RSS

Monthly Archives: May 2010

Mar Mar Aye -331


“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၃၁)

ဆေးစက်ကျရာ အရုပ်ထင်တဲ့ သုမောင်
မာမာအေး
မေ ၃၁၊ ၂ဝ၁ဝ

မာအေးချစ်တဲ့ သောတရှင်တွေ၊ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ –
ပြီးသွားတဲ့ တပတ်မှာ သွားနှင့်လေသူ မောင်ငယ် သုမောင်ကလေး ကိစ္စပြောနေပါတယ်။ စာရေးဆရာလည်း ဖြစ်တယ်၊ ရုပ်ရှင်ဇာတ်လိုက် အဆိုတော် ဆိုတော့ ပြောစရာတွေ ရှိသေးတာပေါ့။ နောက်တပတ်ကျ ပြောဦးမယ်လို့လည်း ပြောထားတယ်မို့လား။ Read the rest of this entry »

 
Leave a comment

Posted by on May 31, 2010 in Mar Mar Aye

 

Last week of May 2010 – FFSS Yangon Activity


မေလ ပဉ္စမပတ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လှုပ်ရှားမှုများ

(ကို) ကျော်သူ ဝေမျှမှု၊ မိုးမခက ပြန်လည်တင်ဆက်သည်

မေ ၃၁၊ ၂၀၁၀

ပြည်မြို့ အလှူဒါန (၂၅.၅.၂၀၁၀)

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်တွင်း ပြည်ပမှ ရေအလှူရှင်တို့ ပံ့ပိုးမှုတို့ကြောင့် ၂၅.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် ပြည်မြို့၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရေဘေး ဒုက္ခရောက်နေသော ရွာများသို့သွားရောက်ပြီး အ၀ီစိတွင်းများ တူးဖော်ပေးရန်အတွက် နယ်ခံ ပြည်သူလူထုနှင့် ရွာခံ ဆရာတော်၊ သံဃာတော်များနှင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။ Read the rest of this entry »
 
Leave a comment

Posted by on May 31, 2010 in Contemporary Experience

 

30th May 2010 – MoeMaKa Radio


မေလ ၃၀၊ ၂၀၁၀ – မိုးမခရေဒီယို

ကျန်းမာကြပါစေ – သုမောင် (ထင်ပေါ်ကျော်ကြား ကွယ်လွန်သူများ အမှတ်တရ)

သတင်းတိုထွာ၊ သီချင်းပဒေသာ

တိုင်းမဂ္ဂဇင်း အထူးထုတ် ဟီးရိုး၁၀၀ မှ နေဘုန်းလတ် (မောင်စွမ်းရည်၊ မိုးမခ)

မင်္ဂလာဈေးရဲ့ မငြိမ်းနိုင်တဲ့ သောကမီး – မိုးယံ (ဧရာဝတီ)

ငိုရသော ကာတွန်းများ – မောင်ရစ်၊ မိုးမခ

ဆစ်ဒနီတလွှား သတင်းစကား

စောဝေရဲ့ ထောင်ထွက်နှုတ်ခွန်းဆက် ကဗျာသစ် (ဘားမားတူဒေး)

ထက်ထက်မိုးဦးသတင်းစုံ – မိုးမခ အီးလ်မေး

မင်္ဂလာဦးည ပါပါလေးဟာသ – ဒီဗွီဘီ

မီးနဲ့ရေနဲ့ နောက်ဆုံးသတင်းများ

စိတ်ရောဂါနဲ့ တေးသံသာ – မောင်လူအေး၊ ဆစ်ဒနီ (ပြည်ပဆရာဝန်များ မေလထုတ် မဂ္ဂဇင်း)

စီစဉ်တင်ဆက်သူများ – ဦးပန်တျာ၊ နှင်းမြတ်ခိုင်၊ နန်းဖောဆေးဝါး

 
Leave a comment

Posted by on May 31, 2010 in Radio Program

 

Than Soe Hlaing – Electricity Outage – a cause of fire outbreak in Mingalar Zay


မမှန်သော လျှပ်စစ်မီးကြောင့် လောင်ရသောမီး

သန်းစိုးလှိုင်

မေ ၃၁၊ ၂၀၁၀

မေလ ၂၄ ရက် တနင်္လာနေ့၏ နံနက်ခင်း၊ နေရောင်သာသာယာယာ ရှိသော်လည်း ကောင်းကင်သို့ မင်္ဂလာဈေးအဆောက်အဦ အပေါ်ဆုံးထပ်မှ မီးခိုးများက အူပြီးတက်လျက်ရှိသည်။ အချိန်ကား ၉ နာရီကျော်ရုံရှိသေးသည်။ လူအုပ်ကြီးမှာ မင်္ဂလာဈေးရှေ့ ဗညားဒလလမ်းမပေါ်မှာသာမက ဈေးရှေ့မှ လမ်းသွယ်တွေထဲမှာပါ စုဝေးပြီး ဈေးမီးလောင်နေသည်ကို စောင့်ကြည့်နေကြသည်။

