RSS

Monthly Archives: December 2009

male or female?


ထိုင်းဘောလုံးသမားတဦးကို မြန်မာတို့ ကျားမ မကွဲပြား
မိုးမခအထောက်တော် ရန်ကုန်
ဒီဇင်ဘာ ၃၁၊ ၂ဝဝ၉

အသက် ၂၄ နှစ်အရွယ် ထိုင်းဘောလုံးသမား KANJANA SUNG-NGOEN

ထိုင်း-မြန်မာ အမျိုးသမီးဘောလုံးပွဲတပွဲတွင် ထိုင်းအသင်းဘက်မှ ပါဝင်ခဲ့သည့် အားကစားသမားတဦးသည် အမျိုးသား ဖြစ်ဖွယ်ရှိသည်ဟု ရန်ကုန်မြို့ထုတ် ဂျာနယ်များတွင် ရေးသားထားကြသည်။

ထိုအားကစားသမားမှာ KANJANA SUNG-NGOEN ဟု အမည်ရပြီး လာအိုနိုင်ငံတွင် ဒီဇင်ဘာ ၆ ရက်နေ့က ပြုလုပ်သည့် ထိုပွဲစဉ်တွင် ပါဝင်ခဲ့သည်၊ ထိုပွဲတွင် မြန်မာ နှင့် ထိုင်းတို့ ၂ ဂိုးစီ သရေကျခဲ့သည်ဟု ဆိုသည်။ Read the rest of this entry »

 
Leave a comment

Posted by on December 31, 2009 in Burma News Headlines

 

new year thought


သက္ကရာဇ်တစ်ခုကို ကျော်ဖြတ်ခြင်း
ထိန်လင်း
ဒီဇင်ဘာ ၃၁၊ ၂ဝဝ၉

နှစ်ဟောင်းတစ်ခုကနေ နှစ်သစ်တစ်ခုကို ကူးပြောင်းတဲ့အခါ သက္ကရာဇ်တစ်ခုကိုလည်း ကျော်ဖြတ်ကြရတာဖြစ်ပါတယ်။ အဲဒီလို ကျော်ဖြတ်တဲ့အခါ အချိန်ကာလတွေနဲ့အတူ တခြားသောအရာတွေကိုလည်း ကျော်ဖြတ်ကြရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နှစ်တစ်ခု ကုန်ဆုံးလိုက်ရပြီဆိုတာနဲ့ တခြားသောအရာတွေကိုပါ ကုန်ဆုံးလိုက်ရတဲ့သဘော ရှိနေပါတယ်။

ကျနော်စဉ်းစားလိုက်မိတဲ့အကြောင်းကတော့ အချိန်တွေနဲ့အတူ ဆုံးရှုံးသွားရတဲ့အရာတွေအကြောင်းပါ။ ဒါက အများကြီးပါပဲ။ အဲဒီအထဲမှာ ပထမဆုံး ကျနော်တို့ဆုံးရှုံးလိုက်ရတာက ကျနော်တို့တွေရဲ့ အရွယ်တွေဖြစ်ပါတယ်။ သက္ကရာဇ်တစ်ခုကို ကျော်ဖြတ်လိုက်တာနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း ကိုယ်က ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမှုတွေ ဘယ်လောက်ပဲရှိရှိ ကျနော်တို့အသက်တွေက ၁ နှစ် အိုမင်းသွားကြပါပြီ။ ငယ်တုန်းမှာ အသက် ၁ နှစ်ကြီးတာက အရွယ်ပိုရောက်လာတယ်လို့ ဆိုလို့ရပေမယ့် အသက်အရွယ် တစုံတရာကြီးရင့်လာတဲ့အခါကျတော့ အိုမင်းလာပြီ၊ ကြီးရင့်လာပြီဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးကြရမှာဖြစ်ပါတယ်။ ဒါကတော့ အသက်အရွယ်နဲ့ပတ်သက်လို့ ဆုံးရှုံးမှုဖြစ်ပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on December 31, 2009 in Thoughts

 

Burmese Great Newspaperman Ludu U Hla 100th Anniversary in January 2010


လူထုဦးလှ နှစ် ၁၀၀ ပြည့် ဂုဏ်ပြုကြမည်
မိုးမခအထောက်တော် ၀၀၃
ဒီဇင်ဘာ ၃၁၊ ၂၀၀၉

ယမန်နေ့က မိုးမခ၏ အကြံပေးနာယကတဦးဖြစ်သူ ဆရာ မောင်စွမ်းရည်က ပြောကြားရာတွင် လာမည့် ၂၀၁၀ ဇန်န၀ါရီလတွင် မြန်မာပြည်၏ စာနယ်ဇင်းရှေ့ဆောင်မီးရှူးတိုင်ကြီး တဦးဖြစ်သူ သတင်းစာဆရာ၊ စာရေးဆရာကြီး လူထုဦးလှ၏ မွေးနေ့ နှစ် ၁၀၀ ပြည့်မည် ဖြစ်ရာ အနယ်နယ်အရပ်ရပ်က လူထုဦးလှ ရာပြည့်ကို အမှတ်တရ လုပ်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားသည်။ Read the rest of this entry »

