RSS

ဆားတောင်ဆရာတော် ဦးပညာဏိက ပဵံလန်ြတော်မူ

14 Nov

ဆားတောင်ဆရာတော် ဦးပညာဏိက ပဵံလန်ြတော်မူ
ိုံဝင်ဘာ ၁၃၊ ၂၀၀၇

ဘဒ္ဒ န္တ ပညာဏိက(ဆားတောင်ဆရာတော်)၊ သက်တော် (၈၃) နှစ်၊သိက္ခာတော် (၆၄) ၀ါ သည် ၁၃၆၉ ခုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက် (၁၃-၁၁-၂၀၀၇)၊ အင်္ဂါနေ့ နံနက် ၁၀ နာရီ ၄၅ မိနှစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူ ကြောင်းကြားသိရပါသဖြင့် ဆရာတော်ကြီး၏ ဆုံးမသြ၀ါဒများစွာထဲမှ တစ်ခုကို ဖော်ပြလိုက်ပါသည်။

ဆားတောင်ဆရာတော် ဘုရားကြီး

အမြဲဆင်ခြင်နေရမဲ့ တရားက အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတရားသုံးပါးဖြစ်တယ်

လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့ ကိုယ်လုပ်တိုင်းသာဖြစ်နေပါက ဘယ်မှာအနတ္တရှိမည်နည်း။

ပြောတိုင်းမရ စိတ်မညစ်နှင့် ကိုယ်ပြောတိုင်းသာ ရနေပါက ဘယ်မှာအနတ္တရှိမည်နည်း။

ကြံတိုင်းမမြောက် စိတ်မဖောက်နှင့် ကိုယ်ကြံတိုင်းသာ ပြီးမြောက်ပါက ဘယ်မှာ အနတ္တ ရှိမည်နည်း။

ဆင်းရဲကြုံမူ သည်းခံခွင့်လွှတ် ချမ်းသာချည်းသာကြုံနေပါက ဘယ်မှာ ဒုက္ခ ရှိမည်နည်း။

ပျက်စီးတိုင်းလည်း စိတ်မပျက်နှင့် မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာအနိစ္စ ရှိမည်နည်း။

အာရုံဟူသမျှ အာရုံတိုင်းသာ တောင့်တပါက ဘယ်မှာ လောဘရှိမည်နည်း။

အရာရာမျိုး စိတ်မလိုနှင့် အရာရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာ ဒေါသဆုံးမည်နည်း။

သိဥာဏ်မလိုက် သင်မမိုက်နှင့် သိဥာဏ်မရ မိုက်နေပါက ဘယ်မှာ မောဟဆုံးမည်နည်း။

ဗုဒ္ဓတရားမေ့မထားနှင့် ဆုံးမတိုင်းသာကျင့်ကြံပါက ဘယ်မှာနိဗ္ဗါန်ဝေးမည်နည်း။


 
Leave a comment

Posted by on November 14, 2007 in Local News Headlines

 

Leave a comment