လမ်းဘေး ကွမ်းယာဆိုင်ကလည်း ဆိုင်ကိုဝိုင်းပြီး ရပ်နေသည့် လူအုပ်အကြားမှာ ကွမ်းယာရောင်းရင်း မီးအခြေအနေကို စိတ်ဝင်တစားကြည့်နေသည်။ ကွမ်းယာရောင်းသူကို မီးဘယ်တုန်းကစလောင်လဲ လို့မေးလိုက်တော့ “၈ နာရီကျော်ကျော်က အခုလောင်တာ ၁ နာရီမပြည့်သေးဘူး။ အခုပုံဆို မီးကို နိုင်ပါ့တော့မလား၊ အစောပိုင်းကတော့ ဈေးစည်ပင်ကတာဝန်ရှိသူတွေက စိတ်မပူနဲ့ပြောခဲ့တာ။ အခုတော့ မီးရှိန်ကတက်လာနေပြီ။” Read the rest of this entry »

 
Leave a comment

Posted by on May 31, 2010 in News Features

 

Cartoon Beruma – Fire outbrak in Burma unstoppable


https://i0.wp.com/3.bp.blogspot.com/_t2ujAaNeufY/TAMnvQ6Uc2I/AAAAAAAAKYQ/henl20pOR_Y/s1600/Beruma083.gif

ကာတွန်း ဘီရုမာ – မီးဘေးရှောင် မလောင်ခင်တား၊ လောင်မိရင် ဘေး – ကုန်မှ ငြိမ်း

မေ ၃၁၊ ၂၀၁၀

 
Leave a comment

Posted by on May 31, 2010 in Cartoon Box

 

Water Charity Drive for Burma – SF Bay Burmese


မေတ္တာမိုးကောင်းကင် – ရေအလှူရှင်များရဲ့ အကြင်နာရောင်စဉ် ဈေးရောင်းပွဲတော် ဖိတ်စာ

မိုးမခရွာဆော်ကြီး (အရှင်ဦးဉာဏိက ထံမှတဆင့် ကူးယူဖော်ပြသည်)

မေ ၃၁၊ ၂၀၁၀

ထမင်းအသက် (၇) ရက် ၊ ရေအသက် တမနက်ရယ်လို့ မြန်မာ့ဆိုရိုးစကားရှိပါတယ်။ ဘဝရှင်သန်ရေးအတွက် သောက်ရေတခွက်ဟာ ဘယ်လောက်အရေးပါကြောင်း ညွှန်းဆိုတဲ့ စကားတခွန်းပါ။ သောက်စရာ ရေပြတ်လပ်နေတဲ့ မွေးရပ်မြေရှိ ညီနောင်သွေးချင်းတို့အတွက် ကျနော်/ကျမတို့ရဲ့ စာနာမှုနဲ့အတူ အကြင်နာမေတ္တာ မိုးရေစက်တို့ကို သွန်းလောင်း ဖြန့်ဝေပေးခြင်းဖြင့် အသက်ဆက် ရှင်သန်ပေးကြပါစို့လား။ ရေအလှူဆိုတာ အာယုဒါန-အသက်အလှူတခုပါ။

ရရှိသော အလှူငွေများကို ရေအလှူ ပြုလုပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ပေးပို့လှူဒါန်းပါမည်။ Read the rest of this entry »

 
Leave a comment

Posted by on May 31, 2010 in Burmese on the Move

 

Khet Mar Short Story


ပီတိ သစ်ပင်

ခက်မာ

မေ ၃၀၊ ၂၀၁၀

ထင်းမီးဖိုမှ မီးခိုးမအူဘဲ မီးညွန့်တွေ တရှိန်ရှိန်တောက်နေလျှင် အဘွားက ပြုံးနေတော့သည်။ ထမီရင်လျားကို အခါခါပြင်ဝတ်ပြီး မီးဖိုပေါ်မှ ပီလောရွက်ဟင်းချိုကိုလည်း အခါခါမြည်းသည်။

“ထင်းခွေတော်တဲ့နေရာမှာတော့ ငါ့မြေးက စံပဲ”