 
Leave a comment

Posted by on December 31, 2009 in Local News Headlines

 

Than Soe Hlaing – Burmese Phone Calling Charg to be surged into triple


၂၀၁၀ နှစ်သစ် – တယ်လီဖုန်းပြောဆိုခများ ရုတ်တရက် ဈေးမြင့်တက်
သန်းစိုးလှိုင်၊ ရန်ကုန်
ဒီဇင်ဘာ ၃၁၊ ၂၀၀၉
အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျင် တယ်လီဖုန်းလိုင်းဈေး အမြင့်မားဆုံး ဖြစ်သည့် မြန်မာနိုင်ငံတွင် မြို့တွင်း နယ်ဝေးပြောဆိုခများကို မနက်ဖြန် ဇန်န၀ါရီလ ၁ ရက်နေ့မှစတင်ပြီး ၃ ဆကျော် တိုးမြှင့်မည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးဝန်ထမ်းတဦးက ပြောဆိုသည်။
ယနေ့အထိ မြို့တွင်းပြောဆိုခ တမိနစ် ၁၅ ကျပ် သတ်မှတ်ထားသည့် လိုင်းဖုန်းခေါ် ကြိုးဖုန်းများနှင့် စီဒီအမ်အေ ခြင်းဖုန်းများ၊ တမိနစ် ၂၅ ကျပ် သတ်မှတ်ထားသော မိုဘိုင်းဖုန်းများ အားလုံးကို အထွက်ခေါ်ဆိုခ တမိနစ်လျင် ကျပ် ၅၀ သို့တိုးမြှင့်လိုက်သည်ဟု ရန်ကုန်မြို့ အော်တိုအိတ်ချိန်းရုံးမှ ဆက်သွယ်ရေးဝန်ထမ်းတဦးက ပြောဆိုသည်။
 
Leave a comment

Posted by on December 31, 2009 in Local News Headlines

 

Looking Back 2009 – November news headline & photo


၂၀၀၉ ကို ပြန်ကြည့် –  နိုဝင်ဘာလ သတင်းဓာတ်ပုံနဲ့ ခေါင်းစဉ်

ဝက်မာစတာ သာဂိ
ဒီဇင်ဘာ ၃၁၊ ၂၀၀၉

အိုဘားမားက သိန်းစိန်ကို ဒေါ်စုလွှတ်ပေးဖို့ တောင်းဆို Read the rest of this entry »
 
Leave a comment

Posted by on December 31, 2009 in For the record

 

Win Myat – Delimma in 2010 – To Vote or Not To Vote, tis a life


၂၀၁၀ မှာ ပေးရခက် ရွေးရခက်မယ့် ဘ၀များ
ဝင်းမြတ်၊ ရန်ကုန်
ဒီဇင်ဘာ ၃၀၊ ၂၀၀၉

လေးတန်းအထိသာကျောင်းနေခဲ့ဖူးတဲ့ ရယက အတွင်းရေးမှူး ကိုတင့်မျိုး (၄၂ နှစ်)ဟာ နိုင်ငံရေး ဆိုတာကို သေသေချာချာ နားလည်သူတစ်ယောက် မဟုတ်ပါဘူး။ သူနေထိုင်တဲ့ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အားသွန်ခွန်စိုက် လုပ်ဆောင်သူတစ်ဦးသာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် အခြေဥပဒေကို စာအုပ်တောင် မြင်ဖူးသူ မဟုတ်ပေမယ့် မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရရဲ့ ၁၅ နှစ်ကြာ ရေးဆွဲခဲ့ရတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ ပြည်သူ့ဆန္ဒခံယူပွဲမှာ သူ့ကျေးရွာမဲရုံကို တာဝန်ယူ ဦးစီးပြီး ထောက်ခံမဲတွေရအောင် လုပ်ခဲ့ရသူပါ။ Read the rest of this entry »

 
Leave a comment

Posted by on December 31, 2009 in News Features

 

