဂံကိုဘုရားဖူးပဲ ဖြစ်ဖြစ်၊ လေ့လာရေးပဲ ဖြစ်ဖြစ်၊ ရောက်ကြမယ်ဆိုရင် ပထမဦးဆုံးသတိပြုမိကြမှာက ပုဂံဘုရားအများစုကို ပြုပြင်ထားပြီးပြီ ဆိုတာပါပဲ။ အရင်တုန်းက ရောက်ဖူးပြီးသားဆိုရင် ပိုပြီး သတိထားမိကြပေလိမ့်မယ်။ Read the rest of this entry »

 
Leave a comment

Posted by on March 28, 2009 in Variety Article

 

Aung Way recites 2 Poems by Kyi Aung


အောင်ဝေးရွတ်တဲ့ ကြည်အောင့် ကဗျာ ၂ ပုဒ်

မိုးမခ

မတ် ၂၇၊ ၂၀၀၉

အမေရိကန်ပြည်ရောက် ကဗျာဆရာ အောင်ဝေးက ဆရာ (ဦး)ကြည်အောင် ကွယ်လွန်ခြင်း ဝမ်းနည်းခြင်း အမှတ်တရအဖြစ် သူအမြဲတန်း စာပေဟောပြောပွဲများတွင် ရွတ်ဆိုလေ့ရှိသည့် ဆရာ့ကဗျာ ၂ ပုဒ်ကို ရွတ်ဆို ပေးလိုက်သည်။ Read the rest of this entry »

 
Leave a comment

Posted by on March 28, 2009 in Poems