အဘွားက ပြောနေကျစကားကိုပြောသလို ကျွန်မကလည်း လုပ်နေကျအတိုင်း အဘွားကိုမျက်လုံးပြူး၍ စိုက်ကြည့်နေလိုက်သည်။ အဘွားချီးကျူးတာကို ရင်ထဲမှာကျေနပ်ပေမယ့် ဘယ်လိုတုံ့ပြန်ရမည်မှန်း မသိပါ။ Read the rest of this entry »

 
Leave a comment

Posted by on May 30, 2010 in Short Stories

 

Maung Thara – Oil Spill in US


ကမ်းလွန်ရေနံ ပြဿနာ

မောင်သာရ

မေ ၃၀၊ ၂၀၁၀

သိတယ်နော် …၊ လွန်ခဲ့တဲ့လ ၂၀ ရက်နေ့ကတည်းက America ရဲ့ ကမ်းလွန်ရေနံတွင်းတတွင်းတူးရာက ပေါက်ကွဲမီးလောင်ပြီး နေ့စဉ် ရေနံစိမ်းဂါလံပေါင်း နှစ်သိန်းလေးသောင်း (အခုနောက်ဆုံး ခန့်မှန်းချက်က ငါးသိန်း တသောင်း) ပင်လယ်ထဲ ယိုဖိတ်ပြန့်နှံ့ မျောပါနေတယ်ဆိုတဲ့ သတင်းလေ။

ရေနံစိမ်းတွေက ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ချောကလက်ပျော့ကြီးလို လေးလက္မထုလောက်ရှိနေပြီး လေနဲ့လှိုင်းနဲ့ ရေစီးကြောင်းနဲ့အတူ အမေရိကားရဲ့ ကမ်းရိုးတန်းပြည်နယ် သုံးပြည်နယ်ရဲ့ ကမ်းခြေနေ ပြည်သူတွေနဲ့ ရေလုပ်ငန်းတွေကို ဒုက္ခပေးတော့မယ်။ ပေးစလည်း ပြုနေပြီတဲ့။ ပင်လယ်ငါးပုဇွန်ဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြရတဲ့ ရေလုပ်သားပေါင်း လေးသန်းကျော်ရဲ့ စားဝတ်နေရေးဘဝတွေလည်း ထိခိုက်တော့မယ် တဲ့။ Read the rest of this entry »

 
Leave a comment

Posted by on May 30, 2010 in Variety Article

 

Letters from Michigan – 7


မစ်ရှီဂန်မှ ပေးသောစာ – ၇
အောင်ဝေး
မေ ၃၀၊ ၂၀၁၀

မိတ်ဆွေကြီး ကိုဒေါင်း –

ကျန်းခံ့သာလို့ မာပါစ။ ဒီတခါတော့ ရေခြားမြေခြားမှာ အိမ်လွမ်းစိတ်နဲ့ပဲ နေထိုင်ရကြောင်း၊ အိမ်လွမ်း စိတ္တဇကြောင့်ပဲ ဆရာမြသန်းတင့်ကို သတိရသွားမိတဲ့ အကြောင်း ပြောပြချင်တယ်။

မကြာသေးခင်က ဒီမှာ နာမည်ကျော် စာရေးဆရာကြီး J.D. Salinger အသက် (၉၁) နှစ် ကွယ်လွန်သွားပါတယ်။ သူဟာ မြန်မာစာဖတ် ပရိသတ် သိကြတဲ့ The Catcher in the Rye ဆိုတဲ့ ဝတ္ထုကို ရေးခဲ့တဲ့ J.D. Salinger ပါပဲ။ ဒီသတင်း ကြားတော့ ဆရာမြသန်းတင့်ကို သတိရလိုက်တာဗျာ။ ဆရာမြသန်းတင့်က The Catcher in the Rye ကို “လေလွင့်သူ” ဆိုပြီး မြန်မာပြန်ခဲ့တာ လူတိုင်း ကြိုက်ခဲ့ကြတာ မဟုတ်လား။ Read the rest of this entry »

 

2010 – 5th Shwe Amyu Tay Award held in Rangoon


(ဦး) ဝင်းငြိမ်း၏ ပဉ္စမအကြိမ်မြောက် ရွှေအမြုတေစာပေဆုပေးပွဲ ခေတ်ပေါ် အဆိုအကများနဲ့ ကျင်းပ

မိုးယံမခ – ရန်ကုန်

မေ ၃၀၊ ၂၀၁၀

ပရိသတ်များ
ဂျင်နီ။ ခေမီကို။ Read the rest of this entry »
 
Leave a comment

Posted by on May 30, 2010 in News Features