Quotes in Dec 2009


မိုးမခ၏ ဒီဇင်ဘာလ စာကိုး၊ စကားကိုး
ဒီဇင်ဘာ ၊ ၂၀၀၉

ကာတွန်း အဖွဲ့ ကွဲသွားတာရယ်လည်း မဟုတ်ဘူး။ စကားများပြီး နားလည်မှုတွေ လွဲပြီး အဖွဲ့ကွဲသွားခဲ့တာ မဟုတ်ဘူး၊ ကျန်နှစ်ယောက်က မအားတော့ ဒီအလုပ်ကို ဆက်မလုပ်ဖြစ်တာပါ။ ဒီတော့ သမီးဘာသာသမီး ဆက်လျှောက်တယ်။ တစ်ခါတလေ စိတ်အားငယ်တယ်။ ပြီးတော့ တစ်ခါတလေ မျက်နှာငယ်ရတယ်။ အရင်က သမီးတို့ အဖွဲ့က အရမ်းကြီး အောင်မြင်ခဲ့တာ မဟုတ်ပေမယ့် လူသိခဲ့တယ်။ အခု ပျောက်ပြီး သမီးတစ်ယောက်တည်း တစ်ကနေ ပြန်စပြီး ပြန်တိုးရတော့ မျက်နှာငယ်ရတယ်။ အနှိမ်ခံရတယ်။ စိတ်ဓာတ်လည်း ခဏခဏ ကျခဲ့ပါတယ်။ ဒါပေမယ့် သမီး ပြန်လှည့်သွားမှာ မဟုတ်ပါဘူး။
သီရိ၊ ကာတွန်း အဆိုတော်အဖွဲ့ အဖွဲ့ဝင်ဟောင်း
24/7 ဂျာနယ်၊ ဒီဇင်ဘာ Read the rest of this entry »
 
Leave a comment

Posted by on December 31, 2009 in Quotable Quotes

 

Mar Mar Aye – On Our Independence Day


လွတ်လပ်ရေးနေ့မှာ
မာမာအေး
ဒီဇင်ဘာ ၂၈၊ ၂၀၀၉

‘လွတ်လပ်ရေး’ ဆိုတဲ့နေ့
ရောက်တော့မယ်လေ့
တို့မမေ့ပါဘူး
နှစ်သစ်ကူးမှာ …
ရည်စူးကာ တော်လှန်လာတဲ့
ပြည်မြန်မာမျိုးဆက်များကိုလ
အမျှဝေ ရစေတော့ရယ်လို့
ရွှေဝါမြေ ရဟန်းမြတ်မှာဖြင့်
ဆွမ်းကပ်ခါ ဆုပန်တောင်းကြမယ်
မကောင်းပါလား။         ။

(ဒီဇင်ဘာ ၂၆၊ ၂၀၀၉)

 
Leave a comment

Posted by on December 31, 2009 in Mar Mar Aye, poem

 

Khaing Mar Kyaw Zaw – Burmese at the border – 9


နယ်စပ်လမ်းက ဝမ်းတထွာ ၉
ခိုင်မာကျော်ဇော
ဒီဇင်ဘာ ၃၀၊ ၂၀၀၉

ထိုင်းနိုင်ငံ ရနောင်းမြို့ဟာ ငါးလုပ်ငန်းနဲ့ နံမည်ကျော်တဲ့ မြို့တမြို့ဖြစ်ပြီး ငါး၊ ပုဇွန်၊ ကင်းမုံတွေကို နိုင်ငံခြား ပို့ကုန်ဖြစ်အောင် ထုတ်လုပ်နေတဲ့ ငါးပုဇွန်စက်ရုံများစွာရှိတဲ့ မြို့လည်းဖြစ်ပါတယ်။

ရနောင်းမြို့မှာ ဂျပန်၊ ကိုးရီးယားနိုင်ငံတွေကလာပြီး ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖက်စပ်တည်ထောင် ထားတဲ့  ငါးပုဇွန် စက်ရုံတွေရှိပြီး အဲ့ဒီငါးပုဇွန်စက်ရုံတွေမှာ စံချိန်မှီ နိုင်ငံခြားပို့ကုန် ငါး၊ ပုဇွန်တွေဖြစ်အောင် ပုဇွန် တွေကို  ခေါင်းချိုး၊ အခွံချွတ်၊ ကျောခွဲ၊ သန့်စင်၊ ငါးတွေကို အညစ်အကြေးထုတ်၊ ဖြတ်တောက်၊ ချိန်တွယ်၊ ထုပ်ပိုးရတဲ့ အလုပ်တွေကို နေ့စားလရှင်းလုပ်ကိုင် နေကြတာက မြန်မာနိုင်ငံသား အမျိုးသမီးငယ်တွေများပါတယ်။

Read the rest of this entry »

 
Leave a comment

Posted by on December 31, 2009 in Overseas Burmese

 

Looking Back 2009 – October news headline & photo


၂၀၀၉ ကို ပြန်ကြည့် –  အောက်တိုဘာလ သတင်းဓာတ်ပုံနဲ့ ခေါင်းစဉ်
ဝက်မာစတာ သာဂိ

ဒီဇင်ဘာ ၃၀၊ ၂၀၀၉

ချင်းမိုင်မြို့က မြန်မာသီတင်းကျွတ် Read the rest of this entry »

 
Leave a comment

Posted by on December 31, 2009 in For the record